menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြည်တွင်း၌ဝါပေါ်ချိန် ဝါဈေးကွက်အခြေအနေ
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
✅ယခုအချိန်တွင် ဝါလှိုင်လှိုင်ပေါ်ချိန်ဖြစ်နေသော်လည်း စျေးကျဆင်းနေကြောင်း ဝါစိုက်ပျိုးသူ နှင့် ဝါဝယ်ရောင်း လုပ်ကိုင်သူများထံမှ သိရသည်။ ပြီးခဲ့သည့် နှစ်များဖြင့်ယှဉ်ပါက လက်ရှိဝါစျေးမှာ အကျဘက်သို့ရှိနေပြီး ယခင်နှစ်များက ဝါတစ်ပိဿာလျှင် ၃,၅၀၀ နှင့်အထက်တွင်ရှိခဲ့ကြောင်းသိရသည်။ လက်ရှိ ပြည်တွင်း၌ ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် ၂,၉၅၀ ကနေ အမြင့်ဆုံး ၃,၀၀၀ ထိသာ ပေါက်ဈေးရှိခဲ့ပြီး ဝါစျေးမှာ ဒေသတစ်ခုနှင့်တစ်ခု စျေးနှုန်းများကွာဟကာ အရောင်းဝယ်ဖြစ်နေကြ ကြောင်းသိရသည်။
✅“ဝါက နှမ်းနဲ့တွဲစိုက်တာ ၅လပိုင်းကတည်းကစစိုက်တာ အခုက ဝါပေါ်ချိန်ပေါ့နော်။ ဒီနှစ် ဝါစျေးက မကောင်းဘူး ။ အရောင်းအဝယ်လည်းအေးတယ်။ ဝါလှိုင်လှိုင်ပေါ်ချိန်မလို့ စျေးမရတာ ။ ဒါပေမဲ့ စျေးက အပေါ်မှာပဲရှိသေးတာဆိုတော့ လှောင်တဲ့သူတွေတော့လာအုံးမှာပါ ။ စျေးက ထပ်တက်ဖို့တော့ ရှိမှာမဟုတ်လောက်တော့ဘူး” ဟု အောင်လံမြို့မှ ဝါလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်မိုးကပြောသည်။
✅ယခုနှစ်တွင် ရာသီဉတုဖောက်ပြန်မူကြောင့် ဝါအထွက်နှုန်းလျော့ကျလျက်ရှိကာ စျေးနှုန်းကျနေသည့် အပြင် အရောင်းအဝယ်မှာလည်း အေးနေကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။ “နောက်ပိုင်း ဝါစျေးကို သုံးသပ်ရမယ်ဆိုရင် ဝါရဲ့အလားလာကို မကြိုက်ဘူး။ အဆင်မပြေလောက်ဘူး။ အမြင့်စျေးက နေ ရောက်လာရင် ဘယ်ဟာမှမခိုင်ပါဘူး အကျဘက်ကိုရောက်သွားတယ်” ဟု ဝါလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
✅မြန်မာနိုင်ငံက ဝါကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှတဆင့် ကြံ၊ ရာဘာ၊ ဝါဂွမ်းနှင့် လျှော်ဖြူတို့အား ပြန်လည်တင်သွင်းခွင့် ပြုထားကြောင်းလည်းသိရသည်။ ဝါကို ဂွမ်းထုပ်အဖြစ် စက် များဖြင့်ဖိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ သို့သော် စျေးကွက်မတည်ငြိမ်သဖြင့် စျေးကောင်းမရှိခဲ့ကြောင်းလည်းသိရသည်။
✅၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ဝါဂွမ်းတင်ပို့မှုမှာ ၉၁၇၂ ဒဿမ ၂၀ တန်ထိ တင်ပို့နိုင်ခဲ့ ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။ ပြည်တွင်း၌ ဝါမှာ နိုဝင်ဘာလ မှ ဇန်နဝါရီလအတွင်း စတင်ထွက်ပေါ်ကာ ဇန်နဝါရီလ မှ ဧပြီလလယ်အထိ ဝါပေါ်ချိန်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့ရှိ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး အစိုးရအနေဖြင့်လည်း ဝါကို အရေးကြီးကုန်အဖြစ် သတ်မှတ်ထားကြောင်း လည်းသိရသည်။
✅ထို့အပြင် ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ဈေးကစားဖို့ရည်ရွယ်ပြီး သိုလှောင်တာတွေကို တားမြစ်ထားကြောင်းလည်း သိရသည်။
✅သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)