menu

"စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်" ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅) ရက် မှ (၁၁)ရက်


🌤️🌤️🌤️🌤️🌤️🌤️🌤️🌤️🌤️🌤️

ဘင်္ဂလားပင်လယ်အော် အခြေအနေ
-------------------------------
ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်မှု အခြေအနေ
-----------------------
ယခုတစ်ပတ်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာနိုင်ပါသည်။

အမြင့်ဆုံးအပူချိန် အခြေအနေ
--------------------------
အမြင့်ဆုံးအပူချိန်များမှာ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၆)ဒီဂရီဖာရင်ဟိုက်မှ (၇၅)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၇၆)ဒီဂရီဖာရင်ဟိုက်မှ (၈၅)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၆)ဒီဂရီဖာရင်ဟိုက်မှ (၉၅)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။

အနိမ့်ဆုံးအပူချိန် အခြေအနေ
-----------------------
အနိမ့်ဆုံးအပူချိန်များမှာ ချင်းပြည်နယ်တွင် (၃၆)ဒီဂရီဖာရင်ဟိုက်ခန့်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၄၆)ဒီဂရီဖာရင်ဟိုက်မှ (၅၇)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၅၈)ဒီဂရီဖာရင်ဟိုက်မှ (၆၉)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။ 

လေထုစိုထိုင်းဆ အခြေအနေ 
------------------------
လေထုစိုထိုင်းဆမှာ နေပြည်တော်တွင် (၅၀%)ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၄%) မှ (၇၄%)အတွင်း၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၇၅%)မှ (၈၄%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (၈၅%)မှ (၉၄%)အတွင်း အသီးသီးရှိနိုင်ပါသည်။ 

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ 
---------------------------- 
ပင်ငွေ့ရေငွေ့ပျံနှုန်းမှာ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၂)မီလီမီတာ မှ (၂၃)မီလီမီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)မီလီမီတာမှ (၃၄)မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။ 

Sources : စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ