menu

စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက် (၁၅.၅.၂၀၂၁ မှ ၁၈.၅.၂၀၂၁)


🌧☀️💨🌧☀️💨🌧☀️💨

✔️ယခုတစ်ပတ်မိုးလေဝသခန့်မှန်းချက်မှာ ကချင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းအတွင်းမြို့နယ်အချို့နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတို့တွင် မေလ ၁၈ရက်နေ့တွင် နေရာကွက်ကြား မိုးရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နှင့် တိုင်းများမှာတော့ မိုးရွာနိုင်ချေမရှိဘဲ ရာသီဥတုသာယာနိုင်ပါတယ်။

☀️နေ့နှင့်ည အပူချိန်☀️

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် နေ့အပူချိန် ၃၇ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၇ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေ့အပူချိန် ၄၀ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၃၀ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ နေ့အပူချိန် ၃၃ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၅ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ နေ့အပူချိန် ၃၀ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၂ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင် နေ့အပူချိန် ၃၀ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၀ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ရှိနိုင်ပါတယ်။

🌧တိမ်ဖြစ်ထွန်းမှု အခြေအနေ🌧

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတစ်ချို့၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအတွင်းဒေသ တစ်ချို့၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ တိမ်များ ထူထပ်အုံ့ဆိုင်းနေနိုင်ပြီး ကျန်ဒေသများမှာတော့ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

💨လေတိုက်နှုန်းအခြေအနေ💨

မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှတစ်နာရီလျှင် ၉မိုင်နှုန်းရှိနိုင်ပြီး ကျန်ဒေသများ မှာတော့ တစ်နာရီလျှင် ၆မိုင်နှုန်းခန့်သာရှိနိုင်ပါသည်။ 

Source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန