menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာ
🍂🍂🍂🍂🍂🍂🍂🍂🍂🍂
⏩အမေရိကန်ဒေါ်လာဈေးများ ဆက်လက်မြင့်တက်နေ၍ စားအုန်းဆီဈေးနှုန်းများပါ ဆက်လက်မြင့်တက် နေကြောင်း ဆီဈေးကွက်နှင့် ဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပြည်ပမှ စားအုန်းဆီများတင်သွင်း ရာ၌ ကုန်ကျစရိတ်များသောကြောင့် ပြည်တွင်း၌ပါ လိုက်လံမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ “အဓိကဒေါ်လာဈေးကြောင့်၊ သွင်းကုန်ဖြစ်တော့ဈေးကဆက်လက်မြင့်လာတယ်” ဟု မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းကပြောသည်။
⏩ပြည်ပစားအုန်းဆီဈေးနှုန်းသည် ၂၀၂၁ ဇန်နဝါရီ လဆန်ပိုင်းက စားအုန်းဆီ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၁,၀၅၅-၁,၀၇၅)ခန့် ရှိရာမှလက်ရှိ တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၁,၁၆၀ မှ ၁,၁၈၀) အထိ ပေါက်ဈေးရှိနေကြောင်းကုန်သည်များထံမှ စုံစမ်းသိရှိရပြီး အချိန်နှင့် အမျှဈေးနှုန်း ပြောင်းလဲနေ ကြောင်းသိရသည်။
⏩“ပြည်တွင်း စားအုန်းဆီဈေးကွက် အခြေအနေက ပြည်ပစားအုန်းဆီဈေးနှုန်း နှုန်းထားပေါ်လိုက်ပြီး ပြောင်းလဲနေတာဆိုတော့ ပြည်ပဈေးတက်ရင် လိုက်တက်မှာပဲ ။ အခုတစ်ပိသာက ၃,၈၀၀ အထိ ပေါက်ဈေးနဲ့ရောင်းတယ်။ ဈေးကတော့ အမြင့်ဈေးမှာပါ ။ အရောင်းအဝယ်ကတော့ ပုံမှန်လေး သွားနေတယ်” ဟုသင်္ဃန်းကျွန်းမြို့နယ်ရှိ စားအုန်ဆီ လက်လီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပြည်တွင်းစားအုံးဆီဈေးနှုန်းမှာ လက်လီဈေး တစ်ပိဿာ လျှင် ကျပ် ၂,၀၀၀ ကျော်သာရှိခဲ့ပြီး ထိုမှတဆင့် တစ်ပိသာလျှင် ၃,၅၀၀ အထိ မြင့်တက်ခဲ့ကာ လက်ရှိတွင် တစ်ပိဿာလျှင် ၃,၈၀၀ အထိ ဆက်လက်ရောက်ရှိလာခြင်းဖြစ်သည်။
⏩“ဒေါ်လာဈေးမြင့်တက်တဲ့အတွက်ဈေးတက်တာအပြင် နိုင်ငံရေးကြောင့် သင်္ဘောအချိန်မှီမဝင်တာတွေနဲ့ ဈေးကွက်ထဲ ပစ္စည်းရှားပါးမှုတွေလည်း ရှိလာတာပေါ့၊ တစ်ချို့ကျတော့လည်း ထုတ်မရောင်းပဲ လှောင်ထားတာတွေရှိတယ်၊ ဒါတွေရဲ့ နောက်ဆက်တွဲဈေးတက်တာပါ” ဟု ဆီစက်လုပ်ငန်းရှင် ဦးမြတ်ထွန်းက ပြောသည်။ ယင်းအပြင် စားအုန်းဆီကို အဓိကတင်သွင်း နေသည့် ပြည်ပနိုင်ငံများ တွင်လည်း ရာသီဥတုဖောက်ပြန်သည့် အခြေအနေများနှင့် Covid ၏ အကျိုးသက်ရောက်မူကြောင့် ထုတ်လုပ်မူလျော့နည်းလာခြင်းတို့ကြောင့် ပြည်တွင်းသို့အဝင်နည်းကာ ဈေးနှုန်းများ မြင့်တက်နေခြင်း လည်း ဖြစ်ကြောင်း ဆီကုန်သည်များက သုံးသပ်ကြသည်။
⏩ပြည်တွင်းမှာ စားအုန်းဆီဈေး အမြင့်ဆုံးရောက်ရှိနေသောကြောင့် ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီ တင်သွင်းသည့်ကုမ္ပဏီများကို တိုက်တွန်းထားကြောင်းလည်း မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်း ကပြောထားခြင်းလည်းရှိခဲ့သည်။ ပြည်တွင်း ၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော်အထိရှိပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၄သိန်း ခန့်သာရှိသောကြောင့် နှစ်စဉ် တန်ချိန် ၆သိန်း မှ ၇သိန်ကြားအား မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်း သိရသည်။
⏩ဈေးကွက်သတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : အက္ခရာ (AMIA)