menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“စျေးကောင်းရနေသည့် ဂေါ်ဖီထုပ် နှင့် ပန်းဂေါ်ဖီ ဈေးကွက်”
🥦🥦🥦🥦🥦🥦🥦🥦🥦🥦
▶️ထိုင်းဘက်က အဝယ်များလို့ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီထုပ် စျေးကောင်းရနေပြီး တစ်ထုပ်လျှင် ဒေသပေါက်စျေး ၁,၅၀၀ မှ ၂,၀၀၀ ကြား နှင့် ရန်ကုန်စျေးကွက်တွင် ကျပ် ၃,၀၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ ရှမ်းပြည်(အောင်ပန်းမြို့)စျေးကွက် အတွင်းမှ စုံစမ်း သိရှိရပါတယ်။
▶️"လက်ရှိမှာ စျေးကောင်းရနေတာပေါ့။ ဂေါ် ဖီတို့ ပန်းတို့က စျေးကောင်းရနေတယ်။ ဒီဘက်ဒေသမှာက ပေါက်စျေးက တစ်ထုပ်ကို ၁,၅၀၀ ၊ ၂,၀၀၀ လောက်ပေါက်တယ်လေ။ အဲ့ဘက်တွေဆို သယ်ယူ ပို့ဆောင်ရေးစရိတ်တို့ ဘာတို့နဲ့ဆိုရင် စျေးကမြှောက်သွားတာပေါ့နော်။ ဂေါ်ဖီတို့ ပန်းထုပ်တို့က ပြောရရင် ရှမ်းပြည်ဘက်မှာပေါပါတယ်၊ အမြဲတမ်းပေါ်နေတယ်။ အခု စျေးမြောက်တယ်ဆိုတာက ထိုင်းဘက်ကလည်း အဝယ်တွေဆွဲနေတယ် လိုက်နေတယ်။ ပြည်တွင်းမှာကလည်း ကုန်ရှားနေတဲ့ သဘောရှိတယ်။ အဲ့လိုတွေကြောင့် စျေးတက်သွားရတဲ့ အခြေအနေပါ" လို့ အောင်ပန်းမြို့ ရှိ ကုန်သည်တစ်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။
▶️လက်ရှိကာလတွင် အောင်ပန်းမြို့မှာ ဂေါ်ဖီထုပ်စျေးက သမိုင်းတစ်လျှောက် စျေးနှုန်းအမြင့်ဆုံး ရောက်ရှိ နေပြီး ယခင်က တစ်ထုပ်လျှင် ၄၀၀ ကျပ်ခန့်သာ ပေါက်စျေးရှိသော်လည်း ယခုကာလတွင် ဂေါ် ဖီထုပ် တစ်ထုပ်လျှင် ၁,၅၀၀ ကျပ်အထိ ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဂေါ် ဖီထုပ်နဲ့ ပန်းဂေါ်ဖီထုပ်များ စျေးကောင်းရနေသော်လည်း တောင်သူများအတွက်ကတော့ အထွေထွေစရိတ်စက တွေကြီးမြင့်မှုကြောင့် အရင်းသာပြန်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။
▶️"ပြောရရင် တောင်သူတွေက သိပ်မစိုက်နိုင်ကြတော့တာပေါ့နော်။ လက်ရှိက စက်သုံးဆီတို့ ဓါတ်မြေသြဇာစျေးတွေက မြင့်နေတော့ တောင်သူတွေမှာလည်း အခက်အခဲတွေက ရှိတာပေါ့။ သူတို့ဝယ်ရတဲ့ ပစ္စည်းတွေကလည်းစျေးကြီးတယ်လေ။ နောက်တစ်ချက်က တောင်သူတွေက အရင်လို မစိုက်နိုင်တော့ဘူး။ အရင်က အပင်အရေအတွက် နှစ်သောင်းလောက်စိုက်ရင် အခုတစ်သောင်းလောက် ပဲ စိုက်နိုင်တော့တယ်။ အဲ့လိုအနေအထားရှိပါတယ်။ ပြောရရင် မြေသြဇာစျေးမကြီးခင်တုန်းကဆို အပင်နှစ်သောင်းစိုက်နိုင်တာကနေ အခုတစ်သောင်းဆိုတော့ အထွက်နှုန်းလည်း အတော်ကျသွားပြီ ကုန်ရှားသွားတဲ့ သဘောပါ။ စိုက်နိုင်တဲ့အားက လျော့သွားတယ်၊ အထွက်ကျတယ် အဲ့တော့စျေးတွေက မြှောက်နေတာပေါ့။ တောင်သူတွေ ဘက်မှာလည်း အခက်အခဲလေးတွေကရှိတယ် အဲ့လိုလေးပဲ ပြောရမှာပေါ့။ စိုက်နိုင်တဲ့အားနည်းသွားလို့ စျေးတက်တာပါ" ဟု အောင်ပန်းမြို့ဒေသခံ တောင်သူတစ်ဦး က ပြောပြခဲ့ပါတယ်။
▶️ရန်ကုန်မြို့ရဲ့ အခြေခံစားသောက်ကုန်စျေးကွက်အတွင်းမှာတော့ ဂေါ် ဖီတစ်ထုပ်လျှင် ကျပ် ၃,၀၀၀ အထိပေါက်စျေးရှိနေပြီး အချို့သောစျေးများတွင် ကုန်ပစ္စည်း ပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ "ဂေါ် ဖီစျေးတွေက အတော်လေးတက်နေတာပါ။ အရင်က ၃၀၀၊ ၄၀၀ တန်က အခု ၃,၀၀၀ လောက်ဖြစ်နေတော့ ရောင်းရတာ ဘယ်လိုမှမကိုက်ဘူးပေါ့။ ဂေါ် ဖီသေးသေးလေး တစ်စိတ် တောင် ၁,၅၀၀ လောက်ဖြစ်နေတာ အရင်က ၃၀၀၊ ၄၀၀ ဖိုးဆို စိတ်ကြိုက်ပဲလေ၊ အခုက ၃,၀၀၀ ဖိုးဝယ်ထားတာတောင် ဘာမှမရဘူး"လို့ ရန်ကုန်မြို့ရှိ လက်တွန်းလှည်းဖြင့် စျေးရောင်းချသူ တစ်ဦးက ပြောပါတယ်။
▶️ဆက်လက်ပြီး အောင်ပန်းမြို့ရှိ ကုန်သည်တစ်ဦးမှလည်း "ပစ္စည်းရရင်တော့ စျေးကပေါသွားတာလေ၊ အခုက မြဝတီဘက်က တအားဆွဲနေတော့ ဒီဘက်မှာဂေါ် ဖီတို့ ပန်းတို့က နည်းနည်းပြန်ရှားနေတယ်။ အဲ့ဒါကြောင့် စျေးနည်းနည်းမြောက်သွားတာပါ။ စျေးတက်ပေမယ့် စျေးကောင်းရပေမဲ့ တောင်သူတွေ ဘက် ပြန်ကြည့်ရင်လည်း မနည်းလုပ်နေရတဲ့ အနေအထားပါ။ တချို့ဆို အရင်းပဲ ပြန်ရတဲ့ အနေအထားပါ။ အကုန်လုံးက စျေးတွေ စရိတ်စကတွေကမြင့်နေတော့ တောင်သူတွေမှာလည်း မဖြစ်မနေလုပ်နေရတဲ့ အနေအထားပဲရှိပါတယ်" ဟု ပြောပြခဲ့ပါတယ်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : MyanmaPlatform