menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပို့ကုန်ပဲစင်းငုံ နှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးမြင့်တက်နေသည့် အခြေအနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏩ ပို့ကုန်ပဲစင်းငုံနှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ စံချိန်တင်ဈေးမြင့်တက်နေသော်လည်း အခြား ပဲမာလိုင်းများမှာ ပုံမှန်သာအရောင်းအဝယ်ရှိကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။
⏩ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အရောင်းသမားများ ထုတ်ရောင်းသည့်ပမာဏလောက်သာ စောင့်ဝယ်ယူရသည့် အခြေအနေဖြစ်တာကြောင့် စံချိန်တင် ပေါက်ဈေးတွေဖြစ်လာကြောင်း၊ နှမ်းမျိုးစုံ ဈေးကွက်မှာလည်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀ အထိ အမြင့်ဈေးဖြင့် အရောင်း အဝယ်သွက်နေကြောင်း ပို့ကုန်ပဲများတွင် ပဲစင်းငုံဈေးမှာ ဆက်လက်မြင့်တက်နေသော်လည်း မတ်ပဲ ဈေးမှာ ပုံမှန်သာအရောင်းအဝယ်ရှိကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံက ပြောသည်။
⏩ “ပြည်တွင်းသုံးကုလားပဲ ပေါက်ဈေးတွေက ပဲဈေးကွက်မှာ မကြားဘူးတဲ့ပေါက်ဈေးတွေဖြစ်လာတယ်။ လက်ကျန်နည်းလာလို့ လှောင်လက်အရောင်းသမား ထုတ်ရောင်းသလောက်ပဲ ဝယ်ယူနေရတာပါ။ အရင်ပတ်ကတည်းက စံချိန်တင်ဈေးဖြစ်နေတာပါ။ အခုလည်း လက်ကျန်နည်းတော့ ဆက်လက် ဈေးကောင်းနေတုန်းပါ။ ပို့ကုန်ပဲစင်းငုံနီက သုံးတင်းဝင်တစ်အိတ်ကို ၃၁၅,၀၀၀ အထိ ပေါက်ဈေးဖြစ်နေပါတယ်။ မတ်ပဲကတော့ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၂၃၅,၀၀၀ ပေါက်ဈေးနဲ့ ပုံမှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ နှမ်းအသစ် အဝင်အနည်းငယ်သာရှိပေမယ့် နှမ်းစိုက်ခင်းများ ပျက်စီးမှုအချို့ရှိလို့ နှမ်းမျိုးစုံဈေးကွက်က ရက်ပိုင်းအတွင်းအမြင့်ဈေးဖြစ်လာပါတယ်။ လက်ရှိမှာ နှမ်းနက်စမုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀ အထိ ပေါက်ဈေးရှိလာပါတယ်။ တရုတ်လိုင်း တင်ပို့ရန် သိုလှောင်ထားသည့် နှမ်းနက်ကုန်သည်အချို့ထံတွင်လည်း နှမ်းနက်များစွာ တင်ပို့ရန် ကျန်ရှိနေပါတယ်။ လက်ရှိမှာတော့ အရောင်းအဝယ် ခပ်သွက်သွက်ဖြစ်နေပါတယ်။ တရုတ်အစိုးရ၏ အခွန်ဆိုင်ရာပြဿနာကြောင့် တရုတ်ဝယ်လက်များသောမြေပဲဆံမှာ ဈေးခပ်အေးအေးဖြစ်နေပါတယ်။ လက်ရှိဈေးကွက်မှာ ပို့ကုန်ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုသာ အရောင်းအဝယ် ကောင်းနေပါတယ်” ဟု ၎င်းကပြောသည်။
⏩ ဇွန်လ(၈)ရက်တွင် ပို့ကုန်မတ်ပဲ ၆၀ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၈၀,၀၀၀ ပေါက်ဈေးသာရှိပြီး ပဲစင်းငုံမှာ(၁၄)ရက်အတွင်း တစ်အိတ်လျှင် ငွေကျပ် ၆၀,၀၀၀ အထိ စံချိန်တင် ဆက်လက်ဈေးမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရသိရသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ စံချိန်တင်ပေါက်ဈေးဖြစ်လာရာ ဇွန်(၈)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၇,၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၄,၀၀၀ ပေါက်ဈေး ဖြစ်လာပြီး ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၈,၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၇၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ ကျွန်း စားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၈,၀၀၀ ပေါက် ဈေးရှိကြောင်း သိရသည်။
⏩ မေလဆန်းပိုင်းမှစတင်ပြီး နှမ်းမျိုးစုံဈေးကွက် တဖြည်းဖြည်း ဈေးမြင့်တက်အဝယ်လိုက်လာရာ နှမ်းဖြူ ၄၅ ပိဿာတစ်အိတ်လျှင် ၃၆၈,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ နှမ်းဝါ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀ ပေါက်ဈေးရှိ ကြောင်းသိရသည်။
⏩ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း