menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါး အထွက်တိုးချင်ရင် “ဝါ”သုံး“ဝါ” မဖြစ်အောင် ဂရုစိုက်ဖို့လို
⭐️⭐️⭐️
စပါး အထွက်တိုးချင်ရင် “ဝါ”သုံး“ဝါ”မဖြစ်အောင် ဂရုစိုက်ဖို့လို
👉👉👉 ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ဧရာဝတီတိုင်းအစိုးရအဖွဲ့အစီအစဉ်နဲ့ တိုင်းမြို့တော်ခန်းမမှာ တောင်သူ လယ်သမားကြီး ၆၀ဝ ခန့်နဲ့စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲ ပြုလုပ်ပါတယ်။ အဲဒီအခမ်းအနားမှာ စာရေးသူကို ဖိတ်ကြားတဲ့အတွက် သွားရောက်ဆွေးနွေးခဲ့ပါတယ်။ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရာလမ်းတစ်လျှောက်မှာ စပါးစိုက်ခင်းတွေ တစ်မျှော်တစ်ခေါ် တွေ့ရတာ ကြည့်နူးစရာပါပဲ။ စိုက်ပျိုးရေးသမားဆိုတော့ ကားပေါ်ကနေ စပါးခင်းတွေရဲ့ အခြေအနေကို စူးစိုက်လေ့လာမိပါတယ်။ အဲဒီအခါမှာ ကြည်နူးစရာလေးက ဝမ်းနည်းစရာလေး ဖြစ်သွားပါတယ်။ အကြောင်းကတော့တစ်ခွင်တစ်ပြင်တွေ့ရတဲ့ စပါးခင်းကြီးတွေဟာ စပါးရွက်ရဲ့ အရောင်စိမ်းဝါဝါဖြစ်နေတာ မြင်တွေ့ရလို့ပါပဲ။ ဆင်းပြီး စပါးခင်းမှာ စပါးပင်ဗိုက်ခွဲကြည့်တော့ မှိုကပ် (သန္ဓေတည်) နေတဲ့အဆင့်၊ တချို့ သန္ဓေတည်ဖို့နီးနေတဲ့အဆင့် ဖြစ်နေပါတယ်။ စပါးပင်ဟာ အပင်ကြီးထွားတဲ့အဆင့်၊ အနှံသန္ဓေတည်တဲ့အဆင့်၊ ရင့်မှည့်တဲ့အဆင့်ဆိုပြီး ရှိပါတယ်။ ဒီအဆင့်တိုင်းစပါးပင်သက်တမ်းတစ်လျှောက်မှာ စပါးပင်အရွက် “ဝါ“ လို့မရတဲ့ အဆင့်သုံးခုရှိပါတယ်။
⭐ ပထမ “ဝါ” တာကတော့ အပင်ပွားနေတဲ့အချိန် (အပင်ကြီးထွားဆင့်) မှာအရွက် မ “ဝါ” စေရဘူး။
⭐ဒုတိယ “ဝါ“ကတော့ မှိုကပ်ချိန် (အနှံသန္ဓေတည်ဆင့်) မှာ မ “ဝါ“ စေရဘူး။
⭐တတိယ “ဝါ“ ကတော့ နို့ရည်တည်ချိန် (ရင့်မှည့်ဆင့်) မှာ မ “ဝါ“စေရဘူး ဖြစ်ပါတယ်။
ဒီအဆင့်တွေမှာအရွက်တွေဝါရင် အထွက်ကျမှာ မလွဲဧကန်ပါပဲ။
🔹စာရေးသူက တောင်သူလယ်သမားကြီးတို့ရဲ့ စပါးခင်းတွေ အရွက်ဝါနေတာကိုစိတ်ဝင် စားအောင် အရွှန်းဖောက်ပြီး “ဟေ့မောင်မဲလုံး၊ ဒီနှစ် မင်းစပါးခင်းက အရွက်တွေဝါလှချည်လား . . . ဝါမှပေါ့ဘောစိရဲ့၊ပုလဲမြေဩဇာမှ မသုံးနိုင်တာကိုးဗျ“လို့ဆွေးနွေးတော့ ခန်းမတစ်ခုလုံး လက်ခုပ်သံတွေ တဖြောင်းဖြောင်းလွှမ်းသွားပါတော့တယ်။
🔸🔸🔸 စာရေးသူ ဆက်ပြီးဆွေးနွေးပြတာကတော့ ပင်ပွားချိန်မှာ အရွက်တွေဝါနေရင်အပင်ပွားမှုနည်းမယ်။ အပင်ကြီးထွားမှု တန့်နေမယ်။ အပင်ပွားနည်းရင် တစ်ဧကမှာရှိရမယ့် ကြဲခင်းအောင်နှံ ၁၅-၁၆ သိန်း၊စိုက်ခင်းအောင်နှံ ၁၀ သိန်း ပြည့်ပြည့်ဝဝမရတော့ဘူးပေါ့။ အဲဒီကတည်းက စပါးထွက်က ကျနေပြီပေါ့ဗျာ။ တစ်နှံမှာ အောင်စေ့ ၁၀ဝ၊ တစ်ဧကမှာ အောင်နှံ ၁၀ သိန်း၊တင်း ၁၀ဝ ထွက်မယ့်ကိန်းလို့ ဆိုရိုးရှိတယ်မဟုတ်လားဗျာ။ အဲဒီတော့ ဒီအဆင့်မှာ စပါးရွက်တွေရဲ့ အရောင်ဟာ ဓနိဖက်ရောင်လို စိမ်းမှောင်နေဖို့ လိုတယ်။ ဒါမှ အစာချက်အားကောင်းမှာပေါ့ဗျာ။ ဒီလိုဖြစ်အောင် N2 ဓာတ်မြေဩဇာ ကျွေးဖို့လိုတာပေါ့။
🔹နောက် ဒုတိယ “ဝါ“ ကတော့ မှိုကပ်ချိန်မှာ မဝါစေရဘူးပေါ့ဗျာ။ အခု လယ်သမားကြီးများရဲ့ စပါးခင်းတွေဟာ မှိုကပ်ချိန်မှာကို စပါးရွက်တွေက ဝါထိန်နေတာပဲဗျာ။အားမရဘူး။ မှိုကပ်ချိန်မှာ ဘာလို့ မ “ဝါ“စေရမှာလဲ။ စပါးပင်ရဲ့ ဗိုက်ထဲမှာ သူ့သားဆက်အတွက် သန္ဓေလေး တည်နေပြီလေဗျာ။ ဒီသန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးပြီးဖူးကားနေတဲ့အနှံကြီး ဖြစ်လာဖို့အတွက် အစာအာဟာရအလိုအပ်ဆုံး အချိန်ပေါ့ဗျာ။ လူကိုယ်ဝန်ဆောင် မိခင်တွေအထဲက ကလေးကျန်းမာရေးအတွက် အားဆေးဖြစ်တဲ့ ဖြူရာမင်ဘီစီတို့၊ အိုဘီမင်တို့၊ နို့တို့၊ကြက်ဥတို့၊ အသားတို့ စားပေးရသလိုပေါ့ဗျာ။ စပါးပင်ရဲ့ သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးပြီး ဖောင်းကားကြီးမားတဲ့ အနှံထွက်လာဖို့အတွက် အမြစ်ကစုပ်ယူတဲ့ အစာအာဟာရဓာတ်နဲ့ အရွက်ရဲ့ အစိမ်းရောင်က နေရောင်ခြည်နဲ့ချက်လုပ်တဲ့ ကာဗိုဟိုက်ဒရိတ်အစား(ဥပမာ-ဖြူရာမင်ဘီစီ၊ အိုဘီမင်၊ နို့၊ ကြက်ဥ၊အသား) များရဲ့ ၆၅ ရာခိုင်နှုန်းကို အနှံသန္ဓေကြီးထွားမှုအတွက် အသုံးချတယ်ဗျာ။ ဒီချိန်မှာ အရွက်ကဝါနေမယ်။ အစာကောင်းကောင်းမချက်လုပ်နိုင်ဘူးဆိုရင် သန္ဓေသားလေး အာဟာရချို့တဲ့ပြီး အနှံလည်း မကြီးထွား၊ အစေ့လည်းမများ၊ အောင်စေ့လည်းနည်းသွားသပေါ့ဗျာ။ ဒါကြောင့် အစာချက်လုပ်အားကောင်းအောင် ဒီအချိန် အရွက်တွေစိမ်းစိုကျန်းမာနေအောင် အထူးဂရုစိုက်ဖို့ လိုတာပေါ့ဗျာ။ ဒီအချိန်မှာ N2 ဓာတ်မြေဩဇာကျွေးဖို့လိုတာပေါ့ဗျာ။
🔹နောက် တတိယ “ဝါ“ ကတော့ နို့ရည်တည်ချိန် (ရင့်မှည့်ကာလ) မှာ စပါးရွက်တွေမဝါစေရဘူးပေါ့ဗျာ။ နို့ရည်တည်တယ်ဆိုတာ သန္ဓေသားလေး အဆင့်ဆင့်ကြီးထွားပြီး အနှံအဖြစ် အပြင်ထွက်လာတယ်။ (ကလေးမွေးပြီပေါ့ဗျာ) အနှံစုံရင် စပါးစေ့လေးတွေဟာ နံနက် ၈ နာရီကနေ ၁၁ နာရီကြားမှာ ပန်းပွင့်ပြီး သန္ဓေအောင်တယ်။ ပန်းပွင့်သန္ဓေအောင်ပြီးတာနဲ့ စပါးခွံနှစ်ခြမ်းဟာ ပြန်ပိတ်သွားတယ်။ အဲဒီစပါးခွံထဲမှာ စပါးစေ့ဟာ အဆင့်ဆင့်ဖြစ်တည်တယ်ဗျာ။အစာဖြည့်တင်းတာပေါ့ဗျာ။ ပထမနို့ရည်ကျဲကျဲ၊ တဖြည်းဖြည်းနို့ရည်ပျစ်၊ နို့ရည်ခဲ၊နောက် နို့ရည်မာ၊ နောက်ဆုံး ဆန်သားဖြစ်လာတာပေါ့။ နို့ရည်ကျဲကနေ ဆန်သားဖြစ်တဲ့ထိ သုံးပတ်ခန့်ကြာတယ်ဗျ။ ဒီအချိန်မှာစပါးခွံထဲက ဆန်သားလေး ပြည့်ပြည့်ဖြိုးဖြိုးအောင်မြင်တဲ့အစေ့ ဖြစ်လာဖို့ အစာအများဆုံး အသုံးချတာပေါ့ဗျာ။ ဘယ်ကအစာကို အသုံးချတာလဲ၊ အမြစ်ကစုပ်ယူတဲ့အာဟာရ၊ အရွက်အစိမ်းရောင်နဲ့ နေရောင်ခြည်နဲ့ချက်လုပ်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ၆၅ရာခိုင်နှုန်း အသုံးချသဗျ။ ကဲ . . . တောင်သူဦးကြီးတို့ ဆန်သားလေးဖြစ်တည်ဖို့အတွက် လိုအပ်တဲ့အစာအာဟာရကို ချက်လုပ်ပေးဖို့ တာဝန်ရှိနေတဲ့ စပါးရွက်တွေကစိမ်းမနေဘဲ “ဝါ” နေမယ်ဆိုရင် ဆန်သားလေး အစာအာဟာရငတ်ပြီပေါ့ဗျာ။ အစာအာဟာရငတ်တော့ အဆန်မအောင်၊အဆန်ချောင်၊ အဖျင်းများ၊ အထွက်ကလည်း လျှောခနဲ သွားပြီပေါ့ဗျာ။ ဒီအချိန်မှာ အရွက်တွေ စိမ်းမှောင်ကျန်းမာနေဖို့ နိုက်ထရိုဂျင်ဓာတ်မြေဩဇာကျွေး၊ ဒါမှမဟုတ် နိုက်ထရိုဂျင်များတဲ့ ရွက်ဖျန်းမြေဩဇာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖျန်းပေးဖို့လိုတာပေါ့ဗျာ။ ကဲ . . . ဟုတ်ပြီလားဗျာ။ဟောပြောပွဲအပြီး စာရေးသူနား လယ်သမားကြီးများ ဝိုင်းအုံလာကြပြီး “ကောင်းလိုက်တာဆရာရယ်၊ တစ်ခါမှမကြားဖူးတဲ့ နည်းပညာ တန်ဖိုးရှိလိုက်တာ▪️▪️ နောက်ဆက်သွယ်ဖို့ ဆရာဖုန်းနံပါတ်လေး ပေးပါဆရာ“လို့ဆိုတော့ ပီတိဖြစ်ခဲ့ရပါတယ် ⭐⭐⭐
- အောင်ဆန်း(စိုက်ပျိုးရေး)
Source: The Farmer Myanmar