menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းစားအုန်းဆီစျေး ပြန်လည်မြင့်တက်လာ
🎋🍂🎋🍂🎋🍂🎋🍂🎋🍂🎋
⏭ပြည်တွင်းမှ အဓိကတင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်း၍ မရတော့သောကြောင့် စျေးနှုန်းများပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်းများထံမှသိရသည်။
⏭မြန်မာနိုင်ငံအနေဖြင့် စားအုန်းဆီများအား အင်ဒိုနီးရှားနိုင်ငံမှ အဓိက တင်သွင်းနေခြင်းဖြစ်ပြီး အဆိုပါနိုင်ငံမှ နိုင်ငံအတွင်းဖူလှုံဖို့အတွက် နှင့် စျေးနှုန်းကျဆင်းရန် ပြည်ပနိုင်ငံများထံသို့ စားအုန်းဆီ တင်ပို့မှုကို ဧပြီလ(၂၈)ရက် မှ စတင်ကာရပ်ဆိုင်းတော့မည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ပြည်တွင်း စျေးကွက်သို့သက်ရောက်မှုများရှိကာ စားအုန်းဆီစျေးများ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များကဆိုသည်။
⏭“တချို့ဆို အရောင်းရပ်ထားကြပါတယ်။ ဘာလို့လဲဆိုတော့ တင်သွင်းတာနည်းလာလို့ ခွဲတမ်းမရဘူး။ လိုသလောက်မရဘူး။ ဒါကလဲ မြန်မာနိုင်ငံတစ်ခုပဲ ဖြစ်နေတာမဟုတ်ဘူး အာဆီယံနိုင်ငံတွေ တော်တော်များများဖြစ်နေကြတာပါ” ဟု ပခုက္ကူပဲခွဲစက်မှ ဦးဝင်းမြင့်ဦး ကပြောသည်။ ယခင်တည်းက Covid-19 ကပ်ရောဂါကြောင့် ဆီအုန်းစိုက်ခင်းများ၌ ပြည်ပလုပ်သားများ မလုံလောက်သည့်ပြဿနာ ဖြစ်၍ စားအုန်းဆီအထွက်နှုန်းများ လျော့ကျလာကာ စျေးကွက်လိုအပ်ချက် များလာပြီး ကမ္ဘာစားအုန်းဆီစျေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
⏭နောက်ဆက်တွဲအနေဖြင့်ပြည်တွင်းမှာပါ လိုက်ပါမြင့်တက်လာကာ စားအုန်းဆီ လက်လီတစ်ပိဿာလျှင် ၇,၀၀၀ နီးပါးအထိ ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ “စားအုန်းဆီက တစ်ပိဿာကို ၆,၇၀၀ ကျပ် ရောင်းပါတယ်။ ဒီအပတ်အတွင်း တက်သွားတာပါ။ စျေးတက်တော့ အရောင်းဝယ် အေးတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ လေးထောင့်ကန်လမ်းပေါ်ရှိ လက်လီလက်ကားရောင်းချ နေသည့်ဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
⏭ပြည်တွင်းအပြင် တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် FOB စျေးနှုန်းများအပေါ် အခြေခံတွက်ချက်မှုအရ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများမှာ စားအုန်းဆီစျေးနှုန်းမြင့်တက်နေကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ထံမှလည်းသိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် စားသုံးသူပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စားသုံးဆီ လက်လီစျေးကားများဖြင့် ဆီတစ်ပိသာလျင် ၅,၆၀၀ကျပ် နှုန်းဖြင့် ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
⏭ဒေါ်လာစျေးအပြင် ပြည်ပနိုင်ငံများမှ အဝယ်စျေးပါမြင့်တက်နေခြင်းဖြစ်၍ ဆီလုပ်ငန်းရှင်များပါ ထိခိုက်မူ များရှိခဲ့ပြီး တချို့သောလုပ်ငန်းရှင်များ လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။ “စားအုန်းဆီ စျေးတက်နေလို့ အခုဆိုင်ခဏရပ်ထားရတယ်။ ၇,၆၀၀ နဲ့တော့ ဝယ်ပြီး ကြော်မရောင်းနိုင်ဘူး။ စားအုန်းဆီက ခဏခဏတက်နေတာ အဆင်မပြေဘူး” ဟု အကြော်ရောင်းချသူ ဒေါ်လှမြင့်က ပြောသည်။
⏭ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန်၁၀သိန်းကျော်အထိ ရှိသောကြောင့် နှစ်စဥ်တန်ချိန် ၆သိန်း မှ၇သိန်ကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။ ထိုကဲ့သို့ စျေးနှုန်းများမြင့်တက်နေခြင်းကြောင့် ပြည်ပမှ တင်သွင်း နေရသည့် စားအုန်းဆီများအားစားသုံးမှုအတွက် ပြည်တွင်းထုတ်မြေပဲဆီ နှမ်းဆီများကိုပိုမိုပြောင်းလဲ စားသုံးသင့်ကြောင်းသုံးသပ်ကြသည်။ စားအုန်းဆီမြင့်တက်ခြင်းကြောင့် မြေပဲဆီ၊ နှမ်းဆီဈေးများလည်း တစ်ပိဿာကို ၁,၀၀၀ နီးပါးအထိ မြင့်တက်လာသည်။
⏭သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News