menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်းငရုတ်သီးအစိုဈေးများ ကျဆင်းနေ
🌶🌶🌶🌶🌶🌶🌶🌶🌶🌶
⏭ထိုင်းဘတ်ငွေဈေးများ ကျဆင်းနေခြင်းသည် ပြည်တွင်း ငရုတ်အစိုတင်ပို့ရာတွင် ရောင်းချဈေး ကျဆင်းနေသဖြင့် တောင်သူများအတွက် တွက်ချေမကိုက်ဖြစ်နေကြောင်း သိရသည်။
⏭ပြည်တွင်းငရုတ်အစိုဈေးကွက်မှာ တစ်ပိဿာကျပ် ၃,၅၀၀ - ၄,၀၀၀ အထိ ဈေးကျဆင်းနေသဖြင့် ငရုတ်ခြောက်များ ပြုလုပ်ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ငရုတ်သီး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အဖွဲ့ ၊ ငရုတ်အသင်း ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောကြားသည်။
⏭"လက်ရှိမှာ ငရုတ်ဈေးကွက်ကတော်တော်ကျဆင်းနေပါတယ်။ ပြင်ဦးလွင်၊ ရမည်းသင်းဝန်းကျင် အနည်းငယ်လက်ကျန်တွေ ထွက်ရှိနေပါတယ်။ အခင်းဈေး တစ်ပိဿာ ကျပ် ၃,၅၀၀ လောက်သာ ပေါက်ဈေးရှိတော့တယ်။ သန့်စင်ပြီးဆိုရင် တစ်ပိဿာကျပ် ၄,၀၀၀ခန့် ပေါက်ဈေးရှိပါတယ်။ မြ၀တီဘက်ကို တင်ပို့ရောင်းချဈေးက တစ်ပိဿာကျပ် ၅,၀၀၀ လောက်ပဲဈေးရတော့ မကိုက်လို့ သိပ်မတင်ဖြစ်တော့ဘူး။ လက်ရှိမှာတော့ ဈေးမကောင်းတော့ တစ်စီး၊ နှစ်စီးလောက်ပဲ သွားတယ်။ အခြောက်ဈေးကွက်အတွက် အဝယ်ကောင်းနေပါတယ်။ ဒီကာလက ဧရာ၀တီ ငရုတ်စိုက်ဒေသတွေမှာ ပျိုးချိန်ပဲရှိသေးတယ်။ လက်ရှိပေါက်ဈေးက တောင်သူတွေအတွက် အဆင်မပြေနိုင်ဘူး။ ဘတ်ဈေးက လည်း မတည်ငြိမ်ဘူး။ ထိုင်းကိုလည်း တရုတ် ငရုတ်သီးတွေဝင်ချိန်လည်းဖြစ်နေတော့ ထိုင်းနယ်စပ်မှာ ဈေးကောင်းမရဖြစ်နေတာပါ။ ဈေးကောင်းချိန်ဆိုရင် ငရုတ်အစိုဈေးက တစ်ပိဿာ ကျပ် ၁၀,၀၀၀ လောက်ပေါက်ဈေးရှိတယ်" ဟု ၎င်းက ပြောသည်။
⏭ပုံမှန်ဆောင်းစိုက်အဖြစ် စိုက်ပျိုးမှုများသည့် ငရုတ်သီးများမှာ ဖေဖော်ဝါရီလခန့်တွင် ထွက်ရှိမည် ဖြစ်သော်လည်း၊ သွင်းအားစုများဈေးမြင့်နေပြီး အချို့ဒေသများတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးမှုများလျော့ကျနေသဖြင့် လာမည့်ငရုတ်သီးထွက်ရှိချိန်တွင် ထွက်ကုန်နည်းပါးနိုင်ချေရှိပြီး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနိုင်ကြောင်း ငရုတ်ကုန်သည်များက ခန့်မှန်းသုံးသပ်ထားသည်။
⏭သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း