menu

ပြည်တွင်းသုံး ဆန် နှင့် စပါးဈေးကွက် သုံးသပ်ချက်


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✔️ပြည်တွင်းစားသုံးမှုများသည့် ဆန်ဈေးကွက်တွင် အကျဘက်သို့ ရှိနေသော်လည်း လာမည့်ရက်များတွင် လှောင်လက်များ၏ စပါးဝယ်ဈေး မြင့်တက်လာနိုင်ချေရှိကြောင်း စပါးကုန်သည်များထံကသိရသည်။

✔️ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လများက အမြင့်ဈေးအထိ ရောက်ရှိခဲ့ရာက စက်တင်ဘာလနောက်ပိုင်း အကျဘက်သို့ တဖြည်းဖြည်းရောက်ရှိလာရာက ၎င်းအကျဘက်တွင် ငြိမ်သက်နေရာမှ စပါးအဝယ်ဒိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ဝယ်ယူရန် စိုင်းပြင်းနေကြသည်ဟု သိရသည်။

✔️"ပြည်တွင်းဆန်ဈေးကတော့ အကျဈေးမှာ ငြိမ်နေပေမယ့် စပါးအဝယ်ဒိုင်တွေက ဈေးမြှင့်ဝယ်လာမယ့် အခြေအနေရှိတယ်။ ဒါပေမယ့် စပါးတိုင်းတော့မဟုတ်ပါဘူး။ ဝယ်ရင်လည်း အစိုမှတ်အနည်းဆုံးကို လှောင်လက်တွေက ဈေးကောင်းပေးဝယ်ဖို့ လုပ်နေကြတယ်" ဟု ဆန်၊ စပါးအရောင်းအဝယ်ကုန်သည် တစ်ဦးက ပြောသည်။

✔️ပြီးခဲ့သည့် ဇူလိုင်လထက် ဆန်တစ်တင်းခွဲတစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၄,၀၀၀ မှ ၇,၀၀၀ ဝန်းကျင် ကျဆင်းခဲ့ပြီး ရွှေဘိုပေါ်ဆန်း(ထိပ်စ) ကျပ် ၉၁,၀၀၀၊ ထူးရှယ် ကျပ် ၈၀,၀၀၀၊ ဧရာပဒေသာ(ရှယ်) ကျပ် ၆၆,၀၀၀၊ မနောသုခ(ရှယ်) ကျပ် ၅၆,၀၀၀၊ မဂျမ်းတော(ရှယ်) ကျပ် ၆၆,၀၀၀ နှင့် ရက် ၉၀ ဆန် ကျပ် ၅၇,၀၀၀ ဖြင့် ဈေးအသီးသီးရှိနေပြီး စပါးဈေးမှာ အမျိုးအစားအလိုက် တင်း ၁၀၀ လျှင် ကျပ် ၉၅၀,၀၀၀ (ကိုးသိန်းခွဲ) ဝန်းကျင်မှ လက်ရှိတွင် အစိုမှတ် ၂၅ အောက် စပါးအတွက် ကျပ် ၁,၀၇၀,၀၀၀ (ဆယ်သိန်း ခုနစ်သောင်း)ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

✔️ယခုအချိန်သည် စပါးလှောင်ရန် အကောင်းဆုံးအချိန်ဖြစ်သောကြောင့် လှောင်လက်များ ဝယ်ယူကြရာက စပါးဈေးမှာတက်ရိပ်ပြနေပြီး စပါးအခြောက်ခံစက် ရှိသူများအတွက် သိုလှောင်ရန် အဆင်ပြေကြောင်းနှင့် အချို့တောင်သူများက စပါးကို ရောင်းချခြင်းမပြုဘဲ အခြောက်ခံထားရှိရာ လက်ရှိပေါက်ဈေးတွင် ဈေးကောင်းရနိုင်ကြောင်း စပါးကုန်သည်အချိုက သုံးသပ်ကြသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း