menu

ပြည်တွင်းစားသုံးမှုမြင့်မားခြင်းကြောင့် ကုလားပဲအုပ်စုဝင်ပဲများ ဈေးကောင်းရရှိနေ


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

⏯ပြည်တွင်းစားသုံးမှုမြင့်မားလာခြင်းကြောင့် ကုလားပဲအုပ်စုဝင်ပဲများ မန္တလေးဈေးကွက်အတွင်းသို နယ်စုံမှ လှိုင်လှိုင်ဝင်ရောက်လာနေပြီး ဈေးကောင်းလည်း ရရှိနေကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။

⏯ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ စသည့်နယ်များမှ လှိုင်လှိုင်ဝင်ရောက်လာနေပြီး ပြီးခဲ့သည့်နှစ်ကာလတူ ကုလားပဲသုံးတင်းဝင်တစ်အိတ် ကျပ် ၈၀,၀၀၀ ဈေးရှိခဲ့သော်လည်း၊ ယခုနှစ်တွင် ကျပ် ၁၁၆,၀၀၀ ထိပေါက်ဈေးရှိကာ ဈေးကောင်းနေ ကြောင်း မန္တလေးမြိုမှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

⏯“ကုလားပဲက မြန်မာလူမျိုးတွေရဲ့ ကြိုက်နှစ်သက်ဆုံး ပဲ ဖြစ်တယ်။ စားတဲ့နေရာမှာလဲ အာဟာရ ဖြစ်တဲ့အပြင် အရသာမှာလည်း ကောင်းမွန်တဲ့အတွက် မြန်မာလူမျိုးတွေဟာ ကုလားပဲကို မျိုးစုံလုပ်စားကြပါတယ်။ အလှူအတန်းတွေမှာလည်း မပါမဖြစ်ကြိုက်နှစ်သက်တဲ့ ပဲပါ။ ခုချိန်မှာ ကုလားပဲကို ပြည်တွင်းစားသုံးမှုအနေနဲ့ မန္တလေးမှာ စက်တွေအားလုံးနီးပါး လည်ပတ်နေရပါတယ်။ အလုပ်သမားတွေလည်း အလုပ်အကိုင်တွေရရှိနေတယ်။ ကုလားပဲကို သိုလှောင်သမားတွေလည်း ဝယ်ကြတယ်။ အိန္ဒိယဝယ်လက်တွေကလည်း ဝယ်ယူနေကြပါတယ်။ ဒီနှစ်အဖို့ ရာသီဥတုကောင်းမွန် တယ်။ ပိုးမွှားဖျက်ဆီးမှုကလည်း ကင်းရှင်းတဲ့အတွက် ကုလားပဲအထွက်နှုန်းကလည်း တိုးတယ်။ ကုလားပဲအထွက်နှုန်းဟာ ၂၀၂၁ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်း တိုးထွက်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ၎င်းက ပြောသည်။

⏯ကုလားပဲကို တစ်နှစ်လျှင်တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကာ အထက်အညာဒေသ တိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးကြပြီး၊ အောက်ပိုင်းဒေသများတွင်မူ ဟင်္သာတနှင့် ပဲခူးဒေသတစ်ဝိုက်တို့တွင်လည်း အနည်းငယ်စိုက်ပျိုးကြကြောင်း သိရသည်။ ကုလားပဲအုပ်စုအနေဖြင့် ဗမာကုလားပဲ၊ ထိုင်ဝမ်ကုလားပဲ၊ V2၊ V7၊ 929 စသည်ဖြင့် အမျိုးအစားများဖြစ်သည်။

⏯သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း(The Farmer Myanmar)