menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ပဲတီစိမ်းရွှေဝါတစ်အိတ် ကျပ်နှစ်သိန်းကျော်အထိ စံချိန်တင်ပေါက်ဈေးဖြစ်လာ"
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
↗️ တရုတ်နိုင်ငံမှဝယ်လိုအားကောင်းနေတာကြောင့် ယခုနှစ်ပဲသစ်ရာသီမှာ ပဲတီစိမ်းရွှေဝါတစ်အိတ်ကျပ် နှစ်သိန်းကျော်အထိ စံချိန်တင်ပေါက်ဈေးဖြစ်လာကြောင်း ပဲကုန်သည်များထံမှသိရသည်။ တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်သည့်နောက်ပိုင်း ပြည်တွင်းပဲဈေးကွက်တစ်ခုလုံး ဝယ်လိုအားကောင်းလာပြီး ဈေးကွက်ပေါက်ဈေးအမြင့်ဈေးဖြစ်လာတာနှင့်အတူ ပြည်တွင်းပဲတီစိမ်း အသစ်ထွက်ရှိလာချိန်တွင် မန္တလေးပဲဈေးကွက်တွင် တစ်အိတ်ကျပ် ၂၂၅,၀၀၀ အမြင့်ဆုံးဖြစ်သော်လည်း ရန်ကုန်ဈေးကွက်တွက် တစ်အိတ်ကျပ် ၂၃၀,၀၀၀ ထိပေါက်ဈေးရှိလာသည်။ ဈေးကွက်အတွင်းကိုလည်း ပဲတီစိမ်းအဝင်က အလုံးအရင်းဖြင့် ဝင်ရောက်တာမျိုးမဟုတ်ဘဲ ဧပြီလကုန်ထိ တဖြေးတဖြေးဝင်ရောက် နေမည့် အခြေအနေဖြစ်ကြောင်း ပဲကုန်သည်များကသုံးသပ်ထားသည်။
↗️ ပို့ကုန်ပဲများအပါဝင် ပဲတီစိမ်းဈေးကွက်မှာ အမြင့်ဆုံးဈေးဖြစ်လာသလို ပဲတီစိမ်းလမ်းပဲ၊ အညာပဲတီစိမ်း များပါလိုက်ပါဈေးကောင်းနေကြောင်း၊ လက်ရှိမှာနယ်စပ်တင်ပို့မှုထက် ပိုမိုကုန်ကျစရိတ်နည်းသည့် ရန်ကုန်သင်္ဘောတင်လိုင်းက ဈေးကောင်းပိုမိုရရှိနေကြောင်း ပြည်တွင်းမှာပဲတီစိမ်းထွက်ရှိမှု နည်း ပါးနိုင်ခြင်းနှင့် နောက်ကျထွက်ရှိမည့်အနေအနေများကြောင့် လက်ရှိပဲသစ်ရာသီမှာ ပဲတီစိမ်းဈေးကွက် စံချိန်တင်ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
↗️ “မန္တလေးပဲဈေးကွက်မှာ ပဲတီစိမ်းမှ မဟုတ်ဘူးပဲဈေးကွက်တစ်ခုလုံးကောင်းနေတာပါ။ ပဲတီစိမ်းရွှေဝါဆိုရင် တစ်အိတ်ကျပ်နှစ်သိန်းကျော်သွားပါပြီ။ ပဲတီစိမ်းရွှေဝါ ဈေးကောင်းတာနဲ့အတူ လမ်းပဲနဲ့ ပဲတီစိမ်းအညာစတွေတောင် ၁၇၅,၀၀၀ ထိပေါက်ဈေးဖြစ်လာပါတယ်။ တရုတ်ဝယ်လက်က ဝယ်လိုအားအရမ်းကောင်းနေတာကြောင့် ဈေးကောင်းရနေတာမျိုးပါ။ လက်ရှိမှာ ပဲတီစိမ်းရွှေဝါက နယ်စပ်ကတင်ပို့မှုထက်ရန်ကုန်သင်္ဘောတင်ဈေးကွက်အတွက်ဝယ်ယူမှုများနေတာပါ။ နယ်စပ်က တင်ပို့မှုက တင်ပို့စရိတ်သက်သာလို့သင်္ဘောတင်ဈေးကွက်က ပိုမိုဝယ်ယူများနေခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှာလည်းပဲထွက်ရှိမှုနည်းပါးလို့ ဈေးမြင့်တက်နေခြင်းဖြစ်လို့ ဝယ်လိုအားကောင်းနေခြင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
↗️ ပဲတီစိမ်းရွှေဝါ(ခရမ်း) မှာ လက်ရှိမှာ စံချိန်တင်ဈေးအမြင့်ဆုံးရရှိနေပြီး လမ်းပဲ၊ အညာပဲတီစိမ်းများပါ လိုက်ပါဈေးကောင်းနေခြင်းဖြစ်ကြောင်း၊ နယ်စပ်တင်ပို့မှုထက် ရန်ကုန်သင်္ဘောတင် ဈေးကွက်မှာ ပိုမိုဈေးကောင်းနေပြီး ပဲတီစိမ်းတစ်အိတ် ကျပ် ၂၃၀,၀၀၀ ထိ စံချိန်တင်ဈေးကောင်း ရရှိနေခြင်း ဖြစ်ကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးချိန် မိုးရွာသွန်းမှုရှိခဲ့တာကြောင့် စိုက်ခင်းများပျက်စီးကာ အသစ်ပြန်လည် စိုက်ပျိုးမှုရှိခဲ့တာကြောင့်လည်း ပဲပေါ်ချိန်အပိုင်း၂ပိုင်းကွဲကာ ပဲထွက်ရှိလာနိုင်တာကြောင့် လာမည့် မတ်၊ ဧပြီထိ ပဲသစ်ထွက်ရှိနိုင်ကြောင်း ဈေးကွက်အတွင်း ပဲသစ်အလုံးအရင်းဖြင့်ဝင်ရောက်မှုမရှိတာကြောင့် လည်း ဈေးကွက်ကောင်းနေခြင်းဖြစ်ကြောင်း ခေတ်သစ်ဦး ပို့ကုန်ပဲကုမ္ပဏီမှ ဦးသိန်းဇံက သုံးသပ်ပြောကြားသည်။
↗️ “ပဲတီစိမ်းရွှေဝါ မန္တလေးဈေးကတော့ တစ်အိတ်ငွေကျပ် ၂၁၃,၀၀၀ - ၂၁၅,၀၀၀ ဈေးရှိကာ လက်ခူးပဲတီစိမ်းက ၂၀၆,၀၀၀ - ၂၁၀,၀၀၀ ကြား၊ ရိုးရိုးပုံမှန်စတွေက ၁၉၀,၀၀၀ - ၂၀၀,၀၀၀ ကြားမှာ ပေါက်ဈေးရှိပါတယ်။ ဈေးကွက်အတွင်းမှာ ပဲအရောင်းအဝယ်ကတော့ခပ်သွက်သွက်ရှိနေပါတယ်။ ရန်ကုန်ပေါက်ဈေးကတော့ တစ်အိတ်ကျပ် ၂၃၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ လက်ရှိဈေးကွက်ကတော့ မန္တလေးဈေးကွက်ကိုအဝင်နည်းပြီး ရန်ကုန်ဈေးကွက်ကိုသွားတာများပါတယ်။ နယ်စပ်ကုန်သွယ်မှုက သယ်ယူစရိတ်ပိုကြီးမြင့်နေပြီး ပုံမှန်သင်္ဘောတင်လိုင်းက တင်ပို့မှုပိုများနေလို့ ရန်ကုန်ပဲဈေးကွက်မှာ ပဲတီစိမ်းဈေးကပိုမိုရရှိနေပါတယ်။ အိန္ဒိယကုန်သည်တွေက လက်ရှိဈေးအမြင့်မှာဝယ်ယူမှုမရှိဘဲ အဓိက တရုတ်ပို့ကုန်သမားတွေကသာ ဝယ်ယူမှုရှိနေတာပါ။ ဒီနှစ်မှာကပဲတီစိမ်း စိုက်ပျိုးချိန် မိုးများတဲ့ နေရာတွေက နောက်တစ်ကြိမ်ပြန်စိုက်ပျိုးရတော့ အထွက်နောက်ကျတာရှိပေမယ့် ကုန်းပိုင်းကျတဲ့ နေရာက လက်ရှိမှာပဲထွက်နေတာဖြစ်တော့ ပဲပေါ်ချိန် ၂ပိုင်းကွဲသွားတာဆိုတော့ ဧပြီလလောက်ထိ ပဲတီစိမ်းရွှေဝါကထွက်ရှိနေမှာပါ” ဟု ၎င်းကပြောသည်။
↗️ မြန်မာနိုင်ငံမှ ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံမှာ အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူနေပြီး ပဲတီစိမ်းမှာ နှစ်နိုင်ငံ ဝယ်လိုအားရှိနေတာကြောင့်လည်း တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအားကောင်း ဈေးအမြင့်ရရှိလာခြင်း ဖြစ်ရာ ယခင်နှစ်ကိုဗစ်ကာလအတွင်းမှာ ပဲတီစိမ်းရွှေဝါတစ်အိတ်ကျပ် ၁၂၃,၀၀၀ - ၁၂၅,၀၀၀ ဝန်း ကျင်သာပေါက်ဈေးရှိခဲ့ကြောင်းနှင့် ယခုနှစ်ပဲသစ်ရာသီတွင် ယခင်နှစ်များထက် အထွက်နှုန်း လျော့ကျနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)