menu

ပြည်တွင်း ကြက်သွန်နီဈေးကွက် အခြေအနေ


🧅🧅🧅🧅🧅🧅🧅🧅🧅🧅

☑️ ပြည်တွင်း ကြက်သွန်နီများ ပြည်ပကနေအဝယ်လိုက်လာသည့်အတွက် စျေးအနည်းငယ် ပြန်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။ လက်ရှိ ပြည်တွင်းစျေးကွက်တွင် ကြက်သွန်နီ စျေးမှာ တစ်ပိဿာကို ၃,၀၀၀ ကျပ်အထိ စျေးနူန်းမြင့်တက်လာပြီး တရုတ်ဝယ်လက်ကမူ ကြက်သွန်နီ တစ်ပိဿာ ၂,၁၀၀ ကျပ် ရရှိကာ ထိုင်းနိုင်ငံသို့တင်ပိုသည့် ကြက်သွန်ဈေးနှုန်းက တစ်ပိဿာကို ၁,၉၀၀ ရရှိကြောင်းသိရသည်။

☑️ "ကုန်တွေဝင်တာကတော့ အသင့်အတင့်ပါပဲ။ ဒီနေ့ဆို ကြက်သွန်နီကားအစီးရေ ၂၀ ဝင်တယ်။ စျေးကတော့ အရင်ကထက်နည်းနည်းတက်ပါတယ်။ တရုတ်ဘက်၊ ထိုင်းဘက် နဲ့ ဗီယက်နမ်ကို အပို့များကြတယ်။ ဗီယက်နမ်ကတော့ပိုများတယ်။ လှောင်သမားတွေကလည်း အဝယ်လိုက်လာတယ်" ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

☑️ ကုန်စည်ဒိုင်များနှင့် ကြက်သွန်နီ လက်ကားရောင်းဝယ်လုပ်ကိုင်သူများထံတွင် လက်ကားစျေးမှာ ကြက်သွန်နီ တစ်ပိဿာကို ၁,၈၀၀ မှ ၂,၁၀၀ ကျပ် အထိသာရှိပြီး လက်လီအဆင့်ဆင့် ပြန်လည်ရောင်းချသည့်ဆိုင်များတွင်မူ တစ်ပိဿာကို ၃,၀၀၀ ကျပ် အထိ ရှိနေခြင်းဖြစ်ဟုသိရသည်။

☑️ ယခု မေလ(၂၂)ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်နီကားအစီးရေ (၂၀) ဝင်ရောက်မှု ရှိပြီး စျေးတန်းအနေနဲ့ ဆိပ်ဖြူ နှင့် မုံရွာ ကြက်သွန်နီစျေးတန်းသာဖွင့်ရာ အနည်းဆုံး ၁,၈၅၀ ကျပ်မှ ၂,၁၀၀ ကျပ်အထိ ဖြစ်သည်။

☑️ လက်ရှိတွင် မြန်မာ့ကြက်သွန်နီကို တရုတ်၊ ထိုင်း ၊ ဗီယမ်နမ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကပါ အဝယ်ရှိကြောင်း၊ ထပ်မံပြီးလည်း ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဈေးကွက်အလားအလာရှိသည့်နိုင်ငံများကို စျေးကွက်တိုးချဲ့တင်ပို့ရန်အတွက် အစိုးရချင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေသည် ဟု သိရသည်။

☑️ မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် ဧက ၁.၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော်ထွက်ရှိကြောင်း၊ ကြက်သွန်နီကို (၁၁)လပိုင်း နှင့် (၁၂)လ ပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ၄လပိုင်းအထိ နွေကြက်သွန်များ ဈေးကွက်အတွင်း ဝင်ရောက်မှုရှိသည်ဟု သိရသည်။

☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Credit : AWBA