menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ ဈေးကွက်နှင့်အရောင်းအဝယ် အခြေအနေ
🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃
▶️ယခုသီတင်းပတ်အတွင်း ပဲမျိုးစုံဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး စားအုန်းဆီဂယက်ကြောင့် ဆီထွက်သီးနှံအချို့သာ အရောင်းအဝယ်ကောင်းနေကြောင်း လေ့လာသိရှိရသည်။
▶️သင်္ကြန်ကာလအပြီး ပဲမျိုးဈေးကွက် အရောင်းအဝယ်ပြန်သွက်နေရာမှ ပို့ကုန်ရငွေအပေါ် ငွေသား ချက်ချင်းရောင်းချရမှုကြောင့် ပိုကုန်သမားများ ပစ္စည်းတင်ပို့မှုမရှိသေးဘဲ စောင့်ကြည့်နေသဖြင့် ပြည်တွင်းပဲဈေးကွက်တွင် ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းလာသကဲ့သို ပြည်တွင်းသုံးပဲများမှာလည်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု သိရသည်။ သို့သော် စားအုန်းဆီတင်သွင်းမှုဂယက်ကြောင့် ဆီထွက်သီးနှံအချိုဈေးကောင်းလာပြီး မြေပဲဆံဈေးမှာ တစ်ပိဿာ ကျပ် ၄,၀၀၀ ကျော်ထိ ပေါက်ဈေးရှိလာသည်။
▶️“ပဲမျိုးဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေတယ်။ ဈေးကွက်ကောင်းတာဆိုလို့ ဆီထွက်သီးနှံ အချို့ပဲ ဈေးကောင်းနေပါတယ်။ အဓိကတော့ စားအုန်းဆီဈေးအရမ်းမြင့်တက်သွားတော့ မြေပဲဆံဈေးက တက်လာတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းတွေ ပို့ကုန်ပဲတွေ ဈေးခပ်အေးအေး ဖြစ်သွားတော့ ဈေးကျဆင်းမှုရှိလာတယ်။ မြေထောက်ပဲဆို တစ်အိတ် ၁၆၈,၀၀၀ ပေါက်ဈေးကနေ တစ်အိတ် ၁၆၀,၀၀၀ လောက်ပဲပေါက်ဈေးရှိတော့တယ်။ ပဲစင်းငုံတစ်အိတ် ၁၃၀,၀၀၀ ဈေး၊ မတ်ပဲတစ်အိတ် ၁၄၀,၀၀၀ လောက်သာပေါက်ဈေးရှိတော့တယ်။ ဒေါ်လာ ကို ၁,၈၅၀ကျပ် အခြေခံ ဈေးဖြစ်သွားတာကနေ ပို့ကုန်သမားတွေ စောင့်ကြည့်နေရာကနေ ပဲမျိုးစုံ ဈေးကွက်မှာ တစ်အိတ်ကျပ် ၁၀,၀၀၀ ဝန်းကျင်ဈေးကျဆင်းသွားတယ်။
▶️"နှမ်းဈေးမှာလည်း ဈေးကွက်ပျောက်နေတယ်။ မြေပဲဆံကတော့ လုံးဆံမြေပဲက တစ်ပိဿာ ကျပ် ၄,၀၀၀ ကျော်သွားတယ်။ ပဲမျိုးစုံဈေးကွက်မှာ ပဲသစ်စပေါ်ကတည်းက တစ်လျှောက်လုံး ဈေးကောင်းလာတာဆိုရင် မြေပဲဆံ တစ်မျိုးတည်းပဲရှိပါတယ်။ လက်ရှိမှာ ဧရာဝတီမြစ်ရိုးတစ်လျှောက် အနိမ့်ပိုင်းမြေပဲခင်းအချို့မထင်မှတ်ဘဲရေတိုးခဲ့လို့ မြေပဲထွက်ရှိမှုမရှိတော့ဘူး။ အမြင့်ပိုင်း မြေပဲသမားတွေအတွက်တော့ ဈေးကောင်းရနေပါတယ်။ ဧပြီတစ်လလုံးအနေနဲ့ ကုလားပဲပုံမှန်ဈေးနဲ့ ငြိမ်နေတယ်။ ပို့ကုန်ပဲအပါအဝင် ပဲမာလိုင်းအုပ်စုဈေးကျဆင်းနေပါတယ်။ စားအုန်းဆီဂယက်ကြောင့် မြေပဲဆံကတော့ ဈေးကောင်းနေပါမယ်။ လက်ရှိပဲဈေးကွက်တစ်ခုလုံး အခြေအနေက မေလအတွင်းမှာ ဈေးအေးနိုင်သေးတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
▶️စားအုန်းဆီဈေးနှုန်းနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီရောင်းချမှု ကန့်သက်ချက်များ ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစားအုန်းဆီဈေးကွက်ကို ထိခိုက်မှုမရှိနိုင်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ပြည်တွင်ဈေးကွက်အတွင်း စားအုန်းဆီဈေးမှာမြင့်တက်လာခြင်းကြောင့် ယခင်သီတင်းပတ်ထက် မြေပဲဆံဈေး အနည်းငယ် ထပ်မံမြင့်တက်လာကာ မေလ(၂) ရက်နေ့တွင် လုံးဆံတစ်ပိဿာ ကျပ် ၄,၁၀၀ - ၄,၂၀၀ ပေါက်ဈေးဖြစ်လာသည်။
▶️ထိုသို့ မြေပဲဆံမြင့်တက်လာသလို ပဲပုပ်(ရှမ်း) ၅၃ပိဿာ တစ်အိတ် ကျပ် ၁၅၀,၀၀၀ ထိဈေးမြင့်တက်လာသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ကျပ် ၈,၅၀၀ ၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၈,၀၀၀ ၊ ပြင်ပတွင် စားအုန်းဆီတစ်ပိဿာကျပ် ၇,၀၀၀ကျော်သာ ပေါက်ဈေးရှိသော်လည်း ကုန်စည်ဒိုင်အတွင်းအရောင်းအဝယ်မရှိကြောင်းသိရသည်။
▶️ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲ(ဗွီးတူး)တစ်အိတ် ၁၃၃,၀၀၀၊ ပဲယင်း တစ်အိတ် ၁၉၅,၀၀၀၊ ပဲကြီးတစ်အိတ် ကျပ် ၁၉၀,၀၀၀၊ ပဲထောပတ် တစ်အိတ် ကျပ် ၁၃၀,၀၀၀၊ စွန်တာပြာ တစ်အိတ်ကျပ် ၁၃၀,၀၀၀၊ မြေထောက်ပဲတစ်အိတ် ကျပ် ၁၅၃,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၆၀,၀၀၀ ပေါက်ဈေးအသီးသီးရှိကြောင်းသိရသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)