menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းမြေပဲဆီဈေးများ အခြေအနေ
🥜🥜🥜🥜🥜🥜🥜🥜🥜🥜
✔️ ပြည်တွင်းစားသုံးသူဈေးကွက်တွင် ပြီးခဲ့သည့်ဩဂုတ်လနောက်ဆုံးပတ်မှစတင်၍ မြေပဲဆန်ဈေးများကျဆင်းလာခြင်းနှင့်အတူ မြေပဲဆီစစ်စစ်ဈေးနှုန်းများကျဆင်းလာပြီး အကျဘက်သို့ဦးတည်နိုင်ကြောင်း မြေပဲဆီစစ်စစ်ရောင်းချသည့် ဆီစက်ပိုင်တစ်ဦးကပြောသည်။
✔️ "အခုချိန်မှာ ပြည်တွင်းဒေသအသီးသီးက မြေပဲအထွက်များလာပြီ။ ဈေးကွက်မှာ မြေပဲဆန်ဈေးကျလာတော့ သစ်သားကြိတ်ဆုံနဲ့ ကြိတ်ရောင်းတဲ့ မြေပဲဆီစစ်စစ်လည်း ဈေးချပေးပါတယ်။ ကျနော်တို့အနေနဲ့က မြေပဲဆန်ဈေးကျရင် ဆီဈေးချပေးတယ်။ အခြား အရောအနှောဆီတွေကတော့ သူတို့ဈေးနဲ့သူတို့ရောင်းကြမှာပါ" ´ဟု ၎င်းကပြောသည်။
✔️ ကြိတ်ဆုံဖြင့်ကြိတ်သည့် မြေပဲဆီစစ်စစ်လက်ရှိပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၁၄,၀၀၀ ဖြစ်ရာ ငွေကျပ်တစ်ထောင်ဝန်းကျင် ဈေးကျဆင်းခဲ့ကြောင်း၊ အချို့ဆီစက်များက မြေပဲဆီစစ်စစ် တစ်ပိဿာ ငွေကျပ် ၁၅,၀၀၀-၁၆,၀၀၀ ဝန်းကျင်ရောင်းချပြီး ရောနှောဆီများမှာ တစ်ပိဿာငွေကျပ် ၁၂,၀၀၀-၁၃,၀၀၀ ဝန်းကျင်ပေါက်ဈေးရှိသည်။
✔️ "မြေပဲဆန်က လာမယ့်လတွေမှာ ဒီထက်ပိုပြီးဒေသအစုံထွက်တော့မှာဖြစ်သလို တရုတ်ကလည်း ဝယ်လိုအားမရှိသေးတော့ မြေပဲဆန်ဈေး အကျဘက်ရောက်နိုင်တယ်။ မြေပဲဆန်ဈေး တစ်ပိဿာ ငွေကျပ် ၇,၈၀၀လောက်တုန်းက ပဲဆီစစ်စစ်တစ်ပိဿာ ၁၆,၀၀၀ ဝန်းကျင်နဲ့ရောင်းတယ်။ ပဲဆန်ဈေးအတက်အကျပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိတယ်" ´ဟု ဆက်လက်ပြောကြားသည်။
✔️ လက်ရှိမြေပဲဆန်ဈေးနှုန်းများမှာ မြေပဲလုံးဆန် S1တစ်ပိဿာ ငွေကျပ် ၆,၈၀၀-၇,၀၀၀ ၊ S1 ဆီဆန် ငွေကျပ် ၆,၃၀၀-၆,၅၀၀၊ ပင်ပြန့်လုံးဆန်အဟောင်း ငွေကျပ် ၇,၁၀၀-၇,၄၀၀ ပေါက်ဈေးရှိကြောင်း၊ ယခင်လကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာငွေကျပ် ၅၀၀ ဝန်းကျင် ဈေးကျဆင်းခဲ့ကြောင်း သိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း(မကွေးဂျာနယ်)