menu

စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်


စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်  
၂၀၂၀ခုနှစ် ဇူလိုင်လ (၆)ရက်မှ (၁၂)ရက်အထိ

🌊ဘင်္ဂလားပင်လယ်အော် အခြေအနေ🌊
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။  

🌧မိုးရွာသွန်းနိုင်မှု အခြေအနေ🌧  
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။  

☀️အမြင့်ဆုံးအပူချိန် အခြေအနေ☀️
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၇၄)ဒီဂရီဖာရင်ဟိုက်မှ (၈၃)ဒီဂရီ ဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင် းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ် နှင့် မွန်ပြည်နယ်တို့တွင် (၈၄)ဒီဂရီဖာရင်ဟိုက်မှ (၉၃)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၉၄)ဒီဂရီဖာရင်ဟိုက်မှ (၁၀၃)ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။  

⛅️အနိမ့်ဆုံးအပူချိန် အခြေအနေ⛅️
ချင်းပြည်နယ်တွင် (၅၇)ဒီဂရီဖာရင်ဟိုက်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၆၄)ဒီဂရီဖာရင်ဟိုက်မှ (၇၃)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၄)ဒီဂရီဖာရင်ဟိုက်မှ (၈၃)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။  

💦လေထုစိုထိုင်းဆ အခြေအနေ💦  
စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၆၆)%မှ (၇၆)%အတွင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၇၇)%မှ (၈၆)%အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၇)%မှ (၉၆)% အတွင်း ရှိနိုင်ပါသည်။  

🌱ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ🌱  
ပဲခူးတိုင်းဒေသကြီ်း(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၁၁)မီလီမီတာမှ (၂၀)မီလီမီတာအတွင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၂၁)မီလီမီတာမှ (၃၀)မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၃၁)မီလီမီတာမှ (၄၁) မီလီမီတာအတွင်း အသီးသီး ရှိနိုင်ပါသည်။  

Sources: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန