menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စျေးကောင်းရနေသည့် ပြည်တွင်း နှမ်းဈေးကွက် .....
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
✅ပြည်တွင်း၌ နှမ်းလက်ကျန်နည်းလာသည့်အပြင် အရည်သွေးကောင်းသောနှမ်း ရှားပါးလာသည့်အတွက် နှမ်းတွေ စျေးပြန်ကောင်းလာကြောင်း ကုန်သည်များထံမှ သိရသည်။ လက်ရှိ နှမ်းစျေးကွက်တွင် အက်စစ်အောင်သည့်နှမ်းများသာ အဓိကထား အရောင်းအဝယ်ဖြစ်နေပြီး အက်စစ်အောင်သည့် နှမ်းမှာလည်း လက်ရှိစျေးကွက်တွင်ရှားနေကြောင်း နှမ်းစျေးကွက်မှသိရသည်။
✅“တရုတ်က ပြန်ဖွင့်ပြီဆိုတော့ နယ်စပ်ကလဲပို့တယ် ပင်လယ်ရေကြောင်းကလဲ ပို့တယ်။ ဂျပန်လည်းပို့နေတယ်ဆိုတော့ ပြည်တွင်းစိုက်နိုင်တဲ့ အနေအထားနဲ့ ပြည်ပMarket နဲ့ မမျှဘူး စိုက်နိုင်တာ နည်းတယ်။ လက်ကျန်နည်းနေတော့ လိုချင်တာမရသလိုဖြစ်နေတယ်။ တောင်သူတွေ စိုက်ကြပေမဲ့ ရာသီဉတုအနေအထားရော အခြားအခြေအနေများကြောင့်ပါ ကယားဘက်ကစိုက်တဲ့ နှမ်းတွေဆို စျေးကွက်ထဲမသယ်နိုင်ကြဘူး။ မရောက်လာကြဘူး။ လိုအပ်သလောက်မရတော့ စျေးကတက်နေတာပေါ့” ဟု နှမ်းexporter တစ်ဦးကပြောသည်။
✅လက်ရှိ ၄၅ပိဿာဝင် တစ်အိတ်လျှင် အောင်လံစျေး ၂သိန်း၉သောင်း ရှိပြီး မန္တလေးစျေး သုံးသိန်းခန့်ရှိ၍ အရည်အသွေး၊ အချိန်နှင့်နေရာကို လိုက်၍ စျေးနှုန်းများပြောင်းလဲနိုင်ကြောင်းလည်း ကုန်သည်များက ပြောသည်။ လက်ရှိစျေးမှာ ပြီးခဲ့သည့်နှစ်များနှင့်ယှဉ်ရင် ထက်ဝက်ခန့် မြင့်တက်နေပြီး အရည်အသွေးမှီ နှမ်းထွက်သည့် တောင်သူများအနေဖြင့် တွက်ခြေကိုက်နိုင်သော်လည်း သွင်းအားစုများ ဈေးမြင့်တက်မှု ကြောင့် သွင်းအားစုများလျှော့ချစိုက်ပျိုးမှုများက ပြည်ပတင်ပို့ရန် အရေးအသွေးမှီသည့် နှမ်းများ မရရှိကြောင်းသိရသည်။
✅ထို့အပြင် တရုတ်နိုင်ငံမှနှမ်းနက်များအား အဝယ်လိုက်နေ၍ စျေးကွက်တွင် ဝယ်လိုအားများပြီး စျေး မြင့်တက်လာခြင်းဖြစ်ကြောင်း နှမ်းကုန်သည်များက သုံးသပ်ကြသည်။ “ကြားထဲမှာတော့ နှမ်းတစ်မျိုး ထွက်ဖို့တော့ရှိတယ်၊ နွေနှမ်းပေါ်အုံးမယ်။ စျေးကျတာက အက်စစ်မအောင်တဲ့နှမ်းတွေကျတာပါ။ သူတို့က နှစ်သိန်း၆သောင်းလောက်ပဲရှိတယ်” ဟု အောင်လံကုန်စည်ဒိုင် မှ ဦးအောင်မိုး ကပြောသည်။ ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် ကုန်ကျစရိတ်ပိုမိုများသော်လည်း သင်္ဘောရှာကာငှားရာတွင် အခက်ခဲများသိပ်မရှိတော့ကြောင်း Exporter များက ဆိုသည်။
✅နောက်ပိုင်းတွင်လည်း တရုတ်က လိုအပ်ချက်များနေပြီး တခြားနိုင်ငံများတွင်လည်း နှမ်းအဝင် နည်းသောကြောင့် နှမ်းစျေးကွက်မအေးနိုင်ကြောင်း၊ စျေးနှုန်းထပ်မံမြင့်ကာ စျေးကောင်းရနိုင်ကြောင်း Exporters များက သုံသပ်ပြောဆိုသည်။ ပြည်တွင်းတွင် ပုံမှန်နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်းထိ ထွက်လေ့ရှိပြီး နိုင်ငံရေးအခြေအနေများ နှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထွက်နှုန်းလည်းလျော့နည်းလျက်ရှိကြောင်းသိရသည်။
✅မြန်မာ့နှမ်းကို တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်ဝမ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး တရုတ်နိုင်ငံ တခုတည်းသာအားထားတင်ပို့နေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
✅သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)