menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းသကြားစျေး စံချိန်တင် ဆက်လက်မြင့်တက်လာခြင်းနှင့်အတူ ကြံတစ်တန်စျေး ကျပ် ၅၅,၀၀၀ ထိ တိုးမြှင့်ပေးလာ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
🔸ပြည်တွင်းသကြားစျေး စံချိန်တင်ဆက်လက်မြင့်တက်လာခြင်းကြောင့် ကြံတစ်တန်စျေး ကျပ် ၅၅,၀၀၀ ထိ တိုးမြှင့်ပေးလာကြောင်း သိရသည်။ ပြည်တွင်းသကြားစျေးများ တဖြေးဖြေး မြင့်တက်လာရာ စက်တင်ဘာလ ၁၆ ရက်နေ့တွင် တစ်ပိသာကျပ် ၁,၇၅၀ စျေးထိ စံချိန်တင်မြင့်တက်လာသဖြင့် ယခု ကြံရာသီတွင် ကြံတစ်တန်ကျပ် ၅၅,၀၀၀ စျေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ရှမ်းမြောက်ဒေသရှိ မိုင်းရယ်သကြားစက်ရုံနှင့် ငွေရည်ပုလဲသကြားစက်ရုံများက စက်တင်ဘာ (၁၅) ရက်နေ့က တောင်သူများထံ အသိပေးထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ ထို့သို့ကြံစျေး တိုးမြင့် ပေးလာတာကြောင့် ကြံတောင်သူများအနေဖြင့် သွင်းအားစုသုံးစွဲရန်အတွက် ပိုမိုအဆင်ပြေလာနိုင်ပြီး တစ်ဧကအထွက်နှုန်းတိုးလာစေရန် ဆောင်ရွက်လာနိုင်ကြောင်း ကြံသကြား လုပ်ငန်းရှင် ဦးဝင်းဌေး က ပြောသည်။
🔸“ဒီရက်ပိုင်းဒေါ်လာစျေးတက်လာတာရယ် ၊နိုင်ငံတကာသကြားစျေးမြင့်တက်လာတာကြောင့် ပြည်တွင်းသကြားစျေးက ကျပ် ၁,၇၅၀ ကျော် ဆက်လက်မြင့်တက်လာပါတယ်။ ဒီလိုသကြားစျေး တက်လာတော့ ပြည်တွင်း စက်ရုံတွေကလည်း ကြံတစ်တန်စျေးကို ကျပ် ၅၀,၀၀၀ ကနေ နောက်ထပ် ကျပ် ၅,၀၀၀ တိုးပေးလာတာပါ။ တောင်သူတွေက သွင်းအားစုစျေးကြီးကြီးပေးဝယ်ရတော့ သိပ်မသုံးနိုင်ဘူး။ ကြံစျေးပိုရလာတော့ အထွက်နှုန်းတိုးအောင် ပိုဂရုစိုက်လာနိုင်တာပေါ့။ ရှမ်းမြောက် ဒေသ သကြားစက်ရုံတွေက စျေးတိုးမြှင့်ပေးနေပါတယ်။ သို့သော်လည်း ပြည်တွင်း မုန့်လုပ်ငန်းတွေ အတွက်တော့ သကြားစျေးတက်လာတော့ ထုတ်လုပ်မှုစရိတ်မြင့်တက်လာတယ်။ လက်ရှိမှာ စျေးကွက် ရောင်းချမှုက မကောင်းသေးချိန်ဆိုတော့ တွက်ခြေမကိုက် ဖြစ်လာတယ်” ဟု ၎င်းကပြောသည်။
🔸ဒေါ်လာစျေးမြင့်တက်လာမှုက သကြားစျေးကို ဆက်လက်မြင့်တက်လာနိုင်ကြောင်း ၊ လက်ရှိအချိန်တွင် ပြည်တွင်း သကြားသုံးစွဲမှုလျော့ကျနေသော်လည်း ကုန်သည်များ၏ စျေးကစားမှုကြောင့်လည်း သကြားစျေး မြင့်တက်နေကြောင်း သိရသည်။ ပြည်တွင်းသကြားစျေးမြင့်တက်လာခြင်းမှာ နိုင်ငံတကာသကြားစျေးမြင့်တက်နေခြင်းကြောင့်လည်းဖြစ်ပြီး လက်ရှိတွင် သကြားတင်သွင်းမှုမရှိဘဲ ပြည်တွင်းလက်ကျန်သကြားများကိုသာ ထိန်းသိမ်းရောင်းချနေကြောင်း သကြားကုန်သည်တစ်ဦးက ပြောသည်။
🔸လာမည့်ကြံရာသီတွင် ဝယ်ယူမည့် ကြံစျေးနှုန်းများကို ရှမ်းမြောက်ဒေသ သကြားစက်ရုံများက ထုတ်ပြန်ကြေငြာနေသော်လည်း ပဲခူး ၊ မန္တလေး နှင့်စစ်ကိုင်းတိုင်းဒေသကြီးများရှိ အခြားသကြားစက်များမှာ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းနှင့် မောင်းကုန်းဒေသမှ ကြံစိုက်တောင်သူများမှာ ယခင်ရာသီက ကြံဖိုးပင် မရရှိသေးကြောင်း လက်ရှိအချိန်တွင် ကြံစိုက်ခင်းများကို ပေါင်းရှင်း မြေဆီထည့် လုပ်ငန်းများကို မဆောင်ရွက်နိုင်ခြင်းကြောင့် ကြံ အတွက်နှုန်းလျော့ကျမည့် အခြေအနေရှိကြောင်း ကသာမြို့နယ် ကြံတောင်သူ ဦးချိုတူးက ပြောသည်။
Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)