menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးရေးမိုးလေဝသ ခန့်မှန်းချက် (၂၂.၅.၂၀၂၁ မှ ၂၆.၅.၂၀၂၁) ထိ
🌧🌤🌥💨💨🌥🌤🌧
🌧မိုးရွာသွန်းနိုင်မှု အခြေအနေ🌧
ယခုတစ်ပတ်အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ဒေသတစ်ချို့ နှင့် နေပြည်တော်တို့တွင် နေရာကွက်ကြား၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်း တို့တွင် မေလ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့ အထိ မိုးရွာရန် ရာနှုန်း ၉၀ရာခိုင်နှုန်း ရှိပါတယ်။ မေလ(၂၅)ရက် နှင့် (၂၆)ရက်နေ့များမှာ မိုးများ ပိုမိုရွာသွန်းနိုင်ပြီး လေပြင်းများလည်း တိုက်ခတ်နိုင်ပါတယ်။ အပူပိုင်းဇုန်များဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာတော့ မေလ(၂၅)ရက်နှင့်(၂၆) ရက်နေ့များ တွင်နေရာကွက်ကြား မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။
🌤နေ့ နှင့် ည အပူချိန်အခြေအနေ🌤
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင်နေ့အပူချိန် (၃၃)ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၅) ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့တွင် နေ့အပူချိန် (၃၇) ဒီဂရီ စင်တီဂရိတ်နဲ့ ညအပူချိန် ၂၈ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ နေ့အပူချိန် (၃၇) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၈)ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေ့အပူချိန်(၃၀)ဒီဂရီစင်တီဂရိတ်နှင့် ညအပူချိန် (၂၄)ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ နေ့အပူချိန် (၂၈)ဒီဂရီစင်တီဂရိတ်နှင့် ညအပူချိန် (၂၂) ဒီဂရီ စင်တီဂရိတ် ရှိနိုင်ပါတယ်။ ချင်းပြည်နယ်တွင် နေ့အပူချိန် (၂၈)ဒီဂရီစင်တီဂရိတ်နှင့် ညအပူချိန် (၂၀)ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်တွင် နေ့အပူချိန် (၂၇)ဒီဂရီစင်တီ ဂရိတ်နှင့်ညအပူချိန် (၂၃)ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။
🌥တိမ်ဖြစ်ထွန်းမှု အခြေအနေ🌥
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးတိမ်များ အုံ့ဆိုင်းနေပြီး ကျန်ဒေသများမှာတော့ တိမ်အနည်းငယ်မှတိမ်အသင့် အတင့် ဖြစ်ထွန်းနေပါတယ်။
💨လေတိုက်နှုန်း အခြေအနေ💨
မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှ တစ်နာရီလျှင် (၁၂)မိုင်နှုန်းရှိနိုင်ပြီး ကျန်ဒေသများမှာတော့ တစ်နာရီလျှင် (၅) မိုင်နှုန်းခန့်သာ ရှိနိုင်ပါသည်။
Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန