menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ပို့ကုန်ပဲများနှင့် မြေပဲ၊ နှမ်းဈေးများ ပြန်မြင့်တက်လာ"
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲ ဈေးပြန်မြင့်တက်လာကြောင်း ပဲကုန်သည်များထံကသိရသည်။ ခိုင်မာမှုမရှိသည့် ပို့ကုန် မူဝါဒအပြောင်းအလဲသတင်းများကြောင့် ဈေးကျဆင်းနေသည့် မတ်ပဲ နှင့် ပဲစင်းငုံမှာ ဈေးပြန်မြင့်တက်လာသော်လည်း အသစ်ဝင်ပဲမာလိုင်းများမှာဈေးကျဆင်းနေပြီး နှမ်းမျိုးစုံနှင့် မြေပဲဆံမှာ တရုတ်လိုင်းအဝယ်ကောင်းလာတာကြောင့် ဈေးမြင့်တက်လာသည်။
✔️ ပဲဈေးကွက်အတွင်း အသစ်ဝင်ပဲများစုံလင်စွာ ဝင်ရောက်လာတာကြောင့် ယခင်ပဲမာလိုင်း အဟောင်းဈေးများထက်ဈေးကျဆင်းနေကြောင်း၊ အဝင်များလို့ ဈေးကျဆင်းသော်လည်း ကုလားပဲအုပ်စုအနည်းငယ် ဈေးပြန်တက်လာကြောင်း၊ ခိုင်မာမှုမရှိသည့်သတင်းများကြောင့် ဈေးကျဆင်းသွားသည့်ပို့ကုန်ပဲတွေ ဒီနေ့ကစပြီးဈေးပြန်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
✔️ "အသစ်ဝင်ပဲတွေ ဈေးကွက်ကိုစုံစုံလင်လင်ဝင်လာပါပြီ။ အသစ်ဝင်ကုလားပဲတွေ ဈေးကျဆင်းနေတာကနေ လှောင်လက်သမားများအဝယ်ရှိလာလို့ ဈေးပြန်မြင့်တက်လာပါတယ်။ ကုလားပဲအုပ်စုတစ်ခုလုံးအကျရပ်ပြီး ဈေးပြန်တက်လာပေမယ့် အရင်အမြင့်ဈေးထိတော့ မရောက်သေးပါဘူး။ ပဲမာလိုင်းတွေကတော့ အဟောင်းဈေးအမြင့်ကနေ အသစ်ဝင်ရောက်လာတော့ ဈေးကျဆင်းသွားပြီး ပေါက်ဈေးအတိုင်းအရောင်းအဝယ်သွက်နေပါတယ်။ လက်ရှိမှာပို့ကုန်မူဝါဒ အပြောင်းအလဲခိုင်မာမှုမရှိတဲ့သတင်းတွေကြောင့်ပဲ ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိခဲ့ပေမယ့် လက်ရှိမှာပို့ကုန်ပဲတွေ ဈေးပြန်မြင့်တက်လာပါတယ်" ဟု ၎င်းကပြောသည်။
✔️ မတ်လ(၇)ရက်တွင် ပို့ကုန်ပဲများဈေးပြန်မြင့်တက်လာရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်ငွေကျပ် ၃၈၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင်ငွေကျပ် ၁၈၅,၀၀၀ ပေါက်ဈေးဖြင့်ဈေးမြင့်တက်လာသည်။
✔️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး မတ်(၇)ရက်တွင် ကုလားပဲV2 တစ်အိတ်လျှင် ငွေကျပ် ၂၅၁,၀၀၀၊ ကုလားပဲ V7တစ်အိတ်လျှင် ငွေကျပ်၂၅၃၀,၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ်၂၄၁,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
✔️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ အသစ်ဝင်ရောက်မှုများလာတာကြောင့်လည်းဈေးကျဆင်းနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၉၅,၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၃,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၉၅,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၂,၀၀၀ ပေါက်ဈေးရှိပြီး တရုတ်လိုင်းအဝယ်ရှိလာတာကြောင့် မြေပဲအနီလုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈,၀၀၀ မှ ၈,၄၀၀ အထိဈေးမြင့်တက်လာသည်။
✔️ မတ်လ(၇) ရက်တွင် နှမ်းမျိုးစုံလည်းအနည်းငယ်ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀ အသီးသီးပေါက်ဈေးရှိလာကြောင်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)