menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စားအုန်းဆီစျေး တစ်ပိဿာလျှင် တစ်ထောင်ကျော်အထိတက်လာ
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
✔️ စားအုန်းဆီစျေးမှာ တစ်ရက်အတွင်း တစ်ပိဿာလျှင် တစ်ထောင်ကျော်ထိ တက်သွားကြောင်း ဆီ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များထံမှသိရသည်။ ဇူလိုင်လ(၉)ရက်နေ့က စားအုန်းဆီ တစ်ပိဿာလျှင် ၆,၇၀၀ ကျပ် သာရှိပြီး လက်ရှိတွင် တစ်ပိဿာလျှင် ၇,၃၀၀ မှ ၇,၈၀၀ အထိ နေရာဒေသအလိုက် စျေးများမြင့်တက်သွားကြောင်းသိရသည်။
✔️ “စားအုန်းဆီက တစ်ပိဿာကို ၈,၀၀၀အထိ ဖြစ်သွားသေးတယ် ၊ ဇူလိုင်(၉)ရက်နေ့က ၆,၀၀၀ ကျော် ထိ ကျသွားပြီး ဇူလိုင်(၁၀)ရက် မနက်မှာကျ ၇,၃၀၀ အထိ တက်သွားတယ်။ ညနေကျတော့ ၇,၅၀၀၊ ၇,၈၀၀ တွေ ဖြစ်ပြီးအရောင်အဝယ်တွေ လုပ်နေကြတယ်” ဟု ရန်ကုန်မြို့ရှိ ဆီလက်လီ လက်ကားရောင်းချနေသူ ကိုဝင်းသူက ပြောသည်။
✔️ ပြည်တွင်းစျေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ယခင်ရက်က ၆,၇၀၀ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြရာမှ လက်ရှိ တစ်ပိဿာလျှင် ၇,၅၀၀ မှ ၇,၈၀၀အထိ အရောင်းအဝယ်ပြုလုပ်နေ ကြကြောင်း သိရသည်။ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် အခြေခံရည်ညွန်းစျေးထက် ပြည်ပစားအုန်းဆီစျေးမှာ ထက်ဝက်နီးပါး မြင့်တက် နေကြောင်း စျေးကွက်မှသိရသည်။
✔️ လက်ရှိကော်မတီမှ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၀) ရက်နေ့မှ ဇူလိုင်လ(၁၆)ရက်နေ့အထိ တစ်ပိဿာလျှင် ၄,၁၄၀ ကျပ်သာ သတ်မှတ်ထားသော်လည်း ပြင်ပ ပေါက်စျေးမှာ တစ်ပိဿာလျှင် ၇,၃၀၀ ကျပ်နှင့်အထက်တွင် အရောင်းအဝယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် စျေးကွက်တွင် ပဲဆီရှယ် တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ် ရှိပြီး ရိုးရိုး တစ်ပိဿာလျှင်၈,၀၀၀ကျပ်ဖြင့် ပေါက်စျေးရှိကြောင်းသိရသည်။
✔️ ယခုအပတ်တွင် ကမ္ဘာစားအုန်ဆီစျေး အမြင့်စျေးတွင်ရှိနေပြီး စားအုန်းဆီ အဓိကတင်သွင်းနေသည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ပြည်ပတင်ပို့မှု ခွင့်ပြုသည့်ပမာဏကိုလျော့ချထားခြင်းကြောင့် တင်သွင်းသူများမှ ပြည်တွင်းလက်လီလက်ကားအရောင်းဆိုင်များသို့ ဆီအကန့်အသတ်ဖြင့်သာ ဖြန့်ဖြူး နေရခြင်းကြောင့် ပြင်ပဆီစျေးမှာအမြင့်စျေးတွင်ရှိနေခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တစ်ချို့ထံမှ သိရသည်။
✔️ “ကုန်သည်တွေလက်ထဲ ဆီလက်ကျန်နည်းနေလို့ ဈေးတက်နေတာ။ ဆီတင်သွင်းသူတွေက လက်လီလက်ကားရောင်းတဲ့ဆိုင်တွေကို ဆီအလုံအလောက် ပြန်ရောင်းချမပေးနိုင်ဘူး၊ ဝယ်ထားတာတွေကိုထုတ်ပေးတာနည်းတော့ ဆိုင်တွေမှာ လက်ကျန်ရောင်းစရာသိပ်မကျန်ကြဘူး ဖြစ်နေတယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ ဆီလုပ်ငန်းရှင်တစ်ဦးကပြောထားသည်။
✔️ ကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကား ရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအား အပတ်စဉ်ထုတ်ပြန်လျှက်ရှိပြီး ပြည်တွင်းဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းလည်းရှိသည်။
✔️ “ဝယ်ရောင်းတွေ လိုသလောက်ပဲဝယ်ရောင်းသင့်တယ်။ ဝယ်သူမရှိရင် ဈေးကကျမှာပဲ။ ချင့်ချိန် စဉ်းစားသင့်တယ်။ ဈေးမြင့်တာကို ဝယ်ရောင်းသရွေ့ကတော့ ရှုံးမှာပါ ။ ဒါကြောင့် နယ်သမားတွေ အရောင်းရပ်တာအကောင်းဆုံးပါ” ဟု ဆီဝယ်ရောင်းတစ်ဦးကပြောသည်။ ပြည်တွင်း၌ စားအုန်းဆီ သုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်(၁၀)သိန်းကျော်အထိရှိသောကြောင့် နှစ်စဥ်တန်ချိန် ၆သိန်း မှ ၇သိန်း ကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်း နေရကြောင်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)