menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးသိုလှောင်မှုများလာခြင်းကြောင့် ယခင်လထက် စပါးဈေးမြင့်တက်လာ .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
↗️ ပြည်တွင်း၌ စပါးသိုလှောင်သည့်ရာသီချိန်ဖြစ်ပြီး စပါးအထွက်နှုန်းကျဆင်းနိုင်သည်ဟု ခန့်မှန်းကာ လှောင်လက်များ၊ ဆန်စက်များကအပြိုင်ဝယ်ယူကြခြင်းကြောင့် နိုဝင်ဘာပထမပတ်တွင် စပါးဈေးမှာ ယခင်လထက် ဈေးမြင့်တက်လာကြောင်း စပါးဈေးကွက်မှသိရသည်။
↗️ ပြီးခဲ့သည့် အောက်တိုဘာလက စပါးတင်း ၁၀၀ လျှင် ပျမ်းမျှငွေကျပ် ၉၀၀,၀၀၀ - ၁,၁၀၀,၀၀၀ ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာက လက်ရှိတွင် ငွေကျပ် ၁,၂၀၀,၀၀၀ မှ ၁,၅၀၀,၀၀၀ ဝန်းကျင်ထိ ရှိလာသည်ဟုဆိုသည်။
↗️ “လှောင်လက်တွေ အဝယ်များလာတယ်။ အရောင်းအဝယ်သဘောအရ ဝယ်လိုအားများရင် ဈေးမြင့်လာတာပဲ။ တချို့တောင်သူတွေဆိုရင် ထွက်တဲ့စပါးရဲ့တစ်ဝက်နီပါးလောက်ရောင်းပြီးကုန်ပြီ။ သူတို့လက်ထဲ ကြာကြာမထားနိုင်ကြဘူး။ စပါးဈေးတက်မှ တောင်သူတွေ ကုန်ကျတဲ့စိုက်ပျိုးစရိတ်ကို ကာမိပါမယ်”ဟု စပါးကုန်သည်တစ်ဦးက ပြောသည်။
↗️ နိုဝင်ဘာ ပထမအပတ်တွင် စပါးတင်း ၁၀၀ ပေါက်ဈေးများမှာ မနောသုခ ၁,၂၅၀,၀၀၀ကျပ် ဝန်းကျင်၊ ဆင်းသုခ(၁,၃၀၀,၀၀၀)ကျပ် ဝန်းကျင်၊ ပေါ်ဆန်း(၁,၄၅၀,၀၀၀)ကျပ်ဝန်းကျင်၊ တောင်ပျံ(၁,၅၀၀,၀၀၀) ကျပ်ဖြစ်ပြီး အခြားသောစပါးများမှာလည်း ယခင်လထက် ဈေးနှုန်းမြင့်လာရာ ဒေသတစ်ခုနှင့်တစ်ခု ပေါက်ဈေးအနည်းငယ်ကွာဟကြောင်း သိရသည်။
↗️ “စပါးကအစိုနှင့်အခြောက်ရှိပြီး အခြောက်ကဈေးပိုတယ်။ စက်ထဲအရောက်ဈေးနဲ့ တောင်သူနေရာမှာ ဝယ်တဲ့ဈေးလည်း မတူဘူးပေါ့။ စပါးအဝယ်များလေ ဈေးတက်လေပဲ။ ဈေးကျမယ်ထင်လို့ မဝယ်ဘဲ အခြေအနေစောင့်ကြည့်နေသူတွေလည်းရှိတယ်။ တောင်သူတွေဆီ စပါးမရှိတော့ချိန် ဈေးတက်တတ်လို့ ခုချိန်ဝယ်နေကြတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။
↗️ လှောင်လက်များနှင့် ဆန်စက်များက ဝယ်ယူမှုများပြားလျက်ရှိသော်လည်း အချို့တောင်သူများက အနည်းငယ်သာရောင်းချပြီး စပါးဈေးထပ်မံတက်လာမည့်အခြေအနေ စောင့်နေသူများလည်းရှိကြောင်း၊ ပြီးခဲ့သည့်စပါးစိုက်ချိန်က သွင်းအားစုဈေးနှုန်းများ ၃ ဆကျော် မြင့်တက်ခဲ့၍ စိုက်စရိတ်ကြီးမြင့်လာခြင်း နှင့် စပါးအထွက်နှုန်းလျော့ကျနိုင်သည်ဟု ခန့်မှန်းမှုများကြောင့် စပါးဈေးမြင့်လာကြောင်း ကုန်သည်အချို့က သုံးသပ်ကြသည်။
↗️ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း