menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ပဲစင်းငုံဈေးနှုန်းကျဆင်းလာသော်လည်း အခြား ပဲမျိုးစုံအရောင်းအဝယ် ပုံမှန်ရှိနေ"
“ပဲစင်းငုံဈေးနှုန်းကျဆင်းလာသော်လည်း အခြား ပဲမျိုးစုံအရောင်းအဝယ် ပုံမှန်ရှိနေ”
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃
မန္တလေးပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံအရောင်းအဝယ်မှာ အနည်းငယ်ကျဆင်းသွားခြင်းကြောင့် ဈေးနှုန်း ကျဆင်းလာသော်လည်း အခြားပဲမျိုးစုံအရောင်း ပုံမှန်ဖြစ်ပေါ်လျက်ရှိကြောင်း မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။
🌿ပဲစင်းငုံ🌿
အိန္ဒိယနိုင်ငံက ဝယ်ယူရန် သတ်မှတ်ထားသည့်ကာလကို ထပ်မံတိုးမြှင့်လိုက်သည့်အတွက် ရန်ကုန် ဝယ်လက်များနှင့် ပြည်တွင်းဝယ်လက်အချို့က ဝယ်ယူမှုကိုလျှော့ချလိုက်သဖြင့် အရောင်းအဝယ်အေးကာ ဈေးနှုန်းပါကျဆင်းလာသည်။ သုံးတင်းဝင်တစ်အိတ်လျှင် အောက်တိုဘာ စတုတ္ထပတ်တွင် ကျပ် ၉၂,၀၀၀ မှ နိုဝင်ဘာ၆ ရက်တွင် ကျပ် ၈၇,၀၀၀ သို့ ကျဆင်းလာသည်။ “အဝယ်ရပ်သွားလို့ ဈေးနှုန်းတွေက ကျဆင်းလာတာဖြစ်တယ်။ ဒီထက်ဆက်ကျဖို့ကတော့နည်းတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယကဝယ်မှာက သေချာတဲ့အပြင် လှောင်လက်သမားတွေကလည်း ဈေးနှုန်းကို လျှော့ချ ရောင်းချဖို့ မရှိနိုင်တဲ့အတွက်ပါ”ဟု မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေကပြောသည်။
🌿မတ်ပဲ🌿
အဝယ်၊ အရောင်းမျှတနေသဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ နိုဝင်ဘာ ၆ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၂,၀၀၀ ဖြင့် ဈေးနှုန်းငြိမ်နေသည်။
🌿ကုလားပဲ🌿
ပြည်တွင်းပဲခွဲစက်များက စားသောက်ကုန်လုပ်ငန်းများအသုံးပြုရန် အခြမ်းနှင့်အမှုန့်ထုတ်လုပ်ခြင်းများ အတွက် ဝယ်ယူသည်မှလွဲကာ အခြားလုပ်ငန်းများအတွက် ဝယ်ယူမည့်အခြေအနေ မရှိသဖြင့်ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ နိုဝင်ဘာ ၆ ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၂,၀၀၀ ရှိသည်။
🌿ပဲတီစိမ်း🌿
တရုတ်နိုင်ငံက ဝယ်ယူနေသော်လည်း လိုအပ်ချက်များသည့်အခြေအနေတွင်မရှိခြင်းကြောင့် ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ တန့်နေသည်။ သုံးတင်းဝင်တစ်အိတ်လျှင် နိုဝင်ဘာ ၆ ရက်တွင် ကျပ်(၁၂၀,၀၀၀-၁၂၃,၀၀၀) ရှိသည်။
🌿နှမ်း🌿
တရုတ်နိုင်ငံက လိုအပ်ချက်ရှိသော်လည်း ပြည်တွင်း၌ ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးမှီသည့် နှမ်းမျိုး နည်းပါးခြင်းကြောင့် အရောင်းအဝယ် သိသိသာသာဖြစ်ပေါ်ခြင်းမရှိပေ။ ထို့အတွက်ဈေးကွက် အတွင်း ပြည်ပတင်ပို့နိုင်ရန် အရည်အသွေးမပြည့်မီသည့် စမုန်နှမ်းနက်များမှာ ကျပ် ၁၈၅,၀၀၀ မှ ယခုလတွင် ကျပ် ၁၈၀,၀၀၀ အထိ ကျဆင်းလာနေသည်။ အရည်အသွေးမီသည့် စမုန်နှမ်းနက်များမှာမူ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ကျပ် (၂၀၃,၀၀၀-၂၀၄,၀၀၀) ရှိကြောင်း သိရသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၉-၁၅)ရက်။