menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ပို့ကုန်ပဲများဈေးမြင့်တက်သော်လည်း ပြည်တွင်းသုံးပဲမျိုးစုံ ဈေးတည်ငြိမ်နေ"
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️ နိုင်ငံခြားပို့ကုန်ပဲများ ဈေးများမြင့်တက်လာနေသော်လည်း ပြည်တွင်းသုံးကုလားပဲများ အပါအဝင်ပဲအားလုံးဈေးတည်ငြိမ်နေကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။ ပြည်တွင်း ပဲ၊နှမ်းဈေးကွက်မှာ လက်ကျန်ပဲစောစောကုန်တာကြောင့် အမြင့်ဈေးများဖြစ်နေသော်လည်း လက်ရှိအချိန် မိုးရာသီဖြစ်တာကြောင့် အနည်းငယ်ဈေးမြင့်နေခြင်းသာဖြစ်သော်လည်း အရောင်းအဝယ်ခပ်အေးအေးသာရှိနေသည်။
➡️ နိုင်ငံခြားပို့ကုန်ပဲများ ဈေးများပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံးကုလားပဲနှင့် နှမ်းမျိုးစုံဈေးကွက်ဆက်လက်ကျဆင်းနေကြောင်း၊ စားအုန်းဆီဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်း မြေပဲဆန်ဈေးမှာလည်း လိုက်ပါဈေးကျနေကြောင်း၊ လက်ကျန်နည်းလာသည့် ပြည်တွင်းသုံး ကုလားပဲများမှာ အမြင့်ဈေးဖြင့်ဈေးတည်ငြိမ်နေကြောင်း လက်ရှိအချိန်တွင် နိုင်ငံတော်အဆင့် ကုန်ဈေးနှုန်းကျဆင်းရေးဆောင်ရွက်နေတာကြောင့် လာမည့်သီတင်းပတ်များတွင် ဈေးနှုန်းများမြင့်တက်နိုင်စရာမရှိကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
➡️ " ပို့ကုန်မတ်ပဲနဲ့ပဲစင်းငုံကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ပြည်တွင်းသုံးကုလားပဲ ဈေးတစ်ခုပဲလက်ကျန်အရမ်းနည်းလာတော့ ဈေးမကျတာပါ။ ကျန်တဲ့ပဲတွေကတော့ ဈေးခပ်အေးအေးဖြစ်နေပါတယ်။ ပဲတီစိမ်းလည်းဈေးကျတယ်။ နှမ်းမျိုးစုံကလည်း ဈေးကျတယ်။ မြေပဲဆန်ဈေးကလည်း တရုတ်မသွားနိုင်သေးတာရယ် စားဆီဈေးတွေလည်းကျတော့ သူလည်းဈေးလိုက်ကျနေပါတယ်။ နိုင်ငံတော်ကလည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်နေတာဖြစ်လို့ နောက်သီတင်းပတ်မှာလည်း ပဲ၊ နှမ်းဈေးကွက်က ဈေးတွေတက်စရာမရှိပါဘူး" ´ဟု ၎င်းကပြောသည်။
➡️ စက်တင်ဘာ(၇)ရက်တွင် သုံးတင်းဝင်မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂၄၅,၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၈၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ်၁၆၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
➡️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ စက်တင်ဘာ(၇)ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၇၂,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ်၂၈၂,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ်လျှင် ငွေကျပ်၂၇၁,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
➡️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ (မျိုး)၃၄၀,၀၀၀၊ ပဲ ထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၇၅,၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ်၃၇၀,၀၀၀၊ ကျွန်း စားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ် ငွေကျပ် ၂၂၀,၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာငွေကျပ် ၉,၁၀၀ ပေါက်ဈေးရှိသည်။
➡️ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် သိသိသာသာဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၃၉၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း(မကွေးဂျာနယ်)