menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းစျေးကွက်ဝင် စားတော်ပဲအား တိုးချဲ့စိုက်ပျိုးရန် အကြံပြု
🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃
✔️ ပြည်တွင်းစျေးကွက်အတွင်း စျေးကောင်းရရှိနေသည့် စားတော်ပဲကို သင့်တော်သည့် စိုက်ပျိုးမြေရှိသော တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပဲကုန်သည်များနှင့် စိုက်ပျိုးရေးပညာရှင်များထံက သိရသည်။
✔️ ကနေဒါနိုင်ငံမှ တင်သွင်းသည့် စားတော်ပဲများဝင်ရောက်လာသည်မှ ပြည်တွင်းတောင်သူများ ဈေးကွက်ယှဉ်ပြိုင်မရောင်းချနိုင်သော်လည်း ဧရာဝတီမြစ်ရိုးတလျှောက် စိုက်ပျိုးသည့် စားတော်ပဲမှာ သီးခြားဈေးကွက်ရှိနေသဖြင့် တိုးချဲ့ စိုက်ပျိုးသင့်သည်ဟု မန္တလေးပဲ၊နှမ်းကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမျိုးဆွေကပြောသည်။
✔️ "ကျွန်းစားတော်ပဲကလည်း ဧရာဝတီမြစ်ရိုးတစ်လျှောက် ဗန်းမော်၊ကသာ ကနေ မြစ်ဝကျွန်းပေါ်ဒေသ ထိစိုက်ပျိုးကြတယ်။ ပြည်တွင်းမှာ စားသုံးရတာ အရသာအကောင်းဆုံးပဲတစ်မျိုးဖြစ်တယ်။ နိုင်ငံခြားက တင်သွင်းလာတဲ့ စားတော်ပဲတွေနဲ့ အရသာလဲမတူဘူး။ စျေးကွက်လည်း မတူပါဘူး။ ကလေးဝက စားတော်ပဲ ၊မူးမြစ်ဝှမ်း စားတော်ပဲတွေကတော့ ရန်ကုန်-မန္တလေးစျေးကွက်ထဲရောက်မလာတော့ဘဲ ဒေသတွင်းမှာတင် ကုန်သွားတာပါ။ စျေးကွက်ထဲမှာတော့ ကနေဒါစားတော်ပဲတွေကို စားသုံးနေကြ တာပါ။ စျေးတတ်နိုင်တဲ့သူတွေလောက်ပဲ ကျွန်းစားတော်ပဲကို တစ်ခုတ်တရဝယ်စားဖြစ်နေတာပါ။ လက်ရှိ ပြည်တွင်းစျေးကွက်မှာ လက်ကျန်မရှိတော့သဖြင့် သုံးတင်းဝင်တစ်အိတ်ကျပ်သုံးသိန်းခန့်ပေါက် စျေးရှိနေပါတယ်” ဟု ဦးမျိုးဆွေက ပြောသည်။
✔️ လက်ရှိတွင် တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ကနေဒါစားတော်ပဲမှာ ပြည်တွင်းတောင်သူများ အကျိုးစီးပွားကာကွယ်ရန် ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့်မပြုသဖြင့် ထပ်ဆင့်စျေးနှုန်းကြီးမြင့် နေကြောင်း ၊ ကိုဗစ်ကာလ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွားပြီးနောက် ပြည်တွင်းရှိ ကနေဒါစားတော်ပဲ စျေးကွက်သည်ပင် စျေးမြင့်တက်လာကြောင်း မန္တလေးပဲကုန်များထံက သိရသည်။
✔️ “ကနေဒါစားတော်ပဲ တင်သွင်းမှုက ကျွန်းစားတော်ပဲစျေးကွက်တင်မဟုတ်ဘဲ ပြည်တွင်းသုံးကုလားပဲ စျေးကွက်ကိုပါ ထိခိုက်လို့ ပိတ်ထားတာပါ။ ပြည်တွင်း ကုလားပဲစျေးမြင့်တက်ချိန်ဆိုရင် ကနေဒါ စားတော်ပဲကို အစားထိုးသုံးပါတယ်။ ကုလားပဲစျေးမတက်ရင်တော့ မသုံးပါဘူး။ တရုတ်နိုင်ငံကလည်း ဇူလိုင်လ နောက်ပိုင်း ကိုဗစ်ကူးစက်မှုကြောင့် ကုန်သွယ်မှုကိုပိတ်လိုက်တော့ ပြည်တွင်းမှာ ကနေဒါ စားတော်ပဲက စျေးကောင်းသွားတာပါ။ သုံးတင်းဝင်တစ်အိတ်ကိုကျပ် ၂၀၀,၀၀၀ လောက်ထိ စျေးဖြစ်သွားပေမယ့် လက်ရှိမှာ ကျပ် ၁၈၀,၀၀၀ လောက်ပေါက်စျေးရှိပါတယ်။ ကျွန်းစားတော်ပဲကတော့ ပြည်တွင်းလက်ကျန်မရှိတော့ ကျပ် ၃၀၀,၀၀၀ ကျော်လောက်ဖြစ်နေပါတယ်” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။
✔️ ပြည်တွင်းပဲစျေးကွက်တွင် စျေးကွက်ကောင်းမွန်လာသည့် စားတော်ပဲကို စိုက်ပျိုးနိုင်သည့်ဒေသများ ဖြစ်သည့် မြစ်ဝှမ်းဒေသများတွင် တိုးချဲ့စိုက်ပျိုးရန် စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများကို လမ်းညွှန်ထားကြောင်း သိရှိရပြီး မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာ၊ အမရပူရ၊ မြင်းခြံမြို့နယ်တို့တွင် ပုံမှန်စိုက်ပျိုးမှု ဧက ၂,၃၀၀ ကျော်မှ ယခုနှစ်ဆောင်းရာသီတွင် ဧက ၂,၆၀၀ နီးပါးအထိ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်သွားမည်ဟု မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)