menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"စိုက်ပျိုးရေးအတွက် မိုးလေဝသခန့်မှန်းချက်" ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃) ရက်မှ(၆)ရက်
🌾🌧🌦🌤💨🌾🌧🌦🌤💨🌾
↗ ဤရက်များတွင် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် မိုးရွာသွန်းနိုင်ပြီး လေတိုက်နှုန်း ပြင်းထန်နိုင်ပါသည်။ စက်တင်ဘာ (၄)ရက်နှင့် (၅)ရက်နေ့တွင် ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်ပါသည်။ အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်းတို့တွင် စက်တင်ဘာ (၆)ရက်မှစ၍ မိုးကြီးနိုင်ပါသည်။
🌧မိုးရွာသွန်းနိုင်မှု အခြေအနေ🌧
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စက်တင်ဘာ (၃)ရက်မှ (၅)ရက်အထိ မိုးကြီးနိုင်ပြီး တစ်ရက်လျှင် မိုးရေချိန် ၁လက်မကျော် ရွာသွန်းနိုင်ပါသည်။ မန္တလေးတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နေရာကွက်ကြား မိုးရွာသွန်းနိုင်၍ စက်တင်ဘာ (၆)ရက်နေ့တွင် မိုးကြီးနိုင်ပြီး တစ်ရက်လျှင် မိုးရေချိန် ၁လက်မခန့် ရွာသွန်းနိုင်ပါသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် စက်တင်ဘာ (၄)ရက်နှင့် (၅)ရက်နေ့တွင် မိုးအလွန်ကြီးနိုင်ပြီး တစ်ရက်လျှင် မိုးရေချိန် ၃ လက်မခန့် ရွာသွန်းနိုင်ပါသည်။ စက်တင်ဘာ (၅)ရက်နေ့နောက်ပိုင်းတွင် မိုးရွာသည့်ပမာဏ လျော့နည်းသွားမည်ဟု ခန့်မှန်းရရှိပါသည်။ ရှမ်းပြည်နယ်ဒေသတစ်ချို့တွင် မိုးရွာနိုင်ပြီး တစ်ရက်လျှင် မိုးရေချိန် ၁လက်မခန့် ရွာသွန်းနိုင်ပါသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် မိုးကြီးနိုင်ကာ တစ်ရက်လျှင် မိုးရေချိန် ၁လက်မခန့် ရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်တောင်ပိုင်းတွင် နေရာကွက်ကြား မိုးဖွဲဖွဲရွာနိုင်ပြီး မြောက်ပိုင်းတွင် မိုးကြီးနိုင်ပါသည်။ စက်တင်ဘာ (၆)ရက်နေ့တွင်မူ မိုးရေချိန်ပမာဏ ပိုမြင့်လာနိုင်ကာ မိုးကြီးရေလျှံ နိုင်မည်ဟု ခန့်မှန်းရရှိပါသည်။
🌦နေ့နှင့်ည အပူချိန်အခြေအနေ🌦
ယခုရက်များအတွက် နေ့နှင့်ည အပူချိန်အခြေအနေမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းတို့တွင် နေ့အပူချိန် ၃၀°C နှင့် ညအပူချိန် ၂၅ °C ၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် နေပြည်တော်တို့တွင်နေ့အပူချိန် ၃၃°C နှင့်ညအပူချိန် ၂၅°C ၊ စစ်ကိုင်းတိုင်းတွင် နေ့အပူချိန် ၃၃°C နှင့် ညအပူချိန် ၂၆°C ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် နေ့အပူချိန် ၂၉°C နှင့် ည ၂၄°C ၊ ရှမ်းပြည်နယ်တွင် နေ့အပူချိန် ၂၈°C နှင့် ညအပူချိန် ၂၂°C ၊ ချင်းပြည်နယ်တွင် နေ့အပူချိန် ၂၃°C နှင့် ညအပူချိန် ၁၇°C ၊ ရခိုင်ပြည်နယ်တွင် နေ့အပူချိန် ၃၁°C နှင့် ညအပူချိန် ၂၅°C ၊ ကချင်ပြည်နယ်တွင် နေ့အပူချိန် ၃၂°C နှင့် ညအပူချိန် ၂၅°C အသီးသီးရှိနိုင်ပါသည်။
🌤တိမ်ဖြစ်ထွန်းနိုင်မှု အခြေအနေ🌤
ယခုရက်များတွင် မြန်မာတစ်နိုင်ငံလုံးနီးပါး တိမ်ထူထပ်နိုင်ပြီး လေထန်နိုင်ပါသည်။
💨လေတိုက်နှုန်း အခြေအနေ💨
လေတိုက်နှုန်းမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတို့တွင် တစ်နာရီပျမ်းမျှ ၁၅မိုင်နှုန်း၊ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် တစ်နာရီပျမ်းမျှ ၁၀မိုင်နှုန်း နှင့် ကျန်ဒေသများတွင် တစ်နာရီပျမ်းမျှ ၉မိုင်နှုန်းတိုက်ခတ်နိုင်ပါသည်။
Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန