menu

ပြည်တွင်းပြောင်းစျေးနှုန်း ပြန်လည်မြင့်တက်လာ


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

⏩ယခုနိုဝင်ဘာလဆန်းပိုင်းမှစ၍ ပြည်တွင်း ပြောင်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ပြောင်းဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။

⏩ပြီးခဲ့သည့်အောက်တိုဘာလက ပြောင်းများပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တန်ချိန် ၁၇၄,၉၇၀ နှင့် နယ်စပ်မှ တန်ချိန်၂,၈၇၀ ကျော်ရှိခဲ့ရာ တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်ရှိခဲ့ပြီး ထိုသို့တင်ပို့နိုင်မှုကြောင့် ပြည်တွင်းပြောင်းဈေးကောင်းလာကြောင်းသိရသည်။

⏩“ပြည်တွင်းပြောင်းဈေးက ပြီးခဲ့တဲ့စက်တင်ဘာမှာ ဈေးတက်လာတယ်။ Export ရှိတော့ ဝယ်လိုအားကြောင့်ဈေးမြင့်လာတာ။ ပြောင်းမှာအစိုနဲ့ အခြောက်ရှိပြီး ဈေးကွာတယ်။ ဝယ်သူတွေက ပွဲရုံအရောက်ဈေးနဲ့ ဈေးပေးတာပါ” ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။

⏩ပင်လယ်ရေကြောင်းမှ ဖိလစ်ပိုင်သို့ တန်ချိန် ၈၅,၈၆၀ ကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး၊ ဗီယက်နမ်သို့ တန်ချိန် ၇၁,၁၁၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန် ၁၃,၅၀၀ ကျော်၊ သီရိလင်္ကာသို့ တန်ချိန် ၃,၀၀၀ ကျော်၊ တရုတ်သို့ တန်ချိန် ၇၈၀ကျော်၊ မလေးရှားသို့ တန်ချိန် ၆၀၀ကျော်နှင့် ဟောင်ကောင်သို့ တန်ချိန် ၁၀၀ နီးပါးတင်ပို့ခဲ့ခြင်း ဖြစ်သည်။

⏩ပြောင်းဈေးနှုန်းမှာ အောက်တိုဘာလက တစ်ပိဿာ ၁,၀၀၀ ကျပ်ဝန်းကျင်မှ နိုဝင်ဘာလပထမပတ်တွင် တစ်ပိဿာ ၁,၁၀၀ ကျပ် ဝန်းကျင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း