menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်ပမှ ပြောင်းဝယ်ယူမှုများနေ၍ ဈေးကောင်းရနေ
🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿
🔸ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့သည့်ရာသီချိန်ဖြစ်သောကြောင့် ပြောင်းဝယ်လိုအားများပြားကာ ဈေးကောင်း ရနေကြောင်း ပြောင်းကုန်သည်များ ထံမှသိရသည်။နှစ်စဉ် စက်တင်ဘာလ မှ ဇန်နဝါရီလ အထိ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုရပ်နားထားရပြီး ယခုလ ဖေဖော်ဝါရီ ၁ ရက် မှ စတင်ကာ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရခြင်းကြောင့် ဝယ်လိုအားများကာ ပြန်လည်တင်ပို့ရ ခြင်း ဖြစ်သောကြောင်းသိရသည်။
🔸“ထိုင်းကို ပြောင်းပုံမှန်တင်ပို့နေတယ်။ ၂ လပိုင်းကနေ ၈ လပိုင်းကုန် အထိဆိုရင် အခွန် သုညရာခိုင်နှုန်း နဲ့ ပို့နိုင်ပါတယ်။ ဝယ်လိုအားရှိတဲ့အတွက် မနှစ်ကထက် ဈေးနည်းနည်းမြင့်တယ်” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးမင်းခိုင်ကပြောသည်။ ဈေးကွက်အတွင်း ဒီဇင်ဘာလ က ပြောင်း တပိသာလျင် ၃၈၀ ကျပ်သာရှိခဲ့သော်လည်း လက်ရှိတွင် ရန်ကုန်၌ ပြောင်း တစ်ပိဿာလျှင် ပျမ်းမျှ ၅၄၅ကျပ် ရှိပြီး မြဝတီနယ်စပ်ဈေးမှာ ၆၀၀ ကျော် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
🔸သို့သော် တချို့ ကုန်သည်များ နှင့် တောင်သူများတွင် ပြည်တွင်း၌ ငွေသွင်း ၊ ငွေလွှဲအခက်အခဲ ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ပြည်တွင်း၊ ပြည်ပ ပြောင်းဝယ်ရောင်း ပြုလုပ်ရာတွင် အခက်ခဲများ ရှိနေကြောင်းလည်း သိရသည်။လက်ရှိတွင် မြဝတီမြို့ မှ တဆင့် ထိုင်းနိုင်ငံ သို့ ပြောင်းတင်ပို့မှု နေ့စဉ်ပုံမှန် အရောင်းအဝယ်ဖြစ်နေသော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် ကားအဝင်အထွက် နည်းနေသေးကြောင်းသိရသည်။
🔸ပြည်တွင်းမှထိုင်းဘက်သို့ ပြောင်းတင်ပို့နေ့သည့် ကားအစီးရေအား ခန့်မှန်းရန်ခက်ခဲ့ကြောင်း သိရပြီး မြဝတီနယ်စပ် မှတဆင့် တရက်လျှင် ပျမ်းမျှ တန်ချိန် ၆,၀၀၀ ကျော် အထိ တင်ပို့နေရကြောင်း သိရ သည်။ လက်ရှိ ထိုင်းနိုင်ငံဘက်သာပြောင်း တင်ပို့နေရပြီး တရုတ်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးရှိ၍ တရုတ်ကုန်သည် အများစု လုပ်ငန်းများရပ်နားထားကြခြင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေ အနေများကြောင့် တရုတ်နိုင်ငံသို့ တင်ပို့မူမှာများ ရပ်နားထားကြကြောင်း သိရသည်။ “လောလောဆယ် တရုတ်ဘက်က အဆင်မပြေဘူး။ တရုတ်နှစ်သစ် ကူးကာလ နဲ့ ဒီဘက်က နိုင်ငံရေး အခြေအနေတွေ ကြောင့် တရုတ်ဘက်ကို မသွားကြသေးဘူး။ ဘယ်ကုန်သည်မှ တရုတ်ဘက်ကို တင်ပို့နေတယ်လို့ မကြားသေးဘူး” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးမင်းခိုင်ကပြောသည်။
🔸၂၀၁၉- ၂၀ ဘဏ္ဍာနှစ်က ပြည်ပသို့ ပြောင်း တန်ချိန် ၂၂ သိန်းကျော်အထိ တင်ပို့နိုင်ခဲ့သည့်အတွက် ပြည် တွင်းသုံးစွဲမှုအပေါ် လိုအပ်ချက်များရှိသွားခဲ့ကြောင်းလည်း ပြောင်းကုန်သည်များထံမှ သိရသည်။ ယခု ဘဏ္ဍာနှစ်မှာတော့ ပြည်ပတင်ပို့မှုကို လျော့ချသွားရန် ရည်ရွယ်ထားကြောင်းလည်း ကုန်သည်များက ဆိုသည်။ ပြည်တွင်း တစ်နှစ်လျှင်စိုက်ပျိုးထုတ်လုပ်သည့် ပြောင်း တန်ချိန် (၂.၃ - ၂.၆) သန်း ကြားတွင် ထွက်ရှိလျက်ရှိပြီး ပြည်တွင်း စားသုံးမူ (၁.၃) သန်း သာရှိကာကျန်ပမာဏကို ပြည်ပသို့ တင်ပိုနေရကြောင်း သိရသည်။
🔸ပြည်တွင်းပြောင်းအား ထိုင်းနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီးစင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဖလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တရုတ်နိုင်ငံ များကိုလည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း သီပေါမြို့ရှိ ပြောင်းစိုက်တောင်သူ ဦးစိုင်းလှချို ကပြောသည်။
Sources : AMIA (Farmer Digital TV)