menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက် ၂.၄.၂၀၂၁ မှ ၆.၄.၂၀၂၁ အထိ
🌧⛈🌤⛈🌧🌧⛈🌤⛈🌧
✔️ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ခြောက်သွေ့ပူပြင်းနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် တိမ်အနည်းငယ်မှအသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာနိုင်ခြေရှိပါသည်။
✔️ရန်ကုန်၊ ဧရာဝတီ နှင့် ပဲခူးတိုင်း အခြေအနေ✔️
နောက်အပတ်အတွင်းတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ခြေရှိပါသည်။ နောက်ရက်အနည်းငယ်အတွင်း တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။ ညအပူချိန် ၂၅ဒီဂရီစင်တီဂရိတ် ရှိပြီး နေ့အပူချိန်အနေဖြင့် ၃၀ မှ ၃၆ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။ လေတိုက်နှုန်း အသင့်အတင့်ရှိနိုင်ပါသည်။
✔️မန္တလေးတိုင်း နှင့် မကွေးတိုင်း အခြေအနေ✔️
စနေတနင်္ဂနွေနေ့များတွင် တိမ်အနည်းငယ်ရှိနိုင်ပြီး ကျန်နေ့ရက်များတွင် ပူပြင်းခြောက်သွေ့သောရာသီဥတု ရှိပါမယ်။ ညအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပြီး နေ့ပိုင်းတွင် ၃၇ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းနိုင်ပါသည်။ လေတိုက်နှုန်းအနည်းငယ်မှ အသင့်အတင့်ရှိနိုင်ပါသည်။
✔️မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် အခြေအနေ✔️
လာမည့်နှစ်ရက်သုံးရက်အတွင်း တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ပူပြင်းခြောက်သွေ့နိုင်ပါသည်။ နောက်အပတ်အတွင်းတွင် မိုးအနည်းငယ်မှ အသင့်အတင့်ရွာသွန်းနိုင်ခြေရှိပါသည်။ နေ့အပူချိန်၂၉ မှ ၃၄ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး ညပိုင်းတွင် ၂၃ ဒီဂရီစင်တီဂရိတ် အထိရှိနိုင်ပါသည်။ လေတိုက်နှုန်းအနည်းငယ်သာ ဖြစ်ပေါ်နိုင်ပါသည်။
✔️ရှမ်းပြည်နယ် အခြေအနေ✔️
ပူပြင်းခြောက်သွေ့ပြီး တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် နောက်တစ်ပတ်အတွင်း မိုးအနည်းငယ်မှ အသင့်အတင့်ရွာသွန်းနိုင်ပါသည်။ ညအပူချိန်အနေဖြင့် ၁၈ ဒီဂရီစင်တီဂရိတ်အထိရှိပြီး နေ့ပိုင်းတွင်း ၂၆ မှ ၃၃ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်နိုင်ပါသည်။ လေတိုက်နှုန်း အနည်းငယ်မှ အသင့်အတင့်သာရှိနိုင်ပါသည်။
✔️တနင်္သာရီတိုင်းဒေသကြီး အခြေအနေ✔️
တိမ်ထူထပ်နိုင်ပြီး မိုးအနည်းငယ်မှအသင့်အတင့်ရွာသွန်းနိုင်ပါသည်။ နေ့အပူချိန် ၂၈ မှ ၃၁ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး ညအပူချိန်အနေဖြင့် ၂၃ ဒီဂရီစင်တီဂရိတ်သာရှိနိုင်ပါသည်။ လေတိုက်နှုန်းအနည်းငယ်မှ အသင့်အတင့်ရှိနိုင်ပါသည်။
Sources : မိုးလေဝသညွှန်ကြားမှုဦးစီးဌာန