menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းဂျုံသီးနှံ တစ်အိတ်လျှင် ကျပ်နှစ်သိန်း အထိ ဖြစ်လာ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
▶️ပြည်တွင်း၌စိုက်ပျိုးသည့် မြန်မာလယ်ယာထွက်ကုန် ဂျုံသီးနှံများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည့်အပြင် ပြည်ပမှတင်သွင်းမှုမရှိခြင်းကြောင့် ဈေးနှုန်းမှာ လက်ရှိတွင် သုံးတင်းဝင်တစ်အိတ် ကျပ် ၂၀၀,၀၀၀ အထိ ဈေးမြင့်တက်လာနေကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။
▶️ဂျုံသီးနှံများသည် မန္တလေးဈေးကွက်သို့ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်စသည့် ဒေသများမှ ဝင်ရောက်ကာ အရောင်းသွက်နေပြီး ပြီးခဲ့သည့်မတ်လ က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ သာရှိခဲ့ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
▶️“ဒီနှစ်မှာ ဂျုံသီးနှံက အထွက်နှုန်းကောင်းမွန်တဲ့အပြင် အမြင့်ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဂျုံကတော့ ကမ္ဘာမှာစားသုံးမှုအများဆုံးသီးနှံဖြစ်တယ်။ မြန်မာနိုင်ငံမှာဆန်စပါးပြီးရင် ဂျုံသီးနှံဟာ ဒုတိယအများဆုံးစားသုံးတဲ့ သီးနှံဖြစ်ပါတယ်။ ယခု ၂၀၂၂ ခုနှစ်မှာ ဂျုံဈေးတွေကောင်းနေတဲ့အတွက် တောင်ပေါ် မြေပြန့် ဂျုံစိုက်တောင်သူတွေအဖို့ အမြတ်အစွန်းရပြီး အကျိုးရှိတဲ့နှစ်ဖြစ်ပါတယ်။ ယခုလို ဂျုံဈေးတွေကောင်းနေတာကြောင့် လာမယ့်နှစ်ဂျုံရာသီမှာ စိုက်ဧကတွေတိုးလာမှာပါ။ ဂျုံစားသုံးမှု ကလည်း တစ်နှစ်ထက်တစ်နှစ်များပြားလာပါတယ်။ ဂျုံကလည်း မြန်မာပြည်အတွက် စားသုံးတဲ့ နေရာမှာ အရေးပါတဲ့အရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
▶️ဂျုံသီးနှံကို မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အဓိကထားစိုက်ပျိုးကြ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။
Sources : ရွှေမန်း