menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပုလဲဓါတ်မြေဩဇာ ဈေးမြင့်တက်
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔸စပါးစိုက်ပျိုးရာတွင် အများဆုံးအသုံးပြုသည့် ပုလဲဓာတ်မြေသြဇာဈေးနှုန်းမှာ ယခင်နှစ်ရာသီချိန်ကထက် တစ်အိတ်လျှင်ကျပ် ၁၀၀၀၀ ကျော် ဈေးမြင့်တက်လာကြောင်း သိရသည်။ လက်ရှိဈေးကွက်အတွင်း ပုလဲဓာတ် မြေသြဇာမှာ တစ်အိတ်လျှင် ကျပ် ၃၅,၀၀၀ မှ ၄၀,၀၀၀ ကြားအထိ ဈေးမြင့်တက်လာ ကြောင်း၊ ယခင်နှစ် မိုးစပါးရာသီချိန်က တစ်အိတ်လျှင် ၂၅,၀၀၀မှ ၂၈,၀၀၀ ကြား ပေါက်ဈေးသာရှိခဲ့ ကြောင်း သိရသည်။
🔸လက်ရှိတွင် ဈေးမြင့်တက်လာခြင်း သာမကဘဲ လက်ငင်းငွေပေးဝယ်ယူနေရကြောင်း၊ အကြွေးမရတော့ ကြောင်း ပုသိမ်ကြီးမြို့နယ်က တောင်သူဦးချစ်ဝေက ပြောသည်။ “စပါးစိုက်ခင်းတွေမှာက ပုလဲမြေဆီကို အဓိကထားသုံးကြတာ။ တခြားကွန်ပေါင်းတွေကဈေးများတော့သိပ်မသုံးကြဘူး။ တောင်သူအများစုက တော့ ပုလဲမြေဆီဈေးမြင့်လာပေမဲ့ စပါးအထွက်နှုန်းကို ထိခိုက်မှာကြောက်လို့ မလျှော့ကြဘူး။ မိုးကြို အထွက်တိုးစပါးဆိုရင် တစ်ဧကကို ပုံမှန်တစ်အိတ်ခွဲ၊ မိုးစပါးဧရာမင်းဆိုရင်တော့ တစ်အိတ်အနည်းဆုံး သုံးကြတယ်"ဟု ၎င်းကပြောသည်။
🔸သွင်းအားစုကုမ္ပဏီများက အရောင်း ကိုယ်စားလှယ်များထံသို့ ဖြန့်ဖြူးရောင်းချရာတွင် ငွေလက်ငင်း ဝယ်နိုင်သည့် စိုက်ပျိုးရေးအရောင်းဆိုင်များကိုသာ ပစ္စည်းချ ရောင်းချပေးပြီး ယခင်လိုအကြွေးစနစ် မရောင်းချတော့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် စိုက်ပျိုးရေးအရောင်းဆိုင်များတွင် စပါး စိုက်ပျိုးမှုအတွက် ပုလဲမြေဆီမှာ ရောင်းချရမှုများပြားပြီး ဈေးနှုန်းမှာလည်း အဆင့်ဆင့်ဈေး တက်လာခြင်းကြောင့် တောင်သူလက်ဝယ် အရောက်တွင် ယခင်ထက် ကျပ် ၈,၀၀၀-၁၀,၀၀၀ကြား တက်သွားကြောင်း၊ ပုလဲမြေဆီ ဈေးမြင့်တာခြင်းနှင့်အတူ ဆာလ်ဖာ ပုလဲမြေဆီမှာလည်း လိုက်တက်လာကြောင်း စိုက်ပျိုးရေးသွင်းအားစုအရောင်းကိုယ်စားလှယ် ဦးအာကာကျော်က ပြောသည်။
🔸“ဈေးကွက်အတွင်းမှာ ပုလဲမြေဆီ ပေါက်ဈေးက မြင့်တက်လာပေမဲ့ တခြား ကွန်ပေါင်းမြေဆီနဲ့ ဆေးတွေမှာ ပုံမှန်ဈေးသာရှိပါတယ်။ ပုလဲမြေဆီအစားထိုး ဆာလ်ဖာ ပုလဲဈေးကလည်း ဈေးတက်တယ်။ ပုလဲမြေဆီတစ်အိတ်ကို ကျပ် ၄၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိလာပြီး ဆာလ်ဖာ ပုလဲတစ်အိတ်ကို ကျပ် ၃၀,၀၀၀ အထိ ပေါက်ဈေးဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာက မိုးစပါးစိုက်တော့ မယ့်အချိန်မှာပုလဲမြေဆီဈေးက ပုံမှန် ကျပ် ၂,၀၀၀ လောက်တော့ တက်ပေမဲ့ လက်ရှိမှာ တောင်သူ လက်ဝယ်အရောက် အရင်ထက်ကျပ် ၁၀,၀၀၀ နှုန်းလောက် ဈေးတက်သွားတယ်။ ပုလဲမြေဆီ ဈေးတက်လာရခြင်းက ပြည်ပတင်သွင်းမှု အခက်အခဲကြောင့်ဖြစ်နေတာပါ။ ပြည်တွင်းထုတ် ပုလဲစက်ရုံ မြောင်းတကာစက်ရုံ ကလည်း လက်ရှိမှာ လည်ပတ်မှုမရှိဘဲ ရပ်နေပါတယ်”ဟု၎င်းက ပြောသည်။
🔸လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် တရုတ်နိုင်ငံနှင့် နယ်စပ်လမ်းကြောင်းများ ပိတ်နေခြင်းကြောင့်လည်း ပြည်တွင်းရှိ လက်ကျန် ပုလဲမြေသြဇာဈေးများ တက်နေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသို့ အီရန်နိုင်ငံက ပုလဲမြေသြဇာ အများဆုံးတင်သွင်းပြီး အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့က အစဉ်လိုက်အများဆုံးတင်သွင်းနေကြောင်းသိရသည်။
Credit : ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)