menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တောင်သူလယ်သမားများအတွက် အောက်တိုဘာလ သိမှတ်စရာများ
အောက်တိုဘာလတွင် တောင်သူ လယ်သမားကြီးများ အတွက် သိမှတ်စရာများကို ရေးသားလိုပါသည်။ ပထမဦးဆုံး မိုးစပါး နှင့်ပတ်သက်ပြီး ဖော်ပြလိုသည်။ မြန်မာနိုင်ငံ တစ်နံတစ်လျား တောင်မြောက်အတိုင်းအတာက ရှည်လျားသည်။ မိုးရွာသွန်းမှု မှာ တောင်ပိုင်းကစသည်။ အလယ်ပိုင်း၊ မြောက်ပိုင်းသို့ တဖြည်းဖြည်းမိုးရွာလာသည်။
စပါးစိုက်ပျိုးမှုက မိုးရွာသွန်းမှုအပေါ် မူ တည်သည်။ စောစောမိုးရွာလျင် မိုးစပါးကို စောစောစိုက်သည်။ ထို့ကြောင့် ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် တောင်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်တို့က ဇွန်လတွင်ထွန်တုံးပိတ်သော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက် ပိုင်းတို့က ဩဂုတ်လရောက်သည်ထိ ထွန်တုံးမပိတ်နိုင်သေးသည့် ဒေသများရှိနေခဲ့ကြောင်း သိရပါသည်။ စပါးသီးနှံတွင် အထွက် မိတ်ဖက်လေးချက်ရှိသည်။ အားလုံးကောင်းမှစပါးအထွက်ကောင်းမည်။ စပါးစိုက်ပျိုးသူတိုင်းသိထားသင့်သည်။
အထွက်မိတ်ဖက် (
YieldComponents
) များမှာ-
(၁) ယူနစ်ဧရိယာတစ်ခုအတွင်းရှိ စပါးနှံပေါင်း၊
(၂) စပါးတစ်နှံတွင်ရှိသော အစေ့ပေါင်း၊
(၃) အောင်မြင်ရင့်မှည့်သည့် စပါးစေ့ရာနှုန်းနှင့်
(၄)အစေ့ ၁çဝဝဝ အလေးချိန်တို့ ဖြစ်ပါသည်။
အထွက်မိတ်ဖက် လေးချက်လုံးကောင်းရန် စပါးပင်ကြီးထွားမှုကာလ (Growth Phases) များကို သိထားရန် လိုပြန်သည်။ သို့မှသာ ကြီးထွားကာလအလိုက်ဆောင်ရွက် ရန် လိုအပ်သည်များကို ပြည့်စုံ မှန်ကန်အောင် လုပ်ကိုင်နိုင်ပါမည်။
စပါးသီးနှံပင်တွင် ကြီးထွားမှု ကာလသုံးခုရှိသည်။ ၎င်းတို့မှာ-
(၁) ပင်ပိုင်းကြီးထွားသည့် ကာလ (
Vegetative Phase
) ၊
(၂) မျိုးပွား ပိုင်းကြီးထွားသည့် ကာလ (
Reproductive Phase
) နှင့်
(၃) ရင့်မှည့်သည့် ကာလ (
Ripening Phase
) တို့ ဖြစ်ပါသည်။
မိုးစပါးစိုက်ချိန် မည်သို့ပင် မတူညီစေကာမူ မိုးစပါးစိုက်ဧရိယာအများစုမှာ မျိုးပွားပိုင်းကြီးထွားသည့်ကာလ(Reprod-uctive Phase) ကို ရောက်ရှိသည့်ကာလဖြစ်နိုင်သည်။ မိုးစပါး အထွက်ကောင်းရန်မှာ ကြီးထွားကာလ သုံးခုလုံးတွင် ကြီးထွားကာလအလိုက် စပါးအ ထွက်နှုန်းမိတ်ဖက် (Yield Components)အပေါ်အကျိုးပြုနိုင်မှုများကို အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်သည်။
“မျိုးပွားပိုင်းကြီးထွားတဲ့ ကာလဟာ စပါးအထွက်နှုန်း မိတ်ဖက်တစ်ခုဖြစ်တဲ့ တစ်နှံရှိ စပါးအစေ့အရေအတွက်များဖို့ အရေးကြီးတဲ့ ကာလ ဖြစ်ပါတယ်”
ဤသည်ကို တောင်သူလယ်သမားကြီးများ သတိမူသင့်ပါသည်။ စပါးတစ်နှံရှိအစေ့အရေအတွက် (Grainsper panicle)ကို အဆုံး အဖြတ်ပြုတာက ဤမျိုးပွားပိုင်းကြီးထွားသည့်ကာလမှာ ဖြစ်သည်။ စပါးတစ်နှံမှာ အစေ့အရေအတွက်များလေ တစ်ဧက စပါးအထွက် များဖို့ အခွင့်အလမ်းများလေ ဖြစ်ပါသည်။ စိုက်ချိန်စောသည့် အချို့စပါးစိုက်ခင်းများမှာမူ ရင့်မှည့်သည့်ကာလ (Ripening Phase) သို့ ပင်ရောက်ရှိပြီ ဖြစ်နိုင်သည်။ ဤကြီးထွားကာလက အဆုံးအဖြတ်ပြုသည့် စပါးအထွက်နှုန်းမိတ်ဖက်ကိုလည်း သိထားသင့်သည်။အကြိမ် ကြိမ်အခါခါ ဤသို့ရှင်းလင်းပြောပြဖူးပါသည်။
“ရင့်မှည့်တဲ့ကာလဟာ စပါးအထွက်နှုန်း မိတ်ဖက်များဖြစ်တဲ့ စပါးစေ့အောင်မြင်မှု ရာခိုင်နှုန်းများဖို့နဲ့ အစေ့ ၁ဝဝဝ အလေး ချိန်များဖို့တို့အတွက် အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်”
ဤကာလသည် တစ်ဧကစပါးအထွက်နှုန်းမြင့်မားရေးအတွက် အထူးဂရုစိုက်ရမည့်အချိန်ကာလများ ဖြစ်ပါသည်။ ရိတ်သိမ်းတော့မည့် စပါးခင်းများ အလေအလွင့်နည်းပါးစေရေးအတွက် ရိတ်သိမ်းချိန်မှန်တွင်ရိတ်ရန် အကြံပြုလိုသည်။ စပါးအနှံများရှိစပါးစေ့များ၏ ရာခိုင် နှုန်း ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင် ဖြစ်ပေါ်ချိန်သို့ရောက်မှ ရိ်တ်သိမ်းရန်ဖြစ်သည်။ ထို့နောက် ရိတ်သိမ်းပြီးလျှင်ပြီးချင်း မြန်မြန် ခြွေလှေ့ရန် ဖြစ်ပါသည်။ ယခုအခါ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနိုင်ရေးကို ဒေသအများစုတွင် အခြေအနေပေးနေကြောင်း သိရသည်။ အလေအလွင့်နည်းစေသည့်အခွင့်ကောင်းဖြစ်သည်။ ရိတ်သိမ်းစဉ်၊ ခြွေလှေ့စဉ်၊ သယ်ယူပို့ဆောင်စဉ်တို့တွင် ဖြစ်ပေါ်နိုင်သည့် လေလွင့်မှုများကို ကာကွယ်ပြီးသား ဖြစ်သွားမည်။ အလေအလွင့်နည်းအောင် ဆောင်ရွက်ခြင်းသည် စပါးအထွက်တိုးအောင် ဆောင်ရွက် နည်းလမ်း တစ်ခုပင်ဖြစ်ပါသည်။
အကျိုးဆောင် တောင်သူလယ်သမားကြီးများသည် ဌာနဆိုင်ရာ၏အကူအညီဖြင့် မျိုးသန့်ထုတ်သည့် စပါးခင်းများ စိုက်ပျိုးထားရာ အဆိုပါ မျိုးစေ့ထုတ် စိုက်ပျိုးသည့် စပါးစိုက်ခင်းများအတွက် အဓိကထားရမည့် လုပ်ငန်းများကိုလည်း အသိပေးပြောကြားလိုပါသည်။
စပါးစိုက်ခင်းတွင် အလေ့ကျစပါးပင်များ ရှိနိုင်သည်။ စပါးမျိုးမှာလည်း မတူကွဲပြားသည့်မျိုးများပါလာနိုင်သည်။ စိုက်ပျိုးထားသည့်မျိုးနှင့် မတူသည့် မျိုး အားလုံးသည် မျိုးကွဲများသာဖြစ်သည်။ သို့ဖြစ်၍ မျိုးကွဲနုတ်ပယ်သည့် လုပ်ငန်းကို ပီပီပြင်ပြင်ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။စပါးပင် အနှံများ ကြီးထွားဖွံ့ဖြိုးချိန်ရောက်မှ မျိုးကွဲအနှံများကို လိုက်လံနုတ်ပယ်ရန်ဖြစ်သည်ဟု အများစုက နားလည်နေကြသည်။ ထိုမျှနှင့် မလုံလောက်ချေ။ ပင်ပွားအများဆုံးထွက်ချိန်ကပင် စိုက်ပျိုးထားသော စပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်း မှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့် အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံထောင့်အကျဉ်း၊ အကျယ် ကွာခြား သောအပင်များကို မျိုးကွဲအပင်များဟု မှတ်ယူကာ စနစ်တကျ အခါခါစစ်ဆေးနုတ်ပယ်ရမှာ ဖြစ်ပါသည်။
ထို့ပြင် ဆက်လက်၍ ပန်းပွင့်ချိန်မှသည် မရိတ်သိမ်းမီအချိန်တို့၌ မျိုးစစ်မှန်သောစပါးအနှံနှင့် ကွဲပြားခြားနားသောစပါးနှံများ၊ ရောဂါကျ ရောက်သော အပင်/အနှံများတို့ကို ကုန်စင်အောင် နုတ်ပယ်ရန်ဖြစ်ပါသည်။
ဤကာလတွင် ထပ်မံ၍ ယာသီးနှံများစိုက်ပျိုးရေးအတွက် ပြောကြားလိုသည်များလည်း ရှိပါသည်။ ယခုအချိန်သည် ဆောင်းသီးနှံများ စိုက်ပျိုးသင့်သည့််ကာလဖြစ်သည်။ ယာမြေတွင်မိုးသီးနှံရိတ် သိမ်းအပြီး ဆောင်းသီးနှံစိုက်ကြမည်။လယ်မြေတွင် မိုးစပါးရိတ်သိမ်းအပြီး စိုက်ကြမည်။ တစ်သီးစားဖြင့် ကျေနပ်ရမည့် အခြေအနေ အချိန် အခါ မဟုတ်တော့ချေ။ယာမြေတွင်လည်း နှစ်သီး၊ လယ်မြေတွင်လည်း နှစ်သီးလောက်တော့ အနည်းဆုံးစိုက်သင့်သည်။ အစိုဓာတ် မဆုတ် ယုတ်မီ စိုက်ရန်လိုပါသည်။ ဖြစ်နိုင်လျှင် သုံးသီးစိုက်နိုင်အောင် အချိန်လုရမည်။
သို့ဖြစ်၍အောက်တိုဘာလအတွင်း ဆောင်းသီးနှံတစ်မျိုးမျိုး ကို လယ်မြေမှာဖြစ်စေ၊ ယာမြေမှာဖြစ်စေ စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်သင့်ပါသည်။ မည်သည့်ဆောင်းသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ မျိုး ကောင်းမျိုးသန့်ကို အသုံးပြုရန် လိုသည်။
ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသောမျိုး ဖြစ်သင့်သည်။ သက်လျင်၍အထွက်ကောင်းသောမျိုး ဖြစ်ရမည်။ ဈေးကွက်ရှိရန်လည်း လိုသည်။ အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသောမျိုး ဖြစ်သင့်ပါသည်။ မြေသားဖွဲ့စည်းတည်ရှိမှုနှင့် အစို ဓာတ်အခြေအနေအရ ပုံမှန်ထွန်ရေးပြုပြင်စိုက်ပျိုးခြင်း (Conventional tillage) ထက်ထွန်ရေး အနည်းငယ်သာ ပြုပြင်စိုက်ပျိုးခြင်း (Minum tillage) က ပို၍သင့်တော်နိုင်သည်။ ထွန်ရေးမဲ့စိုက်ပျိုးခြင်း (Zero tillage) ကိုလည်း အခြေအနေအရ အသုံးပြုနိုင်သည်။ အရေးကြီးသည်မှာ သီးနှံပင် သက်တမ်းတစ်လျှောက်တွင် မြေတွင်းအစိုဓာတ်ထိန်းသိမ်းတည်ရှိ နေစေနိုင်မည့် ထွန်ရေးပြုပြင်မှုကို ပြုလုပ်စိုက်ပျိုးကြရန် ဖြစ်ပါသည်။
မောင်ဖူးဝေ(တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်
အတွဲ ၂၅၊ အမှတ် (၃၇၃)၊ အောက်တိုဘာ ၇ - ၁၃၊ ၂၀၁၉ ခုနှစ်