menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက် ၂၀၂၁ ခုနှစ် မတ်လ (၁၉)ရက် မှ (၂၃)ရက်
🌧☀️🌦🌥💨💨🌥🌦☀️🌧
➡️ယခုတစ်ပတ်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေဖြင့် ပူပြင်းခြောက်သွေ့ပြီး သာယာနိုင်ပါတယ်။ တိမ်ဖြစ်ထွန်းမှုအနေနဲ့ကတော့ တိမ်အနည်းငယ် ထူထပ်နေပြီး လေတိုက်နှုန်းကတော့ အရင်အပတ်ထက် အနည်းငယ်ပိုနိုင်ပါတယ်။
မိုးရွာသွန်းနိုင်မှုအခြေအနေ
-----------------------
လာမယ့်အပတ်ထဲမှာတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မိုးရွာနိုင်ချေ အနည်းငယ် ရှိပါတယ်။
နေ့ နှင့် ည အပူချိန် အခြေအနေ
---------------------------
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နေ့အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၀ဒီဂရီ စင်တီဂရိတ် ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်း တို့မှာ နေ့အပူချိန် ၃၄ ဒီဂရီ စင်တီဂရိတ်နဲ့ ညအပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ် ရှိနိုင်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိမ်အနည်းငယ်ထူထပ်နေပြီး နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ရှမ်းပြည်နယ်မှာတော့ နေ့အပူချိန် ၂၇-၃၀ ဒီဂရီစင်တီဂရိတ် နဲ့ ညအပူချိန် ၁၇ ဒီဂရီ စင်တီဂရိတ် ရှိနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာ နေ့အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။
တိမ်ဖြစ်ထွန်းမှု အခြေအနေ
------------------------
မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး အလယ်ပိုင်းဒေသများမှာတော့ တိမ်ကင်းစင်နိုင်ပါတယ်။
လေတိုက်နှုန်း အခြေအနေ
-----------------------
လေတိုက်နှုန်းမှာ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှ တစ်နာရီလျှင် ၇ မိုင်နှုန်းရှိနိုင်ပြီး ကျန်ဒေသများတွင် တစ်နာရီလျှင် ၄ မိုင်နှုန်းခန့်သာရှိနိုင်ပါသည်။
Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန