menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် အခြေအနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
▶️နယ်စပ်ကုန်သွယ်မှုနှင့် ပုံမှန်ကုန်သွယ်မှုအတွက် ဒေါ်လာငွေလဲနှုန်းသတ်မှတ်ချက်မှာ အခြား ယွမ်၊ ဘတ် ငွေလဲနှုန်းများထက် နိမ့်ကျနေသဖြင့် ပို့ကုန် ပဲ၊ နှမ်းဈေးကွက်မှာ ယခုသီတင်းပတ်အတွင်း ကျဆင်းလျက် ရှိနေကြောင်း ပဲ၊ နှမ်း၊ ပြောင်းကုန်သည်များထံက သိရသည်။
▶️ဒေါ်လာငွေလဲလှယ်ရာတွင် ငွေလဲနှုန်းသတ်မှတ်ချက် ၁,၈၅၀ ကျပ်သည် အခြား ယွမ် ၊ဘတ်ဖြင့် လဲလှယ်မှုထက် နိမ့်ကျနေသဖြင့် ပို့ကုန်သမားများ ငွေကြေးနစ်နာကာဆုံးရှုံးမှုရှိနေသဖြင့် ပဲနှမ်းဈေးကွက်အတွင်း ဈေးကျဆင်းမှုများနှင့်အတူ အရောင်းအဝယ် အေးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
▶️အဆိုပါ ငွေလဲလှယ်နှုန်းကွာဟချက်အပြင် ပို့ကုန်လိုင်စင်များ ပြန်လည်လျှောက်ထားရသည့် အခြေအနေကြောင့် ကုန်သည်များအတွက် အခက်အခဲများရှိလာကြောင်း သိရသည်။ “တရုတ်ပို့ကုန် ပဲတွေ တစ်အိတ် ကျပ် ၅,၀၀၀ - ၁၀,၀၀၀ ဈေးပြုတ်ကျတယ်။ ပို့ကုန်ဆိုင်ရာမူဝါဒ အပြောင်းအလဲ မြန်တာနဲ့ ၁၀၅မိုင်မှာ ပို့ကုန်ပဲကားတွေကို တားဆီးထားတယ်။ လိုင်စင်အသစ်လျှောက်ဖို့ လိုအပ်တယ် ပြောတယ်။ ဒေါ်လာသတ်မှတ်နှုန်းအပေါ် ပြန်လဲရတာတွေက ကုန်သည်တွေအတွက် အဆင်မပြေ ဖြစ်နေတယ်။ မြေပဲဆံဈေးကတော့ တရုတ်လိုင်းဝယ်တဲ့ မြေပဲအနီဆံတစ်ပိဿာကျပ် ၅,၀၀၀၊ အဖြူလုံးဆန် ၄,၆၀၀ - ၄,၈၀၀ ပေါက်ဈေးဖြစ်လာပါတယ်။ ဆီဆံကတော့ စားဆီတွေ ဈေးကွက်ထဲ များလာတော့ ဈေးကျလာပါတယ်။ ပို့ကုန်မတ်ပဲဈေးက ပြန်အေးသွားတော့ တစ်အိတ် ၁၆၁,၀၀၀ လောက်ပဲရှိတော့တယ်။ ရန်ကုန်ဈေးကွက်မှာ ဒေါ်လာပေါက်ဈေးနဲ့ တွက်ခြေကိုက်မှု မရှိဘူးလို့ ကြားတယ်။ ပဲမာလိုင်းတွေကတော့ ဈေးဆင်းမှုမရှိပေမယ့်အရောင်းအဝယ် အေးသွားပါတယ်။ ပဲနှမ်းဈေးကွက်မှာ နိုင်ငံတော်က ကုန်သွယ်ရေးမှာ ပို့ကုန်မှုဝါဒမှာ ဒေါ်လာသတ်မှတ်ဈေးနဲ့ ပြုလုပ်တာက ပို့ကုန်သမားတွေ အဆင်မပြေဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ပဲ၊ နှမ်းပေါက်ဈေးက အောက်ကိုဆွဲချသွားတယ် ” ဟု ၎င်းက ပြောသည်။
🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘
ပို့ကုန်မှုဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်လမ်းကြောင်းပေါ်ရှိ ပဲကားများအား ၁၀၅ မိုင်တွင် တားဆီးထားသဖြင့် ပြည်တွင်းပဲဈေးကွက်တွင် ပဲတီစိမ်းတစ်အိတ် ကျပ် ၁၅၂,၀၀၀၊ ၁၅၃,၀၀၀ ပေါက်ဈေးရှိရာမှ တစ်အိတ်ကျပ် ၁၄၀,၀၀၀ ခန့်သို့ကျဆင်းသွားသည်။ အလားတူ မတ်ပဲဈေးမှာလည်း ဒေါ်လာငွေ ပြန်လည်လဲလှယ်ရာတွင် ပို့ကုန်သမားများ အရှုံးရှိနေသဖြင့် မတ်ပဲဈေးမှာ တစ်အိတ်ကျပ် ၁၅၁,၀၀၀ ပေါက်ဈေးဖြစ်သွားတာကြောင့် အရောင်းအဝယ်မရှိသလောက်ဖြစ်ကာ စောင့်ကြည့်နေသည့် အခြေအနေဖြစ်သွားသည်။ အတက်ဈေးဖြစ်နေသည့် ပဲစင်းငုံမှာလည်း ဈေးအတက်ရပ်သွားကာ တစ်အိတ်ကျပ် ၁၃၈,၀၀၀ သို့ ဈေးကျဆင်းနေသည်။
🥜မြေပဲ🥜
တရုတ်ဝယ်လက်များအကြိုက် မြေပဲအနီလုံးဆံ၊ အဖြူလုံးဆံများမှာ ဈေးကောင်းရနေသော်လည်း ဆီဆံများမှာမူ စားအုန်းဆီဈေးကျဆင်းခြင်းနှင့်အတူ ဈေးကျဆင်းလာပြီး ဇွန်(၁၄)ရက်နေ့ တွင် S1 မြေပဲဆံ တစ်ပိဿာကျပ် ၄,၉၀၀ - ၅,၀၀၀ ၊ ဆီဆံတစ်ပိဿာကျပ် ၄,၅၀၀ ခန့် ပေါက်ဈေးဖြစ်လာသည်။
▶️ပြည်တွင်းသုံးပဲမာလိုင်းများဖြစ်သည့် ကုလားပဲ V2 တစ်အိတ် ကျပ် ၁၅၄,၀၀၀ ပေါက်ဈေးရှိပြီး ကုလားပဲအမျိုးအစားအလိုက် တစ်အိတ်ကျပ် ၁,၀၀၀ ခန့် ဈေးကျဆင်းလာသည်။ ပဲယင်းတစ်အိတ် ကျပ် ၁၃၅,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၂၂၀,၀၀၀ ၊ ပဲထောပတ် တစ်အိတ် ကျပ် ၁၅၃,၀၀၀၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၃၃,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၈၇,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ငွေကျပ် ၂၉၅,၀၀၀ - ၃၀၀,၀၀၀ အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။
Sources : ရွှေမန်း