menu

ပဲစင်းငုံနီ(အသစ်)များ စတင်ဝင်ရောက်လာပြီး ဈေးကောင်းရနေ .....


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

✔️ ယခုနိုဝင်ဘာလကုန်ရက်တွင် ပဲစင်းငုံနီ(အသစ်)များစတင်ဝင်ရောက်လာရာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးကောင်းရရှိနေကြောင်း ကုန်သည်များထံက သိရသည်။

✔️ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးကြသည်။ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို ကုန်းခြောက်တောများ ဖြစ်သည့် ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင်ကျေးရွာများနှင့် အခြားကျေးရွာများတွင် စိုက်ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီး သီးညှပ်သီးနှံအဖြစ်စိုက်ပျိုးကြကြောင်း၊ တချို့ တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုးကို စိုက်ပျိုးကြသည်။

✔️ ပခုက္ကူမြို့နယ်အတွင်းသို့ အခြားနယ်များမှလည်း ပဲစင်းငုံနီများ ဝင်ရောက်လာရာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုလက်ရှိ အရောင်းအဝယ်ဖြစ်နေသော ပဲစင်းငုံနီမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပား၊ မာလာလက်ထုတ်၊ ပုလင်း၊ ငါ့သရောက်၊ အောက်ညဉ့်နယ်မှထွက်ရှိသော ပဲစင်းငုံနီများ ဖြစ်ကြောင်း၊ ပဲစင်းငုံနီ(အသစ်) ပေါက်ဈေးမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲရုံများထံကသိရသည်။

✔️ ပြီးခဲ့သည့်ပဲရာသီတွင် အိန္ဒိယပို့ကုန်ပဲစင်းငုံမှာ ဈေးကောင်းရရှိခဲ့သလို ထွက်ရှိသမျှပဲများ လက်ကျန်မရှိရောင်းချ နိုင်ခဲ့သောကြောင့် လာမည့်ပဲရာသီအသစ်တွင်ပိုမိုစိုက်ပျိုးလာရာ ပို့ကုန်ပမာဏတိုးမြှင့်စိုက်ပျိုးထားသည်။

✔️ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့ကို နှစ်စဉ်တန်ချိန်နှစ်သန်းကျော်တင်ပို့ လျက်ရှိရာတွင် အဓိကပဲသုံးမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံကို နှစ်စဉ်တန်ချိန် ၁.၅ သန်း ကျော်တင်ပို့နေသည်။ ယခုနှစ်တွင် ပိုမိုတင်ပို့လာနိုင်ခဲ့သည်။ ပို့ကုန်ပဲသုံးမျိုးတွင် မတ်ပဲတန်ချိန် ၈ သိန်း၊ ပဲတီစိမ်းတန်ချိန် ၄ သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် ၂ သိန်းခွဲ တင်ပို့ခဲ့သည်။

✔️ ပြီးခဲ့သည့် ပဲရာသီအစကတည်းက ပို့ကုန်ပဲများအနက် ပဲစင်းငုံမှာ ဈေးကောင်းရရှိခဲ့ကြသဖြင့် ပဲရာသီမကုန်ဆုံးမီ လက်ကျန်မရှိသလောက် အရောင်းအဝယ်ကောင်းခဲ့ရာ ယခုလာမည့် ပဲရာသီအသစ်အတွက် တောင်သူများတိုးချဲ့စိုက်ပျိုးကြသလို လက်ရှိပဲဈေးကွက်တွင် နယ်ပွဲရုံများ၌ စတင်ဝင်ရောက်လျက်ရှိသည်။

✔️ လက်ရှိ ပဲဈေးကွက်တွင် ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ၃၈ သိန်းကျော် ပေါက်ဈေးရှိနေပြီး ကြိုတင်ရောင်းဝယ်မှုများတွင် တစ်တန်လျှင် ငွေကျပ် ၃၆ သိန်းပေါက် ဈေးရှိကြောင်းသိရသည်။

✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)