menu

ပြန်လည်မြင့်တက်နေသည့် နှမ်းဈေးကွက်


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

↗️ တရုတ်နိုင်ငံမှ နှမ်းနက်များအား အဝယ်လိုက်နေ၍ စျေးကွက်တွင် ဝယ်လိုအားများပြီး နှမ်းအဝင် နည်းနေသည့်အတွက် စျေးနှုန်းပြန်လည်မြင့်တက်လာကြောင်း နှမ်းကုန်သည်များ က သုံးသပ်ကြသည်။ ပြီးခဲ့သည့်နှစ် တရုတ်နှစ်သစ်ကူးအချိန်တွင် စျေးနှုန်းများကျလေ့ရှိသော်လည်း နှစ်ပတ်ခန့်သာ နှစ်သိန်း အောက်သို့ ကျဆင်းသွားပြီးအဝယ်လိုက်လာ၍အခုပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

↗️ “ဆောင်းနှမ်းစပေါ်ပြီးသီးနှံတွေ စပေါ်ချိန်ကတော့ နှမ်းစျေးကနှစ်ပတ်လောက်ကျသွားတယ်။ အခုက စျေးကပြန်တက်နေတယ်။ အခု နှစ်သိန်းအပေါ်မှာရှိတယ်။ ပြီးခဲ့နှစ်နဲ့ယှဉ်ရင်စျေးကောင်းရတယ်ပြောလို့ ရတယ်။ ကိုဗစ်ကြောင့် လိုချင်တဲ့စျေးမရဘူး။ အခုက အဝယ်ကပိုများလာတယ်။ အထွက်ကလည်း တော်တော်နည်းတယ်၊ ဒေါ်လာစျေးကလည်း မြင့်နေတော့ စျေးကတက်နေတာပါ။ နှစ်သိန်းအထက် ဖြစ်နေတယ်ဆိုတော့ ဒါက ဝယ်လိုအားနဲ့အဝင်မမျှလို့ ဖြစ်နေတယ်ထင်တယ်" ဟု နှမ်း Exporter မမေသက်ခိုင် က ပြောသည်။

↗️ မိုးနှမ်းကုန်ချိန်၂၀၂၁ခုနှစ် ၁၁လပိုင်း က နှမ်းစျေးမှာ ၄၅ ပိဿာဝင် တစ်အိတ်လျှင် နှစ်သိန်းခွဲ ထိ မြင့်တက်သွားပြီးဆောင်းနှမ်းပေါ်ချိန်တွင် ၂၀၂၂ ခုနှစ် (၁)လပိုင်း ပထမပတ်က ၁သိန်း၇သောင်း အထိ ပြန်ကျဆင်းသွားကြောင်းသိရသည်။ လက်ရှိ နှစ်သိန်းတစ်သောင်း မှ နှစ်သိန်းနှစ်သောင်းထိ ပြန်ရောက်နေကြောင်း သိရပြီးအရည်အသွေး အချိန်နှင့်နေရာ လိုက်၍ စျေးနှုန်းများပြောင်းလဲ နိုင်ကြောင်းလည်း ကုန်သည်များကပြောသည်။ နှမ်းဖြူမှာ ၄၅ပိဿာဝင် တစ်အိတ်လျှင် တစ်သိန်း ငါးသောင်းခန့်ရှိပြီး နှမ်းဖြူကတော့ အတက်အကျသိပ်မရှိကြောင်း ကုန်သည်များထံမှသိရသည်။

↗️ လက်ရှိ တရုတ်နိုင်ငံမှသာဝယ်ယူနေပြီး ဂျပန်နိုင်ငံမှ ဝယ်ယူမှုမရှိသေးကြောင်းသိရသည်။ ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် ကုန်ကျစရိတ်ပိုမိုများပြီး သယ်ယူပို့ဆောင်ရေးအခက်ခဲများ ရှိ ကြောင်း Exporter များကဆိုသည်။ “Export ပို့တဲ့အခါမှာ သီးနှံပေါ်ချိန်မှာတက်တက်ကျကျ ငြိမ်နေဖို့ပဲ လိုတယ်။ ထိန်းမနိုင်လို့အရမ်းတက်သွားလဲ ခဏပဲလေ။ ဒေါ်လာစျေး မတည်ငြိမ်ရင်ကျအဆင်မပြေဘူး ။ စျေးတွက်ဖို့ကမငြိမ်တော့ ဘယ်စျေးနဲ့တွက်ရမှန်းမသိဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် Rate မယူပဲ အလုပ်မလုပ်တော့ဘူး။ လုပ်ရင် မြတ်ဖို့ထက်ရှုံးဖို့ပိုများတယ်။ အခက်ခဲတွေရှိတယ်” ဟု နှမ်း Exporter တစ်ဦးကပြောသည်။

↗️ နောက်ပိုင်းတွင်လည်း တရုတ်ကလိုအပ်ချက်များနေပြီး တခြားနိုင်ငံများတွင်လည်း နှမ်းအဝင် နည်းသောကြောင့် နှမ်းစျေးကွက်မအေးနိုင်ကြောင်း စျေးကောင်းရနိုင်ကြောင်း Exporter များက သုံသပ်ပြောဆိုသည်။ ပြည်တွင်းတွင်ပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင်တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ရှိပြီး လက်ရှိအခြေအနေများနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထွက်နှုန်းလည်းလျော့လျှက် ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ ဦးအောင်မိုး ကပြောထားသည်။

↗️ မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး တရုတ်နိုင်ငံ တခုတည်းသာအာထားတင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့တင်ပို့ရန် အခက်အခဲ များစွာရှိနေကြောင်လည်းသိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျှက်ရှိပြီး မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်မှ ထွက်ရှိသည့် နှမ်းနက်သည် အရည်အသွေးအလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှ အလွန်နှစ်သက် ကြောင်းလည်း လေ့လာတွေ့ရှိရသည်။

↗️ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : AMIA (Market News)