menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ပြည်တွင်းစားသုံးသည့်ဆန်များ ရက်ပိုင်းအတွင်း ဈေးမြင့်တက်လာ”
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✅ပြည်တွင်းစားသုံးသည့် ဆန်ဈေးကွက်တွင် ဆန်စက်များမှ ဆန်ထုတ်လုပ်မှုလျော့နည်းလာသဖြင့် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်ကစ၍ အနည်းငယ်ဈေးလှုပ်ခဲ့ပြီး လက်လီဈေးကွက်၌ ဆန်တစ်ပိုင်းလျှင် ငွေကျပ် ၃,၀၀၀ မှ ၅,၀၀၀ ဝန်းကျင် ဈေးမြင့်တက်လာကြောင်း သိရသည်။
✅ “ဆန်စက်တွေက လိုသလောက် ထုတ်မရောင်းနိုင်လို့ ဆန်သစ်ဈေးတက်လာတယ်။ စက်တွေက လျှပ်စစ်ဓာတ်အား လုံလောက်စွာမရလို့ ဝယ်လိုအားရှိသလောက် စပါးကြိတ်ခွဲတာမလုပ်နိုင်တော့ တာရယ်၊ ပဲပေါ်ချိန်မှာ ဆန်ဈေး ကစားလာတာကြောင့် ဈေးလှုပ်လာတယ်ထင်တယ်။ လေးရက်ဝန်း ကျင်လောက်မှာ ဆန်ဈေးလှုပ်လာတာပါ” ဟု စိန်ဆန်ပွဲရုံမှ ပြောသည်။
✅ဆန်ဈေးကွက်တွင် ဆန်သစ်များ ဈေးမြင့်တက်လာသဖြင့် လက်ကျန်ဆန်းဟောင်းများလည်း ဈေး တက်လာခဲ့ရာ ပေါ်ဆန်မွှေးထိပ်စ တစ်ပိုင်းလျှင် ငွေကျပ် ၉၀,၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး အခြား ဆန်သစ်များမှာ အမျိုးအစားအလိုက် တစ်ပိုင်းလျှင် ငွေကျပ် ၃,၀၀၀ ဝန်းကျင်နှင့်အထက် ဈေး တက်လာကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ဆန်ဈေးကွက်တည်ငြိမ်နေရာက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှစ၍ ဈေးလှုပ်လာပြီး စပါးဈေးမှာလည်း မြင့်လာကြောင်း သိရသည်။
✅ “ဈေးတက်တာက တစ်ပတ်အတွင်း တက်သွားတာ။ ရွှေဘိုဘက်မှာလည်း လမ်းကြောင်း အခက်အခဲရှိတာရယ်၊ ဒီနှစ်မှာ ဆန်သစ်အထွက်နှုန်းနည်းတာရယ်နဲ့ အခြားအကြောင်းတွေကြောင့်ဖြစ် မယ်။ ပေါ်ဆန်းဘေးကြားဆိုရင် တစ်ပိုင်းကို တစ်သောင်းနီးပါး ဈေးတက်တယ်။ အခြားနယ်တွေက အဝယ်လိုက်လာလို့ ရွှေဘိုဆန်တွေ ဈေးအတက်ဆုံးပြောရမယ်” ဟု ကျော်ဆန်ပွဲရုံမှ ပြောသည်။
✅အလားတူ ပြည်ပတင်ပို့သည့် ဆန်ကြမ်းဈေးများလည်း ရက်ပိုင်းအတွင်း အနည်းငယ်မြင့်တက်လာ သကဲ့သို့ စပါးဈေးမှာလည်း တင်း၁၀၀လျှင် ငွေကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင် ဈေးတက်လာ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ မြန်မာ့ဆန်ကို G to G ဖြင့် နှစ်စဉ်ဝယ်ယူရန် စာချုပ်အရ ဇန်နဝါရီ (၉) ရက်အထိ ဆန်တန်ချိန် ၁၇၄,၀၀၀ ကျော် တင်ပို့ပြီးဖြစ်၍ ဆန်တန်ချိန် ၂၅,၀၀၀ ကိုလည်း သင်္ဘောတင် နေဆဲဖြစ်ကြောင်း သိရသည်။
✅သီးနှံ၊ ဈေးကွက် နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း