menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းကြက်သွန်နီစျေးကွက် အခြေအနေ
🧅🧅🧅🧅🧅🧅🧅🧅🧅🧅
🔸စျေးကွက်တွင် လက်ကျန်နည်းပြီး ပြည်ပအဝယ်စွဲ၍ စျေးကျသွားသည့် ကြက်သွန်နီစျေးပြန်လည် မြင့်တက်လာပေမယ့်လည်း ထပ်ပြီး တက်နိုင်ခြေမရှိတော့ကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်။ လက်ရှိ တောင်သူလက်ထဲတွင် ကြက်သွန်နီလက်ကျန်နည်းနေပြီး ဝယ်ယူသိုလှောင်ထား သည့် လုပ်ငန်းရှင်များ လက်ထဲတွင်သာ ကျန်ရှိတော့သည်ဖြစ်၍ စျေးနှုန်း ပြန်လည်မြင့်တက်လာ ခြင်းဖြစ်ကြောင်းလည်း သိရသည်။
🔸“ဒီစျေးကအမြင့်စျေးနေမှာပါ ပိုတော့မတက်လောက်ဘူး။ ပွဲရုံစျေး ၄,၀၀၀ အထက်တော့ မတက်နိုင်ပါဘူး။ အဲ့စျေးထက်မြင့်ရင်လဲ စားသုံးသူဘက်က ဘယ်လိုမှအဆင်မပြေတော့ဘူး။ အဲ့နားရောက်ရင်တော့ ပြန်ဆင်းတာပဲရှိတယ် တက်လေ့မရှိဘူး။ အခုက လက်ကြီးသမားတွေ လက်ထဲမှာပဲရှိတာ။ စိုက်စရိုက်ကြီးလာတော့ စျေးက အရင် ၂၀၁၉၊ ၂၀၂၀ က ၁,၀၀၀စျေး နဲ့ ညီသွားတာပေါ့” ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။
🔸ရန်ကုန် လက်လီစျေးကွက်တွင် ကြက်သွန်အလုံးသေးတစ်ပိဿာလျှင် ၄,၀၀၀ကျပ် ထိရှိပြီး မြစ်သား ကြက်သွန်တစ်ပိဿာလျှင် ၅,၀၀၀ကျပ် အထိ ပေါက်စျေးရှိနေကြောင်း အိမ်ရှင်မများထံမှ သိရသည်။ “တောင်သူတွေလက်ထဲမှာ ကြက်သွန်မရှိတော့ဘူး ကုန်ပြီ၊ လက်ကျန်နည်းသွားတဲ့သဘောပါ၊ တရုတ်ဘက်ကလဲ ကြက်သွန် သိပ်မဝင်တော့ဘူးကြားတယ်။ လောလောဆယ်တော့ အရောင်းအဝယ် တော့ လိုက်နေတယ်။ အဓိက က အရောင်းအဝယ်သွက်လာတာကြောင့် ကုန်ရှားလာပြီး စျေးမြောက်နေတာပေါ့” ဟု မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ ကြက်သွန်ကုန်သည် ကိုအောင်စိုးမြင့်က ပြောသည်။
🔸ဗီယမ်နမ်နိုင်ငံမှ ကိုယ်စားလှယ်များမှ ပြည်တွင်းစျေးကွက်အထိ အဝယ်ဆင်းလာသည့်အတွက် ပြည်ပ အဝယ်ဆွဲကာ ကုန်ရှားလာခြင်းလည်းဖြစ်ကြောင်း သိရသည်။ ယခင်က တောင်သူ တောစျေး တစ်ပိဿာလျှင် ၂,၂၀၀ ကျပ် မှ လက်ရှိတွင် တစ်ပိဿာလျှင် ၃,၅၀၀ အထိ မြင့်တက်ခဲ့ပြီး ပွဲရုံစျေးမှာ တစ်ပိဿာလျှင် ၄,၀၀၀ ပတ်ချာလည်တွင်ရှိကြောင်း သိရသည်။
🔸“အရင်က အလုံးသေးကို ၃,၅၀၀ ပဲ ပေးရတယ်။ အခု အသေးလေးကို ၄,၀၀၀၊ ၄,၅၀၀ ပေးရတယ်။ မြစ်သားဆို ၅,၀၀၀ ထိ စျေးမြင့်တက်လာတယ်၊ ကြက်သွန်စိုက်တောင်သူရှိတဲ့ဒေသသာ စျေးကျမယ်။ ရန်ကုန်မှာက အစကတည်းကကိုမကျတာ အခုပိုတက်လာတာ၊ ဆီစျေးကတော့ ကျသွားတယ်” ဟု ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။ ပြည်တွင်းစျေးကွက်သို့ နိုဝင်ဘာလဝက်မှသာ ကြက်သွန်နီသစ်များဝင်ရောက်တော့မည်ဖြစ်ပြီး ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ အထိ ဆက်တိုက် ပေါ်မည်ဖြစ်ကြောင်းသိရသည်။
🔸လတ်တလောတွင် ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် သွင်အားစုများစျေးကြီးနေခြင်း၊ သယ်ယူပို့ဆောင်ရေးအပါအဝင်အခြားအခက်ခဲများစွာရှိနေခြင်း တို့ကြောင့် ကြက်သွန်စိုက်ပျိုးသူ တစ်နှစ်ထက်တစ်နှစ်နည်းလာကြောင်း သိရသည်။ စိုက်ပျိုးမှုနည်းပြီး မြေဩဇာကောင်းကောင်း မသုံးနိုင်ခဲ့သည့်အတွက် အထွက်နှုန်းအပြင် အရည်သွေးလည်းကျဆင်းနေကြောင်း တောင်သူများထံမှ သိရသည်။
🔸ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်အရ ဆိပ်ဖြူ(ရှယ် )၃,၇၀၀ မှ ၃,၉၀၀ ကျပ်၊ ဆိပ်ဖြူ(လတ်ကြီး ) ၃,၆၀၀ မှ ၃,၇၀၀ ကျပ်၊ မြင်းခြံ (ကံဆင့်) (ရှယ်) ၄,၂၀၀ကျပ်၊ မြင်းခြံ (လတ်ကြီး) ၄,၀၀၀ ကျပ်၊ တောင်သာ( ရှယ်) ၃,၄၀၀ကျပ်၊ (လတ်ကြီး) ၃,၂၀၀ အထိ ပေါက်စျေးရှိကြောင်းသိရသည်။
🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)