menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်ပသို့ပဲတင်ပို့မှု ယခင်နှစ်ထက် ထက်ဝက်ခန့်ကျဆင်း
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
➡️ ယခုနှစ် ပြည်တွင်းပဲစိုက်ပျိုးချိန် မိုးလေဝသမမှန်ခြင်းနှင့် နယ်မြေအခြေအနေများကြောင့် ပဲစိုက် ဒေသများ ရာနှုန်းပြည့်မစိုက်ပျိုးနိုင်ခြင်းကြောင့် ပြည်ပသို့ပဲတင်ပို့မှုကျဆင်းခဲ့ကြောင်း သိရသည်။
➡️ အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းခွင့်ကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး ပို့ကုန် မတ်ပဲပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ကျော်၊ ပဲစင်းငုံမှာ တစ်တန်လျှင် ဒေါ်လာ ၁,၀၀၀ ကျော် အထိ ပေါက်ဈေးရှိလာသော်လည်း ပြည်တွင်းပဲအထွက်နှုန်းကျဆင်းမှုရှိသောကြောင့် တင်သွင်းမှုလျော့ ကျခဲ့ခြင်းဖြစ်သည်။
➡️ (၂၀၂၂ - ၂၀၂၃)ဘဏ္ဍာနှစ်တွင် ၂၀၂၂ ခုနှစ် ဧပြီလ (၁)ရက်မှ မတ်လ (၁၇)ရက်အထိ ပင်လယ် ရေကြောင်းမှတစ်ဆင့် ပဲမျိုးစုံ တန်ချိန် ၁ ဒဿမ ၅ သန်းကျော် တင်ပို့ထားကြောင်း သိရသည်။
➡️ အိန္ဒိယနိုင်ငံတွင် ပဲအထွက်နှုန်း ကျဆင်းကာ လိုအပ်ချက်ရှိနေသည့်အပြင် ပြည်တွင်းတွင်လည်း ပဲအထွက်နှုန်းကျဆင်းနေတာကြောင့် သင်္ကြန်ကာလအပြီး ပဲအရောင်းအဝယ်မှာ ဈေးနှုန်းမြင့် တက်လာကြောင်း သိရသည်။
➡️ သင်္ကြန်မတိုင်မီက မတ်ပဲတစ်တန်လျှင် ငွေကျပ် ၂,၀၅၀,၀၀၀ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်တန်လျှင် ငွေကျပ် ၂,၀၆၀,၀၀၀၊ ပဲစင်းငုံ တစ်တန်လျှင် ငွေကျပ် ၂၄ သိန်း အထိ ပေါက်ဈေးမြင့်တက်လာသည်။
➡️ ပြည်ပပို့ကုန်ပဲများမှာ ပြည်တွင်းငွေဈေး အပြောင်းအလဲမရှိတာကြောင့် ဈေးသိသိသာသာ မြင့်တက်ခြင်း မဟုတ်သော်လည်း မတ်လပိုင်းမှစတင်ပြီး တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း