menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းကြက်သွန်နီဈေးကွက် လက်ရှိအခြေအနေ
🧅🧅🧅🧅🧅🧅🧅🧅🧅🧅
▶️မန္တလေးကြက်သွန်နီဈေးကွက်တွင် ဇန်နဝါရီတတိယပတ်မှစ၍ လက်ရှိအချိန်၌ လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ဝန်းကျင် ဈေးကျဆင်းလာကြောင်း ကိုင်းတန်းဈေးရှိ ကြက်သွန်နီ ဈေးကွက်မှ သိရသည်။ ယခု မန္တလေးဈေးကွက်သို့ရောက်ရှိလာသောကြက်သွန်နီများမှာ နွေကြက်သွန်(အကြမ်း)ဖြစ်၍ ပြီးခဲ့သည့် (၃)လဝန်းကျင်က စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီအသစ် များမှာ များသောအားဖြင့် အစိုများဖြစ်သည်ဟု ဆိုသည်။
▶️“ဒီနှစ်ပတ်အတွင်း အများကြီးဈေးကျတယ်။ ပြီးခဲ့တဲ့ရာသီက ကြက်သွန်နီကို မိုးကြက်သွန်လို့ခေါ်ပြီး မြိတ်စားဖြစ်တော့ အူတိုင်ပါတယ်။ စိုက်သူနည်းသလို ရာသီဥတုကြောင့်ထွက်နှုန်းနည်းခဲ့လို့ ဈေးကောင်း ရခဲ့ကြတယ်။ ခုကြက်သွန်က တစ်နှစ်လုံးလှောင်လို့ရတဲ့ ကြက်သွန်ဖြစ်သလို ဈေးကွက်ထဲ အတိုးပဲရှိမယ်” ဟု အဆိုပါဈေးရှိ ကြက်သွန်နီပွဲရုံပိုင်ရှင် ကိုမောင်က ပြောသည်။
▶️လက်ရှိကြက်သွန်နီဈေးကွက်တွင် ပြီးခဲ့သည့် ဇန်နဝါရီစတုတ္တပတ်က တစ်ပိဿာ ဈေးနှုန်းများအရ ကြက်သွန်နီ(ထိပ်စ)မှာ ငွေကျပ် ၂,၀၀၀ နှင့် အောက်စမှာ ငွေကျပ် ၁,၅၀၀ ဝန်းကျင်ရှိခဲ့ရာက ယခု လက်ရှိတွင် ငွေကျပ် ၅၀၀ဝန်းကျင်စီ ဈေးကျဆင်းခဲ့ကြောင်း၊ ပုံမှန်အရ လက်ရှိအချိန်သည် ကြက်သွန်နီဈေးကွက် ကျဆင်းချိန်ဖြစ်သော်လည်း ပြည်ပမှဝယ်ယူမှုရှိနေသဖြင့် ဈေးကျဆင်းမှု နှေးကွေးခြင်းဖြစ်သည်။
▶️“ဈေးကွက်အကြိုက်က အလတ်အရွယ်ပေါ့။ လက်လီရောင်းတဲ့သူတွေမှာ အကြီးက မရောင်းရဘဲ အလတ်အရွယ်က အများဆုံးရောင်းရတယ်။ ပြည်ပဝယ်လက်ကလည်း အသေးနဲ့အလတ်ပဲ ဝယ်တယ်။ လာမယ့်ရက်တွေမှာ ဈေးကျရင်လည်း ထိပ်စက တစ်ပိဿာ ငွေကျပ် ၁,၂၀၀ ဝန်းကျင်လောက်နဲ့ အရည်အသွေးညံ့ရင် ငွေကျပ် ၁,၀၀၀ အောက် ရောက်မယ်။ ကြက်သွန်သဘာ၀အရ အသေးအလတ်က ရေရှည်အထားခံပြီး လှတယ်။ အရွယ်ကြီးတွေက ရက်ကြာလာရင် အလှနည်းသွားတယ်” ဟု ဆက်လက်ပြောကြားသည်။
▶️ယခုစိုက်ပျိုးထွက်ရှိသော ကြက်သွန်နီ(အသစ်)များမှာ လာမည့် ဧပြီလထိ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်၍ ဈေးကွက်သဘောတရားအရ အဝင်များသဖြင့်ဈေးကျဆင်းကြောင်း၊ လာမည့် ကြက်သွန်နီဈေးကွက် အနေအထားမှာ မြစ်သား(ထိပ်စ)တစ်ပိဿာ ငွေကျပ် ၁,၂၀၀ ဝန်းကျင်ရှိနိုင်၍ အရည်အသွေးအရ ယင်းဈေးနှုန်းထက် လျော့ကျနိုင်ကြောင်း သိရသည်။
▶️မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်စိုက်ပျိုးထွက်ရှိမှုမှာ ပြီးခဲ့သည့်ဈေးကွက်မှ မိုးကြက်သွန်နီများမှာ စိုက်ပျိုးသူနည်းပါးခြင်း နှင့် ရာသီဥတုအခြေအနေကြောင့် တစ်ဧကလျှင် ကြက်သွန်နီ ပိဿာချိန် ၁,၀၀၀ မှ ၂,၀၀၀ ဝန်းကျင်သာထွက်ရှိခဲ့ပြီး ယခုဈေးကွက်မှကြက်သွန်နီမှာ တစ်ဧကလျှင် ပိဿာချိန် ၃,၀၀၀ ဝန်းကျင်ထိထွက်ရှိရာ ထွက်နှုန်းကောင်းလာကြောင်း သိရသည်။
▶️သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း