menu

စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက် (၂၃.၄.၂၀၂၁ မှ ၂၆.၄.၂၀၂၁)


☀️🌧🌦🌥☀️☀️🌧🌦🌥☀️

ဤရက်ပိုင်းများအတွက် ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်း တို့မှာ တိမ်အနည်းငယ် ထူထပ်နေပြီး ကျန်ဒေသများမှာတော့ တိမ်ကင်းစင်ကာ ရာသီဥတုသာယာနိုင် ပါတယ်။ တနင်္သာရီတိုင်းမှာ‌တော့ မိုးရွာနိုင်ချေ ၈၀ ရာခိုင်နှုန်းရှိပြီး ဧပြီလကုန်ထိ မိုးရွာသွန်းနိုင်ပါတယ်။

နေ့နှင့်ည အပူချိန်
---------------

 ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နေ့အပူချိန် (၃၄-၃၆) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ တိမ်ထူထပ်နိုင်ပြီး နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၅-၂၈) ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ယခုအပတ်ထဲမှာ တိမ်အနည်းငယ်ထူထပ်နေပြီး လာမယ့် အပတ်မှာတော့ မိုးရွာနိုင်ချေ အနည်းငယ် ရှိပါတယ်။ နေ့အပူချိန် (၃၀-၃၂) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၄-၂၆) ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာတော့ နောက်အပတ်ထဲမှာ တိမ်များအုံ့ဆိုင်းနိုင်ပြီး နေ့အပူချိန် (၃၀-၃၅) ဒီဂရီစင်တီဂရိတ် နဲ့ ညအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ မိုးရွာနိုင်ချေရှိပြီး နေ့အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။

တိမ်ဖြစ်ထွန်းမှု အခြေအနေ
------------------------

မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာ တိမ်များ ထူထပ်အုံ့ဆိုင်းနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ တိမ်ကင်းစင်ပြီး ရာသီဥတုသာယာနိုင်ပါတယ်။

လေတိုက်နှုန်း အခြေအနေ
-----------------------

 လေတိုက်နှုန်းမှာ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှ တစ်နာရီလျှင် ၇ မိုင်နှုန်းရှိနိုင်ပြီး ကျန်ဒေသများတွင် တစ်နာရီလျှင် ၄ မိုင်နှုန်းခန့်သာရှိနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန