menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးအရောင်းအဝယ်ရှိသော်လည်း အကြွေးစနစ်ဖြင့်ရောင်းချနေရ .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔘လက်ရှိတွင် စပါးအရောင်းအဝယ်ဈေးကွက်ရှိနေသော်လည်း ဘဏ်များက အကန့်အသတ်ဖြင့်ဖွင့်နေသဖြင့် ငွေကြေးအခက်အခဲဖြစ်ကာ အကြွေးစနစ်ဖြင့်သာ ရောင်းဝယ်နေရကြောင်း စပါးစိုက် တောင်သူများက ပြောသည်။ “ စပါးအရောင်း အဝယ်ကောင်းပေမဲ့ လက်ထဲ ငွေမရှိဘူးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဘဏ်တွေကမဖွင့်တော့ အကြွေးနဲ့ရောင်းဝယ်ရတယ်။ အခုလည်း မိုးစပါးက ခြောက်လပိုင်းဆိုစိုက်ရတော့မယ်။ လက်ထဲငွေသိပ်မရှိတော့ စိုက်ပျိုးဖို့ အခက်တွေ့နေတယ်။ မိုးစပါးအတွက် ချေးငွေထုတ်ပေးတယ်ဆိုပေမဲ့ပိုက်ဆံကလက်ထဲမရှိဘူးဖြစ်နေတယ်" ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊သပြေချောင်းကျေးရွာက ဦးဆန်းထွန်းက ပြောသည်။
🔘ယခုနှစ် စပါးပေါ်ချိန်တွင် မိုးများသည့်အတွက် အထွက်နှုန်းထိခိုက်သည့်အပြင် လမ်းများပျက်စီးသဖြင့် သယ်ယူပို့ဆောင်ရေးခက်ခဲကာ ကုန်ကျစရိတ်ပိုလာကြောင်း ၎င်းကပြောသည်။မိုးစပါးအထွက်နှုန်းက ယခင်နှစ်ထက် လျော့ကျတယ်။ အရင်နှစ်ကဆိုရင်လယ်တစ်ဧက စပါးတင်း ၈၀ ထွက်တယ်။ ဒီနှစ်တော့ တစ်ဧကကို ၅၅ တင်းလောက်ပဲထွက်တယ်။ ဒါ့အပြင် စပါးရိတ်သိမ်းခါနီးလည်း မိုးကရွာ၊ လမ်းတွေပျက်တော့ စပါးသယ်ယူခစရိတ်ကလည်း အရင်နှစ်ထက်ပိုပေးရတယ်။ အရင်နှစ်ကဆို စပါးရိတ်သိမ်းချိန်ဆိုရင် စက်တွေနဲ့ရိတ်ပြီးရင်လယ်ထဲမှာပဲ ပုံထားလို့ရတယ်။ ဒီနှစ်ကလမ်းတွေကမကောင်း၊ လယ်ထဲမှာ စပါးမထားနိုင်တော့ ကိုယ်လိုချင်တဲ့နေရာကိုပို့ပေးရတော့ စရိတ်ပိုပေးရတယ်“ဟု ဦးဆန်းထွန်းက ပြောသည်။
🔘ထို့ပြင် ယခင်နှစ်က စပါးရိတ်သိမ်းစက်ငှားရာတွင် တစ်ဧကလျှင် ကျပ် ၄၅,၀၀၀ ပေးရပြီး ယခုအခါတွင် တစ်ဧက ကျပ် ၅၅,၀၀၀ ပေးရကြောင်း ၎င်းကဆက်ပြောသည်။ စပါးများကို ပွဲရုံများရှိရာသို့ သယ်ယူရောင်းချနိုင်ခြင်းမရှိသည့် တောင်သူများထံသို့ ပွဲစားများက ကွင်းဆင်းဝယ်ရာတွင်လည်း လမ်းစရိတ်ကုန်သည်ဟုဆိုကာ စပါးကို ဈေးချဝယ်ယူကြကြောင်း တောင်သူများက ပြောသည်။ မိုးကဖျက်တော့ ကုန်းလမ်းကမကောင်းတော့ ရေလမ်းကသွားရတယ်။ အဲ့တော့ စပါးပွဲစားတွေက လမ်းစရိတ်အတွက်ဆိုပြီး စပါးရောင်းဈေး တစ်တင်းကိုအရင်က ကျပ် ၅,၂၀၀ မရတော့ဘဲ ၄,၆၀၀ ပေးတယ်။ စပါးဈေးကကျ၊ အထွက်နှုန်းလည်းကျ၊ စပါးသယ်ယူစရိတ်က ပိုများတဲ့အတွက် လယ်သမားတွေစီးပွားရေး တော်တော်အခက်အခဲ ဖြစ်လာတယ်။ ထုတ်ထားတဲ့ချေးငွေကိုလည်း မဆပ်နိုင်သေးဘူး။
🔘ဒါ့ပြင် “ကုမ္ပဏီတွေဆီကနေပြီးတော့ပိုးသတ်ဆေးတွေကို အကြွေးယူထားတာလည်း ပြန်မဆပ်နိုင် သေးဘူး” ဟု သပြေချောင်းကျေးရွာမှ အခြားလယ်သမားတစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောသည်။ ဧရာဝတီတိုင်းတွင်သာမကဘဲ ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့အပြားတွင်လည်း စပါးများကို အကြွေးစနစ်ဖြင့်သာ ရောင်းရသည့်အတွက် တောင်သူများ စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးမှ လယ်သမားတစ်ဦးက “ကိုယ့်လက်ထဲမှာ စပါးတွေကလည်း ပုံနေသလို ကြိတ်ပြီးတဲ့ဆန်တွေလည်း ရှိနေတော့ ကိုယ့်ဒေသတွင်းကလူတွေကိုပဲ အကြွေးစနစ်နဲ့ ပေးထားရတယ်။ လက်ထဲမှာလည်း ပိုက်ဆံမရှိကြတော့ လဆိုင်းစနစ်နဲ့ ရောင်းနေရတယ်” ဟုပြောသည်။
Sources : ပံဆင့်အောင်(မြန်မာတောင်သူကြီးများဂျာနယ်)