menu

ဘတ်စျေးနှင့်ငွေလဲနှုန်း တက်လာသောကြောင့် ပြောင်းစျေးပြန်တက်လာ .....


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

☑️ ဘတ်စျေးနှင့် ငွေလဲနှုန်းတက်လာသည့်အတွက် ပြောင်းစျေးပါ လိုက်လံမြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် ပြောင်းကို မြ၀တီနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့ နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြောင်းစျေးတက်နေသည့်အပြင် မြန်မာငွေစျေးကျကာ ထိုင်းဘတ်ငွေ မြင့်တက်နေသည့်အတွက် ပြည်တွင်းပြောင်းစျေးမှာမြင့်တက်လာခြင်းဖြစ်သည်။ 

☑️ “ပြောင်းစျေး တက်လာပါတယ်။ အဓိက အချက်သုံးချက်ကြောင့် စျေးတက်လာတာပါ။ နံပါတ်တစ် ထိုင်းနိုင်ငံမှာလဲ ပြောင်းစျေးတက်နေတယ်။ ငွေလဲနှုန်းလဲ တက်နေတယ်။ နောက်ပြီး ထိုင်းက ဝယ်လိုအားများနေတယ်။ ဒါကြောင့် စျေးတက်လာတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင် နာယက ဉီးမင်းခိုင်ထံမှ သိရသည်။

☑️ ပြီးခဲ့သည့်လက ရန်ကုန်စျေး ပြောင်းတစ်ပိဿာလျှင် ၁,၁၇၀ ကျပ်သာရှိခဲ့ပြီး လက်ရှိ ပြောင်းတစ်ပိဿာ လျှင် ၁,၂၀၀ ကျော် ထိတက်လာကြောင်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် ပြောင်း ၁၅ကီလို တစ်ပုံး လျှင် ၁၇၀ဘတ်ကျော်ထိ ပေါက်စျေးရှိနေကြောင်း သိရသည်။ “ထိုင်းနိုင်ငံမှာက ၁၅ကီလို တစ်ပုံးကို ၁၇၀ကျော်တယ်။ ဒါပေမဲ့ တိတိကျကျမရှိဘူး။ ကြိုက်စျေးနဲ့ ရောင်းတာများတယ်။ နောက်ပြီး မြဝတီမှာ မြန်မာငွေနဲ့ ရောင်းနေတာတွေလည်းရှိတယ်။ အပြင်စျေးဆိုပြီး စျေးသပ်သပ်ရှိတယ်” ဟု ပြောင်း Exporter တစ်ဦး ကပြောသည်။ 

☑️ ပြီးခဲ့နှစ်က မြဝတီသို့ ပြောင်းတန်ချိန်သုံးသိန်းထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပြီး ယခုနှစ် မြဝတီသို့ ပြောင်းတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ကာလတူနှင့်ယှဉ်ပါက တင်ပို့မှုမှာလျော့ကျနေကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ နယ်စပ်မှပြောင်းတင်ပို့မည်ဆိုပါက တင်ပို့မည့် ကားနံပါတ်၊ ကားအမျိုးစား၊ ဘယ်ဂိုဒေါင်မှ တန်ချိန်ဘယ်လောက်ဖြင့် မည်သည့်နယ်စပ်ဂိတ်ကိုဖြတ်မည် စသော အချက်အလက်များကို တင်ပြနေရပြီး တင်ပို့ခွင့်ပြန်ကျလာမှသာ တင်ပို့ခွင့်ရမည်ဖြစ်သောကြောင့် ကားငှါးရသည့်ရက် ကြာမြင့်ကာ ကုန်ကျစရိတ်များနေကြောင်း အချို့ကုန်သည်တချို့ထံမှသိရသည်။

☑️ ပြီးခဲ့သည့်လက မြဝတီနယ်စပ်မှတဆင့် တင်ပို့ရာတွင် ထပ်တိုးမူဝါဒများကြောင့် စျေးကွက် မတည်ငြိမ်ဖြစ်ကာ ပြည်တွင်းပြောင်းစျေးနှုန်းများကျဆင်းခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းမှ ပြောင်းစေ့များ ကို ထိုင်းနိုင်ငံသို့ အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပေးထာခြင်းဖြစ်ကြောင်း သိရသည်။ 

☑️ နှစ်စဉ် ပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်သည့်ပြောင်းတန်ချိန် တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိကြောင်း သိရပြီး ထိုင်း နှင့် တရုတ်သို့ အဓိကတင်ပို့ကာ ပင်လယ်ရေကြောင်းမှတဆင့် Normal Trade အနေဖြင့် အိန္ဒိယ နှင့်ဗီယမ်နမ် ဘက်သို့ အနည်းငယ်သာ တင်ပို့နေကြောင်းလည်း သိရသည်။

☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : အက္ခရာ ( AMIA)