menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပို့ကုန်ပဲဈေးကွက်အတွင်း ပဲဈေးနှုန်းများ အခြေအနေ
🌿🍀☘️🍃🌱🌱🍃☘️🍀🌿
🔹 လက်ရှိဖြစ်ပေါ်နေသော တင်ပို့မှုဆိုင်ရာ အခက်အခဲအချို့ကြောင့် ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းသုံး အသစ်ဝင်ပဲများ စျေးနှုန်း ကျဆင်းလျက်ရှိကြောင်း ပဲ ၊နှမ်း ကုန်သည်များထံက သိရသည်။
🔹 ဖေဖော်ဝါရီလဆန်းပိုင်းတွင် တရုတ်နှစ်သစ်ကူးပိတ်ရက်များကြောင့် ပဲနှမ်းစျေးကွက် အရောင်းအဝယ် အေးနေရာက လက်ရှိ ပို့ကုန်လမ်းကြောင်းများတွင်အခက်အခဲအချို့ဖြစ်ပေါ်လာသဖြင့် ဒေါ်လာစျေး တည်ငြိမ်နေသော်လည်း မတ်ပဲ၊ပဲစင်းငုံပေါက်စျေးတွေ ဆက်တိုက်ကျဆင်းနေကြောင်း သိရသည်။
🔹 ထို့အပြင် အသစ်ဝင်ပဲမာလိုင်းများမှာလည်း သိုလှောင်ထားခြင်း မရှိတော့ပဲ ရိတ်သိမ်းပြီး စျေးကွက်သို့ ချက်ချင်းရောင်းချသဖြင့် အရည်အသွေးကျဆင်းကာ ရောင်းလိုအားများနေပြီး ဈေးနှုန်းများကျဆင်းလာ ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🔹 “ပို့ကုန်ပဲတွေ တင်ပို့မှုဆိုင်ရာမှာ အခက်အခဲတွေ ဖြစ်နေတော့ ကုန်တင်ပို့မှုမှာ အကျိုးအမြတ်နည်းတယ်။ ဒီတော့ ပို့ကုန်ပဲတွေဆက်တိုက်စျေးကျဆင်းနေတာပါ။ ဒေါ်လာဈေးတည်ငြိမ်နေပေမယ့် ပို့ကုန်ပဲစျေးတွေကကျပြီး အရောင်းအဝယ်အေးနေတာပါ။ ပဲစင်းငုံကတော့ ကျဆင်းမှုနည်းပါတယ်။ ပဲတီစိမ်းရွှေဝါ စျေးကွက်ကတော့ တရုတ်လိုင်းအခြေအနေမကောင်းတော့ ရန်ကုန်စျေးကွက်မှာသာ ပစ္စည်းအဝင် ရှိတယ်။ မြေပဲဆီဆံတွေ အဝယ်ကောင်းနေပါတယ်။ ပြည်တွင်း ကုလားပဲဈေးတွေကတော့ပြုတ်ကျကုန် တယ်။ "ပဲအသစ်ဝင်ရောက်မှု အားကောင်းလာတယ်။ နှမ်းစျေးက ပစ္စည်းကောင်းရင် ပုံမှန်စျေးကောင်း နေတုန်းပါ။ အသစ်ဝင်ပဲလိုင်းတွေကတော့ အကုန် စျေးအနည်းငယ်ကျသွားတယ်။ တရုတ်ကုန်သွယ်မှု လမ်းကြောင်း မချော့မွေ့တာရယ်။ အသစ်ဝင်ပဲတွေမှာလည်း ရိတ်သိမ်းမှုသေချာမလုပ်နိုင်ဘဲ စျေးကွက်ကို တင်ပို့နေကြတော့စျေးတွေပြုတ်ကျနေတယ်။ မြေပဲဆံစျေးကွက်ကလွဲရင်အခြားပဲစျေးတွေ အကုန်စျေးကျဆင်းနေတယ်။ ဆက်လက်ကျဆင်းနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ
------------
ပြည်တွင်း ဒေါ်လာပေါက်စျေးတည်ငြိမ်နေသော်လည်း ပို့ကုန်တင်ပို့မှုဆိုင်ရာ အခက်အခဲများကြောင့် ပို့ကုန်ပဲစင်းငုံနှင့် မတ်ပဲ ပေါက်စျေးမှာ အနည်းငယ်ကျဆင်းသွားရာ ဖေဖော်ဝါရီ (၉) ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ ဝင်တစ်အိတ် ကျပ် ၁၂၀,၀၀၀ သာ ပေါက်စျေးရှိပြီး တစ်အိတ် ကျပ်တစ်သောင်းကျော် စျေးကျဆင်းသွားသည်။
မြေပဲ ၊နှမ်းနက်
-------------
မြေပဲဆံစျေးကွက်မှာ ဖေဖော်ဝါရီလဆန်းပိုင်းရက်များတွင် စျေးတက်မှုရပ်သွားသော်လည်း ဝယ်လိုအား အကောင်းဆုံးအဖြစ် အရောင်းအဝယ်ကောင်းနေပြီး နှမ်းနက်မှာလည်း အက်စစ်လွတ် အရည်အသွေး ကောင်းနှမ်းနက်မှာ တစ်အိတ်ကျပ် ၂၁၀,၀၀၀ အထက်တွင်ရှိနေသည်။ ဖေဖော်ဝါရီ (၉) ရက်တွင် နှမ်းနက် (အလတ်စ) သုံးတင်းဝင် တစ်အိတ် ကျပ် ၁၈၀,၀၀၀- ၁၉၅,၀၀၀- ၂၁၀,၀၀၀ စျေးရှိနေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်ကျပ် ၁၆၅,၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၅,၀၀၀ အသီးသီး ပေါက်ဈေးရှိသည်။
စားအုန်းဆီစျေး ဆက်လက်မြင့်တက်လာသော်လည်း မြေပဲဆံ စျေးမှာ အတက်ရပ်တန့်သွားရာ ဖေဖော်ဝါရီ (၉) ရက်တွင် မြေပဲလုံးဆံတစ်ပိဿာ ကျပ် ၃,၄၀၀၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၃,၀၀၀၊ ပြန့်လုံးဆံ၊ ပြန့်ဆီဆံ တစ်ပိဿာကျပ် ၃,၀၇၅ ပေါက်စျေးထိ ဖြစ်လာသည်။ အသစ်ဝင်ရောက်လာသည့် စွန်တာပြာ တစ်အိတ် ကျပ် ၁၁၀,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၁၆,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၄၀,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၄၅,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ်ကျပ် ၁၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၂၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး တစ်အိတ် (၅၇.၂၅ ပိဿာ) ကျပ် ၁၁၃,၀၀၀ ပေါက်စျေး အသီးသီးရှိနေပြီး ယခင်သီတင်းပတ်ထက် ပဲမာလိုင်းများတွင် အမျိုးအစား အလိုက် ကျပ် ၅,၀၀၀-၁၀,၀၀၀ ကျော် စျေးကျဆင်းသွားပြီး ဆက်လက်၍ အနည်းငယ်ထပ်မံကျဆင်းနိုင် သေးသည် ဟု ပဲကုန်သည်များကသုံးသပ်ထားသည်။
🔹 သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)