menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်ပဈေးကွက်လိုအပ်နေသော “ပီလောပီနံ”
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃
✅ဧရာဝတီတိုင်းဒေသကြီးအတွင်း ပီလောပီနံကို ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းနှင့် သာပေါင်းမြို့နယ်များတွင် အဓိကစိုက်ပျိုးလျှက်ရှိသည်။ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ပီလောပီနံစိုက်ပျိုးဧရိယာ ၃ သောင်းကျော်ရှိပြီး တစ်ဧကလျှင်ပျမ်းပျအထွက်နှုန်း ပိဿာ (၃၅၀၀)ခန့် ထွက်ရှိသည်။
✅၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်ကာ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုတွင် သွင်းအားစုဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်ချောဈေးကျခြင်းတို့ ရင်ဆိုင်နေရသည်။ တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင် တန်ဖိုးရှိသော ယူရီးယားဓာတ်မြေဩဇာသည် တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ခန့်ထိ ဈေးတက်လာသဖြင့် ပီလောပီနံတောင်သူများ ဓာတ်မြေဩဇာအကြိမ်ရေပြည့်မီအောင် အသုံးမပြုနိုင်ပဲ တစ်ဧကအထွက်နှုန်း လည်း ကျဆင်းလာခဲ့သည်။ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ပိဿာ (၂၀၀၀)ဝန်းကျင်ထိကျဆင်းလာ သည်။
✅ထွက်ရှိလာသောပီလောပီနံများကိုရောင်းချရာတွင်လည်း ပြည်တွင်းဈေးကွက်ရှိ စားသုံးသူများနှင့် တိရိစ္ဆာန်အစာတောင့်ထုတ်လုပ်သည့်စက်ရုံများကို အားထား၍ရောင်းချရသည်။ ယခင်ကာလတူနှစ် အတွင်း ပီလောပီနံအတောင့် တစ်ပိဿာလျှင် ကျပ် (၁၃၀) မှ ကျပ် (၈၀)ခန့်အထိဈေးကျဆင်းသွားပြီး ပီလောပီနံမှုန့်သည်လည်း တစ်ပိဿာလျှင် ကျပ် (၈၅၀)မှ ကျပ် (၅၀၀-၅၅၀)ထိ ဈေးကျသွားသည်။
✅ထို့ကြောင့် ယခုနှစ် ပီလောပီနံစိုက်ပျိုးထုတ်လုပ်သူတောင်သူများအချို့သည် အခြားသီးနှံများပြောင်းလဲ စိုက်ပျိုးကြသဖြင့် ပီလောပီနံစိုက်ဧက (၁)သောင်းခန့်လျော့ကျသွားခဲ့သည်။ လွန်ခဲ့သည့် မတ်လနှင့် ဧပြီလများအတွင်း ပီလောပီနံအမှုန့် တစ်ပိဿာဈေးနှုန်း ကျပ် ၇၀၀ ခန့်ရရှိခဲ့သည်။ ပီလောပီနံအပြား ခြောက်ကို လက်ရှိတွင်ပြည်ပသို့ တင်ပို့ရောင်းချနေသော်လည်း တစ်တန်လျှင် ဒေါ်လာ ၂၀၀-၂၅၀ နှုန်းဖြင့် တစ်လလျှင် တန် ၅၀ ခန့်ပမာဏသာ တင်ပို့ရောင်းချနေရသဖြင့် ပြည်ပဈေးကွက်ရရှိမှု နည်းပါးနေသေးသည်။
✅ဈေးကွက်ပိုမိုရရှိရေးနှင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းလျှက်ရှိသည့်အဆင့်မှာပင် ရှိနေသေးပြီး ပီလောပီနံစျေးကွက်ပိုမိုချဲ့ထွင်လာနိုင်ရေးနှင့် ပီလောပီနံအခြေခံထုတ်လုပ်သည့် Value added ထုတ်ကုန်များပိုမိုထုတ်လုပ်လာနိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း လိုအပ်လျှက် ရှိသေးကြောင်းသိရှိရပါသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
18-2-2022