menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပဲ၊ နှမ်းဈေးကွက် အခြေအနေ .....
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏩ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပဲ၊နှမ်းဈေးကွက်အတွင်း ပို့ကုန်လက်ကြီးသမားများ အဝယ်မရှိတာကြောင့် ပဲ၊နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေကြောင်း နှမ်းကုန်သည်များထံက သိရသည်။ စက်တင်ဘာလကုန်ရက်များတွင် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးအနည်းငယ်မြင့်တက်လာ သော်လည်း ပို့ကုန်သမားများ အရောင်းအဝယ်အခြေအနေရပ်နားထားခြင်း၊ နိုင်ငံခြားတင်ပို့မှုဆိုင်ရာ မူဝါဒအပြောင်းအလဲများကြောင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ရက်သတ္တပတ်နှစ်ပတ်ဆက်တိုက် အရောင်းအဝယ်အေးနေခြင်းဖြစ်သည်။
⏩ ပို့ကုန်သမားကြီးတွေက အဝယ်ရပ်ထားတာကြောင့် ပဲ၊ နှမ်းဈေးကွက်မှာ အေးနေခြင်းဖြစ်ကြောင်း မြေပဲဆန်ဈေးကလည်းမတက်ဘဲ ယခုဈေးတန်းမှာ ပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၅,၀၀၀ ပေါက်ဈေးရှိနေတာကြောင့် ဆီစက်ပိုင်တွေအဆင်ပြေကြောင်း တရုတ်လိုင်းကလည်း နှမ်းတစ်မျိုးသာ လှောင်လက်သမားအနည်းငယ် ဝယ်ယူနေကြောင်း၊ ပို့ကုန်မူဝါဒအပြောင်းအလဲကိုစောင့်ကြည့်ရင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးအရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
⏩ “ပို့ကုန်ပဲကုန်သည်နဲ့ ပွဲရုံကြီးတွေအဝယ်မရှိတော့ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ခပ်အေးအေးသာ ရှိနေပါတယ်။ ပို့ကုန်ပဲစင်းငုံကလည်း ပေါက်ဈေးသာရှိနေတာ ပဲကသိပ်မကောင်းတော့ပါဘူး။ မြေပဲဆန်ကလည်း ပေါက်ဈေးလေးနဲ့ အရောင်းအဝယ်ဖြစ်နေတော့ ဆီစက်ပိုင်တွေအဆင်ပြေပါတယ်။ အခြား ပြည်တွင်းပဲမာလိုင်းကလည်း ဈေးအေးနေပါတယ်။ နှမ်းကို တရုတ်ကုန်သည်အချို့သာ အနည်း ငယ်ဝယ်ယူစုဆောင်းတာမျိုးလောက်သာ ဝယ်နေပါတယ်။ ဈေးကွက်တစ်ခုလုံးကတော့ အသစ်ဝင်ရောက်မှုတွေမရှိသေးတော့ ဆက်လက်ဈေးအေးနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
⏩ စက်တင်ဘာ(၂၈)ရက်တွင် သုံးတင်းဝင်မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၉၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၃,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးမြင့်တက်လာပြီး နှမ်းမျိုးစုံဈေးကွက်မှာ အနည်းငယ်ကျဆင်းသွားရာ စက်တင်ဘာ(၂၈)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၉,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၇,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၄,၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ်လျှင် ငွေကျပ်၂၇၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
⏩ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၄,၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း) တစ်ပိဿာလျှင် ငွေကျပ် ၇,၈၀၀ ပေါက်ဈေးရှိသည်။
⏩ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် သိသိသာသာဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၃၆၀,၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင်ငွေကျပ်၂၉၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။
⏩ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း(မကွေးဂျာနယ်)