menu

ပဲမျိုးစုံနှင့်မြေပဲ အထူးရွေးချယ်ပေါင်းသတ်ဆေး “ရှင်းရှင်း” ရောက်ရှိလာပါပြီ



➡️မကြာမီကာလတွင် ပဲမျိုးစုံနှင့် မြေပဲစိုက်ပျိုး ကြမည့် တောင်သူဦးကြီးများအတွက် ..... ပဲမျိုးစုံနှင့်မြေပဲ အထူးရွေးချယ်ပေါင်းသတ်ဆေး “ရှင်းရှင်း” ရောက်ရှိလာပါပြီ။

🌿🌱🥜🥜🌱🌿🌿🌱🥜🥜🌱🌿

➡️ “ရှင်းရှင်း ၁၀ အက်စ်အယ်လ်” (Shin Shin 10 SL)

➡️ အစွမ်းရှိပစ္စည်း - Imazethapyr 10 % ပါဝင်ပါသည်။

▪️ ရှင်းရှင်းသည် မြေပဲ နှင့် ပဲမျိုးစုံ ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်၍ ပင်လုံးပြန့်အာနိသင်ရှိပါသည်။

▪️ ဆေးအုပ်စု Imidazolinone တွင်ပါဝင်၍ ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး ဆေးအစွမ်း အာနိသင်မှာ အရွက်နှင့်အမြစ်များမှစုပ်ယူပြီးပေါင်းပင်၏ ကြီးထွားမှုအပိုင်းရှိ တစ်ရှုးများဆီသို့ပို့ဆောင်ပေးကာ ကြီးထွားမှုကိုဟန့်တားပေးသည်။

▪️ တစ်နှစ်ခံနှင့်နှစ်ရှည်ခံ ပေါင်းပင်များဖြစ်သော မြက်၊ မုန်ညင်း နှင့် ရွက်ပြန့်ပေါင်းအားလုံးကို နှိမ်နင်းနိုင်ပါသည်။

▪️ ပဲစိုက်ပြီး ( ၁ - ၃ )ရက်ပဲပင်ပေါက်စအချိန်(သို့မဟုတ်) ပဲစိုက်ပြီး ( ၇ - ၁၀ ) ရက်အတွင်း ပက်ဖျန်းပေးပါ။ (မြေအစိုဓာတ်ကောင်းလျှင်ပို၍ထိရောက်ပါသည်)

▪️ ရှင်းရှင်းပေါင်းသတ်ဆေးကို မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲပုပ် သီးနှံများအတွက် အသုံးပြုနိုင်ပါသည်။ (ကုလားပဲတွင် အသုံးမပြုရပါ။ )

▪️ " ရှင်းရှင်း " ပေါင်းသတ်ဆေးဖျန်းပြီးနောက် (၃)လအကြာတွင် သီးထပ်သီးနှံအဖြစ် ပဲအမျိုးမျိုး၊ မြေပဲနှင့် စပါးသီးနှံများကို စိုက်ပျိုးနိုင်သော်လည်း နှမ်း၊ ပြောင်းနှင့် အခြားသီးနှံများကို သီးနှံအလိုက် ( ၆-၂၄) လကျော်မှသာ စိုက်ပျိုးသင့်ပါသည်။

▪️ အသုံးပြုရမည့်နှုန်းထားမှာ .....

➡️ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံး တစ်ပုံးတွင်" ရှင်းရှင်း " ပေါင်းသတ်ဆေး(၈၀-၁၀၀)စီစီ (သို့မဟုတ်) (ဟင်းစားဇွန်း ၈-၁၀ ဇွန်း ) နှုန်း ရောစပ်ပက်ဖျန်းရန်ဖြစ်ပါသည်။

✅စစ်မှန် ပြည့်ဝ ဝိစာရ✅