menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စားအုန်းဆီတင်သွင်းမှု တစ်နှစ်လျှင်တန်ချိန် ရှစ်သိန်းခန့်အထိ ဖြစ်လာ
➡မြန်မာနိုင်ငံသို့စားအုန်းဆီ တရားဝင်တင်သွင်းမှုမှာ နှစ်စဉ်မြင့်တက်လျှက်ရှိရာ ၂၀၂၀ပြည့်နှစ်တွင် တစ်နှစ်အတွင်း တန်ချိန် ရှစ်သိန်းခန့်အထိ တင်သွင်းလာကြောင်းသိရသည်။
➡တရားမဝင် ဝင်ရောက်နေသော ဆီများလည်း ရှိနေသောကြောင့် စုစုပေါင်း ပြည်တွင်းသို့စားအုန်းဆီတင်သွင်းမှုမှာ တန်ချိန် တစ်သန်းခန့်အထိ ရှိနေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူ က ပြောသည်။
➡"မြန်မာပြည်ရဲ့ လူဦးရေစာရင်းနဲ့ တွက်ရင် တကယ်လိုတာက ဆီတန်ချိန် ခြောက်သိန်းခန့်ဆိုပေမယ့် တရားဝင် တန်ချိန် ရှစ်သိန်းလောက်နဲ့ တရားမဝင် နှစ်သိန်းလောက်ဝင်နေတော့ စုစုပေါင်း တစ်သန်းလောက်တင်သွင်းနေတာပါ။တကယ်လိုတာရဲ့ နှစ်ဆနီးပါး စားသုံးနေတဲ့ သဘောပါ။ဒီလိုတင်သွင်းမှုတွေရှိနေတော့ ပြည်တွင်း မြေပဲဆီ နဲ့ နေကြာဆီစာသုံးမှုက လျော့ကျလာတယ်။ ရေရှည်မှာ မြေပဲတောင်သူတွေ ထိခိုက်မှုရှိလာသလို ကျန်းမာရေးထိခိုက်မှုတွေ လည်းရှိလာနိုင်တယ်" ဟု ၎င်းက ပြောသည်။
➡လက်ရှိတွင် စားအုန်းဆီ တင်သွင်းမှုကို လျော့ချရန် အစိုးရညွှန်ကြားမှုများ ရှိသော်လည်း လျှော့ချတင်သွင်းနိုင်ခြင်း မရှိသေးဘဲ ကိုဗစ်ကာလ ဆက်သွယ်သွားလာမှု အခက်အခဲများကြောင့်သာ တင်သွင်းမှုအနည်းငယ်လျော့ကျခဲ့ကြောင်း သိရသည်။
➡လက်ရှိကာလတွင်လည်း ဘဏ်များ ဖွင့်လှစ်ခြင်း မရှိသေးသဖြင့် ငွေကြေးလည်ပတ်စီးဆင်းနိုင်ရန် ခက်ခဲနေခြင်းကြောင့် ဆီတင်သွင်းမှု လျော့ကျလျက်ရှိကြောင်း သိရသည်။ သို့သော် ပုံမှန်တင်သွင်းမှုများ ရှိနေဆဲဖြစ်ပြီး စားအုန်းဆီ တင်သွင်းမှုမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ နှင့် ၆၀၀ ကြားတွင် ရှိကြောင်း သိရသည်။ စားအုန်းဆီ စားသုံးမှု မြင့်မားခြင်းကြောင့် ပြည်တွင်းမှ မြေပဲဆီ ထုတ်လုပ်သည့်လုပ်ငန်းများ ပြိုလဲလာရကြောင်း သိရသည်။
➡စားအုန်းဆီ စားသုံးမှု မြင့်မားခြင်းကြောင့် မြန်မာနိုင်ငံ တွင်ဆီကြောင့် ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ များ ကို ရင်ဆိုင်လာ ရကြောင်း မှောင်ခိုဆီတင်သွင်းနေမှုများကိုလည်း ကန့်သတ်မှုများ လုပ်ဆောင်ရန်လိုကြောင်း သိရသည်။
➡ပြည်တွင်းပဲဆီဈေးမှာ စားအုန်းဆီဈေး၏ နှစ်ဆကျော်ပေါက် ဈေးရှိသော ကြောင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကို စားသုံးမှု မြင့်မား နေခြင်းဖြစ်ကာ ကျန်းမာရေးအတွက် ငွေကြေးတတ်နိုင်သူများသာ ပဲဆီကို ဝယ်ယူစားသုံးနိုင်ကြကြောင်းသိရသည်။
ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)