menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းပြောင်းဈေးကွက် အခြေအနေ
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
🔘ဒေါ်လာစျေးပြန်ကျနေသည့်အပြင် တရုတ်တင်ပို့မှု လုံးဝရပ်နားထားရသည့်အတွက် ပြည်တွင်း ပြောင်းစျေး အနည်းငယ်ပြန်ကျဆင်းသွားကြောင်းသိရသည်။ သို့သော် ပြီးခဲ့သည့်နှစ်ပြောင်ပေါ်ချိန်နှင့် ယှဉ်ပါကစျေးအမြင့်စျေးတွင်ရှိကြောင်း ပြောင်းကုန်သည်များမှဆိုသည်။ ယခင်ဒေါ်လာစျေးမြင့်တက် ချိန်တွင် ပြောင်းတစ်ပိသာလျှင် ၇၀၀ မှ ၈၀၀ အထိရှိခဲ့ပြီး လက်ရှိပြောင်း တစ်ပိသာလျှင် ကျပ် ၆၅၀ မှ ၆၆၀ ကြားဝန်းကျင်ရှိကြောင်း အချိန်နှင့်အမျှစျေးပြောင်းလဲနိုင်ကြောင်းသိရသည်။
🔘“ဒေါ်လာစျေးတွေတက်သွားတော့ ပြောင်းစျေးတွေတက်သွားတာပါ အခုဒေါ်လာစျေးကငြိမ်သွားတော့ ပြန်ဆင်းသွားတဲ့သဘောပါ။ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင်တော့ အခုစျေးကအမြင့်စျေးမှာပါ။ တစ်ပိဿာ ၇၀၀ အထိကတော့ ကျလိုက်မြင့်လိုက်ပါပဲ” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင်က ပြောသည်။ လက်ရှိ နိုဝင်ဘာလမှာ မိုးပြောင်းပေါ်ချိန်ဖြစ်ပြီး စျေးကွက်တွင်းသို့ အနည်းငယ်သာ ဝင်နေသေးကြောင်း ၊အရောင်းအဝယ် ပုံမှန်အနေအထားတွင်ရှိကြောင်းသိရသည်။ “အရောင်းအဝယ်က တော့ ပုံမှန်သွားနေတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လေးငါးခြောက်ရက်က ကြေငြာထားတဲ့ ကုန်စည်တွေ အရောင်းဝယ်လုပ်တဲ့အခါမှာ ကျပ်သိန်းတစ်ရာထက်ပိုရင် digital banking system နဲ့ သွားရမယ်ဆိုတဲ့ အမိန့်တစ်ခုက တကယ်အသက်ဝင်လာတဲ့အခါမှာ လုပ်ရကိုင်ရတာ အခက်ခဲလေးတော့ရှိလာနိုင်တယ်” ဟု ဥက္ကဌ ဦးမင်းခိုင်က ဆက်လက်ပြောသည်။
🔘ဒေါ်လာစျေးမြင့်တက်နေသဖြင့် စက်သုံးဆီစျေးများပါ မြင့်တင်နေခြင်းကြောင့် ပြောင်းတင်ပို့ ရသည့်အချိန်တွင်ကားခစျေးကြီးသည့် အခက်ခဲများလည်း ရှိသေးကြောင်းသိရသည်။ တရုတ်နိုင်ငံမှ ကိုဗစ်ရောဂါအခြေအနေများကြောင့် နယ်စပ်ဂိတ်များအားပိတ်ထားခြင်းဖြစ်ပြီး လက်ရှိ အချိန် ကြာမြင့်လာပြီဖြစ်၍ ပြောင်းပေါ်ချိန်တင်ပို့နိုင်ရန် ပြန်လည်ဖွင့်ပေးရေးအတွက် ဆောင်ရွက်နေကြောင်း ကုန်သည်များထံမှ သိရသည်။ “တချို့နိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေသွားတာပေါ့။ အခုတရုတ်ပြည်ကို နယ်စပ်ကနေတင်ပို့နိုင်ဖို့ကုန်သည်တွေနဲ့စုပြီး တင်ပြဖို့လုပ်နေတယ်။ ခွင့်ပြုရင် အဆင်ပြေတာပေါ့” ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။
🔘လက်ရှိတွင် ပင်လယ်ရေကြောင်းမှတဆင့် normal trade အနေဖြင့် အိန္ဒိယနှင့်ဗီယမ်နမ်ဘက်သို့ အနည်းငယ်သာ တင်ပို့နေကြောင်းလည်းသိရသည်။ ပြည်ပနိုင်ငံများမှ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များရှိနေဦးမည်ဖြစ်၍ ပြောင်းစျေးကွက်အနေဖြင့်ပိုမိုကောင်းသည့်အလားအလာ ရှိကြောင်းသိရသည်။ ဆောင်းပြောင်းအား နိုဝင်ဘာလတွင် စတင်စိုက်ပျိုးတော့မည်ဖြစ်ကြောင်း သိရပြီးစိုက်ပျိုးရန်အတွက်လည်း ဒေါ်လာစျေး မြေဩဇာအပါအဝင် သွင်းအားစုစျေးများမြင့်တက်နေ၍ အစားထိုးသီးနှံများပြောင်းလဲစိုက်မှုများရှိကာ ပြောင်းအထွက်နှုန်းကျဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
🔘သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : AMIA Market News