menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးရေးမိုးလေဝသ ခန့်မှန်းချက် (၁၂.၅.၂၀၂၁ မှ ၁၄.၅.၂၀၂၁)
🌤🌧☀️⛈🌦🌤🌧☀️⛈🌦
▶️ယခုတစ်ပတ်အတွက် ခန့်မှန်းချက်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့တွင် မေလ(၁၂)ရက် နှင့် (၁၃)ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၉၀ရာခိုင်နှုန်း ရှိပြီး နေရာကွက်ကြား မိုးဖွဲဖွဲရွာသွန်းနိုင်ပါတယ်။
▶️မေလ၁၃ရက်နေ့မှာတော့ မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့တွင် ထစ်ချူန်းမိုးရွာနိုင်ပြီး လျှပ်စီးမိုးကြိုး ရုတ်တရက်လေပြင်း အန္တရာယ်ရှိနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။
နေ့ နှင့် ညအပူချိန်
---------------
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နေ့အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန်၂၈ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်း တို့မှာ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန်၂၈ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန်၂၅ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ရှမ်းပြည်နယ်မှာတော့ နေ့အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် နဲ့ ညအပူချိန်၂၂ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။
တိမ်ဖြစ်ထွန်းမှု အခြေအနေ
------------------------
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တိမ်များ ထူထပ်အုံ့ဆိုင်းနေပြီး ကျန်ဒေသများမှာတော့ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
လေတိုက်နှုန်း အခြေအနေ
-----------------------
လေတိုက်နှုန်းမှာ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှ တစ်နာရီလျှင် ၉ မိုင်နှုန်းရှိနိုင်ပြီး ကျန်ဒေသများတွင် တစ်နာရီလျှင် ၆ မိုင်နှုန်းခန့်သာရှိနိုင်ပါသည်။
Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန